နာမည္ႀကီးပုဂၢိဳလ္မ်ား

ခင်ပွန်းသည်ကို ချစ်စရာစာသားလေးတွေနဲ့ အပီချုပ်လိုက်တဲ့ စန္ဒီမြင့်လွင်

ဒီးဒီကေတာ့ Hip_Hop သီခ်င္းေတြကို သီဆိုတဲ့ေနရာမွာေရာ သရုပ္ေဆာင္တဲ့ေနရာမွာပါ ေပ်ာ္စရာမရိွေအာင္အဆင္ေျပတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ သူရဲ႕ အႏုပညာလုပ္ရွားမႈေတြဟာ အခုေနာက္ပိုင္းမွာ အေရအတြက္ နည္းနည္းက်ဲလာပါတယ္။ သူကေတာ့ အခုခ်ိန္ဆိုရင္ ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ကို လည္းပိုင္ဆိုင္ထားခဲ့ၿပီး ျဖစ္ပါတယ္။ သူရဲ႕ သမီးေလးကိုေတာ့ Treasure Lwin လို႔ ေပးထားပါတယ္။ သမီးေလး ခ်စ္စရာေကာင္းတဲ့ပံုကေတာ့ တကယ့္ကို ေျပာျပစရာမလိုပါဘူး ။

ၿပီးခဲ့တဲ့ ရက္ ၇ ရက္ ၁၁လ ၂၀၁၉ ရက္ေန႔ သူရဲ႕ Facebook Page မွာ မိခင္ေတြအားလံုးရဲ႕ ကိုယ္စားျပဳၿပီး စာေလးေတြတင္ခဲ့ပါတယ္။ အဲ့ဒီစာေလးကေတာ့ “သို႔ ေဖေဖ အလုပ္ၿပီးတဲ့အခါ အိမ္ကို တန္းတန္းမတ္မတ္ ျပန္လာခဲ့ေပးပါ။ မီးမီးနဲ႔ ေမေမ ေဖေဖ့ကို ေစာင့္ေနပါတယ္။ အိမ္ျပန္ေရာက္ရင္ တေန႔လုံး ကေလးထိန္းရတဲ့ ေမေမ့ကို ဝိုင္းကူေပးရင္ ေမေမက အရမ္းေပ်ာ္ပါတယ္။ ေမေမက ဟင္းခ်က္ရင္ ေဖေဖက ပန္းကန္ဝိုင္းကူေဆးေပးပါေနာ္။ ေမေမက အဝတ္ေလွ်ာ္ရင္ ေဖေဖက မီးပူတိုက္ေပးပါ။

ကေလးေမြးလိုက္ရလို႔ ေမေမက မလွေတာ့ဘူး။ ေမေမက ဝလာတယ္ဆိုၿပီး မၿငိဳျငင္ပါနဲ႔ေနာ္။ ေမေမ့ကို ပိုခ်စ္ေပးပါ။ တခါတေလ ညဘက္ မီးမီး အိပ္မေပ်ာ္လို႔ ေအာ္မိရင္ ေမေမ့ကို မႏိုးဘဲ ေဖေဖက ေခ်ာ့သိပ္ေပးပါေနာ္။ေဖေဖ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္သလို ေမေမ့ကိုလည္း သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ခြင့္ေပးပါေနာ္။ အဲဒီအခ်ိန္မွာ ေဖေဖက မီးမီးကို တစ္လွည့္ထိန္းေပးပါ။ေမေမ ဝမ္းနည္းရတဲ့အခါတိုင္း ေမေမ့ကို ေဖေဖ အျပစ္မတင္ပါနဲ႔ေနာ္။ ေမေမအနားမွာေနၿပီး ေမေမ့ကို အားေပးေပးပါေနာ္။ေမေမအားလုံး ကိုယ္စားခ်စ္တဲ့ ေမေမဒီး”ဆိုၿပီး ေရးသားခဲ့ၿပီး ဖခင္ျဖစ္တဲ့ သူေတြကိုလည္း သတိေပးစကားေလးဆိုထားတာျဖစ္ပါတယ္။

