နာမည္ႀကီးပုဂၢိဳလ္မ်ား
ပက်ပက်စက်စက် အသည်းကွဲချင်တယ်ဆိုတဲ့ ပိုပို
Unicode
ဘယ်လိုတွေတောင် ပြောလိုက်တာလဲ ပိုလေးရယ်။ပိုပိုက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပို့စ်လေးတစ်ခု တင်ခဲ့ပါတယ်။ အဲ့ဒီပို့စ်လေးမှာ ရေးထားတဲ့ စာသားလေးတွေက အဆန်းပါပဲ။ လက်ရှိမှာ သူမအနေနဲ့ ပက်ပက်စက်စက် အသည်းကွဲချင်တယ်ဆိုပြီး ပြောထားတာပါ။
တစ်ခါတလေ လွန်ခဲ့တဲ့ ၁နှစ် ၂နှစ်ကလို ပက်ပက်စက်စက်အသည်းကွဲချင်ပါတယ်တဲ့။ အခုလက်ရှိမှာ အသည်းကွဲသီချင်းဆိုရတာ ဖီးလ်မရှိတော့သလို ဖြစ်နေတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
“တစ်ခါတလေ လွန်ခဲ့တဲ့ ၁နှစ် ၂ နှစ် ကလို ပက်ပက်စက်စက် အသည်းကွဲ ချင်တယ်သီချင်းတွေရေးချင်လို့အသည်းကွဲ သီချင်းဆိုရတာလဲ Feel မလာဘူးဖြစ်နေလို့I miss my feeling” ဆိုတဲ့ စာသားလေးကို Feeling Crazy လို့ ပြောပြီး တင်ထားတာဖြစ်ပါတယ်။
သူမရဲ့ ပရိသတ်တွေက သူမတင်ထားတဲ့ စာသားလေးအောက်မှာလည်း ကောမန့်လေးတွေ မျိုးစုံပေးထားကြတာ တွေ့ရပါတယ်။
ပရိသတ်တွေထဲက ပရိသတ်တစ်ယောက်က သူမကို “ရည်းစားများများထားလိုက်” ဆိုပြီး ပြောထားတဲ့အပေါ်မှာ ပိုပိုက “မှတ်ထား တစ်ယောက်တည်းကို စုပုံ မချစ်နိုင်ရင် အသဲ ဘယ်တော့မှမကွဲဘူး”ဆိုပြီး မှတ်ချက်ပြန်ပေးထားတာတွေ့ရပါတယ်။
ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့သလို “မင်းကိုမချစ်လို့မဟုတ်ဘူး” ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။Credit-aungparsay
Loading...
Show More
Related Articles
Leave a Reply
Your email address will not be published. Required fields are marked *
Back to top button
Close