ဖခင္အားလံုးလည္း ဒီးဒီရဲ႕ စကားေလးေတြကိုလိုက္နာၿပီး သာယာလွပတဲ့ မိသားစုဘဝေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ အားလံုးကို ဆႏၵျပဳေပးလိုက္ပါတယ္။ အားလံုးအျမင္ေလးေတြကိုလည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦးေနာ္ ။Credit-burmese.asia

Unicode

ဒီးဒီကတော့ Hip_Hop သီချင်းတွေကို သီဆိုတဲ့နေရာမှာရော သရုပ်ဆောင်တဲ့နေရာမှာပါ ပျော်စရာမရှိအောင်အဆင်ပြေတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ အနုပညာလုပ်ရှားမှုတွေဟာ အခုနောက်ပိုင်းမှာ အရေအတွက် နည်းနည်းကျဲလာပါတယ်။ သူကတော့ အခုချိန်ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို လည်းပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။ သူရဲ့ သမီးလေးကိုတော့ Treasure Lwin လို့ ပေးထားပါတယ်။ သမီးလေး ချစ်စရာကောင်းတဲ့ပုံကတော့ တကယ့်ကို ပြောပြစရာမလိုပါဘူး ။

ပြီးခဲ့တဲ့ ရက် ၇ ရက် ၁၁လ ၂၀၁၉ ရက်နေ့ သူရဲ့ Facebook Page မှာ မိခင်တွေအားလုံးရဲ့ ကိုယ်စားပြုပြီး စာလေးတွေတင်ခဲ့ပါတယ်။ အဲ့ဒီစာလေးကတော့ “သို့ ဖေဖေ အလုပ်ပြီးတဲ့အခါ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာခဲ့ပေးပါ။ မီးမီးနဲ့ မေမေ ဖေဖေ့ကို စောင့်နေပါတယ်။ အိမ်ပြန်ရောက်ရင် တနေ့လုံး ကလေးထိန်းရတဲ့ မေမေ့ကို ဝိုင်းကူပေးရင် မေမေက အရမ်းပျော်ပါတယ်။ မေမေက ဟင်းချက်ရင် ဖေဖေက ပန်းကန်ဝိုင်းကူဆေးပေးပါနော်။ မေမေက အဝတ်လျှော်ရင် ဖေဖေက မီးပူတိုက်ပေးပါ။

ကလေးမွေးလိုက်ရလို့ မေမေက မလှတော့ဘူး။ မေမေက ဝလာတယ်ဆိုပြီး မငြိုငြင်ပါနဲ့နော်။ မေမေ့ကို ပိုချစ်ပေးပါ။ တခါတလေ ညဘက် မီးမီး အိပ်မပျော်လို့ အော်မိရင် မေမေ့ကို မနိုးဘဲ ဖေဖေက ချော့သိပ်ပေးပါနော်။ဖေဖေ သူငယ်ချင်းတွေနဲ့ အပြင်ထွက်သလို မေမေ့ကိုလည်း သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ပေးပါနော်။ အဲဒီအချိန်မှာ ဖေဖေက မီးမီးကို တစ်လှည့်ထိန်းပေးပါ။မေမေ ဝမ်းနည်းရတဲ့အခါတိုင်း မေမေ့ကို ဖေဖေ အပြစ်မတင်ပါနဲ့နော်။ မေမေအနားမှာနေပြီး မေမေ့ကို အားပေးပေးပါနော်။မေမေအားလုံး ကိုယ်စားချစ်တဲ့ မေမေဒီး”ဆိုပြီး ရေးသားခဲ့ပြီး ဖခင်ဖြစ်တဲ့ သူတွေကိုလည်း သတိပေးစကားလေးဆိုထားတာဖြစ်ပါတယ်။

ဖခင်အားလုံးလည်း ဒီးဒီရဲ့ စကားလေးတွေကိုလိုက်နာပြီး သာယာလှပတဲ့ မိသားစုဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အားလုံးကို ဆန္ဒပြုပေးလိုက်ပါတယ်။ အားလုံးအမြင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါဦးနော် ။Credit-burmese.asia

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close