နာမည္ႀကီးပုဂၢိဳလ္မ်ား

ဂုဏ်သိက္ခာကြီးမားတဲ့ Myanmar’s Pride ဆုပေးပွဲကြီးရဲ့ဆန်ကာတင်စာရင်းမှာရှိနေတဲ့ နာမည်ကြီးမင်းသမီး(၂)ဦး

Myanmar’s Pride ဆုေပးပြဲႀကီးဟာ က႑အသီးသီးမွာထူးခြၽန္ထက္ျမက္တဲ့သူေတြကို ဆုေတြေပးအပ္ေလ့ရွိတဲ့ ပြဲႀကီးတစ္ပြဲျဖစ္ပါတယ္။မႏွစ္ကစၿပီးေတာ့က်င္းပျပဳလုပ္လာခဲ့တာျဖစ္ၿပီး ထူးခြၽန္ထက္ျမက္တဲ့ေ႐ႊျမန္မာေတြကို အသိအမွတ္ျပဳဆုခ်ီးျမႇင္တဲ့ ဂုဏ္သိကၡာႀကီးမားတဲ့ ပြဲႀကီးတစ္ခုပါ။ဒီပြဲဟာလက္ရွိအခ်ိန္မွာဆန္ကာတင္စာရင္းကိုထုတ္ျပန္ခဲ့ၿပီျဖစ္ၿပီး ကိုယ္အားေပးတဲ့သူကို မဲေပးလို႔ရေနၿပီျဖစ္ပါတယ္။


႐ုပ္ရွင္အႏုပညာက႑မွာေတာ့ ျပည္သူခ်စ္တဲ့ဒိတ္ဒိတ္ႀကဲမင္းသမီး(၂)ဦးကေတာ့ ဆန္ကာတင္စာရင္းထဲ အၿပိဳင္အဆိုင္ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။သူတို႔ႏွစ္ဦးကေတာ့ ဝတ္မႈန္ေ႐ႊရည္နဲ႔ပိုင္ၿဖိဳးသု ျဖစ္ပါတယ္။ဝတ္မႈန္ေ႐ႊရည္ကေတာ့ ႐ုပ္ရွင္ေလာကမွာ ဆယ္စုႏွစ္ေက်ာ္ရပ္တည္ထားသလို ထိပ္တန္းမင္းသမီးအျဖစ္ေအာင္ျမင္မႈအရွိန္ကို ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။အကယ္ဒမီဆု(၂)ဆုကိုပိုင္ဆိုင္ထားၿပီးႏိုင္ငံတကာမွ အသိအမွတ္ျပဳဆုေတြကိုရရွိထားတဲ့ ျမန္မာႏိုင္ငံရဲ႕ရွားရွားပါးပါးမင္းသမီးတစ္လက္ျဖစ္ပါတယ္။

ပိုင္ၿဖိဳးသုကလည္းပဲ ဝါရင့္မင္းသမီးတစ္လက္မဟုတ္ေပမဲ့ တစ္ဟုန္ထိုးေအာင္ျမင္မႈရရွိလာသူမင္းသမီးေလးပါ။သ႐ုပ္ေဆာင္ပိုင္ႏိုင္လြန္းတယ္လို႔ ပရိသတ္ေတြသာမကပညာရွင္ေတြကပါလက္ခံထားၾကတဲ့ဒီမင္းသမီးေလးဟာ အကယ္ဒမီဆု(၁)ဆုကိုလည္းရရွိထားပါေသးတယ္။မၾကာေသးခင္ကလည္း ႐ုပ္ရွင္သ႐ုပ္ေဆာင္ျခင္းနဲ႔ပတ္သက္လို႔ နယူးေယာက္မွာ ထပ္မံပညာသင္ၾကားၿပီး Diploma in Acting ကိုရရွိထားတာျဖစ္ပါတယ္။

ဒီလိုေအာင္ျမင္မႈအသီသီးရရွိထားတဲ့မင္းသမီးေခ်ာႏွစ္ဦးထဲက Myanmar’s Pride ဆုေပးပြဲႀကီးရဲ႕ (၂၀၁၉) ခုႏွစ္အတြက္ ႐ုပ္ရွင္အႏုပညာက႑မွာ ဘယ္သူဆုရရွိမလဲဆိုတာစိတ္ဝင္စားစရာပါ။ ပရိသတ္ႀကီးကေရာ ကစ္ကစ္လား သုသုေလးကိုလား ဆိုတာေ႐ြးရခက္ေနၿပီလားေနာ္….။Credit-aungparsay

Unicode

Myanmar’s Pride ဆုပေးပွဲကြီးဟာ ကဏ္ဍအသီးသီးမှာထူးချွန်ထက်မြက်တဲ့သူတွေကို ဆုတွေပေးအပ်လေ့ရှိတဲ့ ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။မနှစ်ကစပြီးတော့ကျင်းပပြုလုပ်လာခဲ့တာဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ရွှေမြန်မာတွေကို အသိအမှတ်ပြုဆုချီးမြှင်တဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ပွဲကြီးတစ်ခုပါ။ဒီပွဲဟာလက်ရှိအချိန်မှာဆန်ကာတင်စာရင်းကိုထုတ်ပြန်ခဲ့ပြီဖြစ်ပြီး ကိုယ်အားပေးတဲ့သူကို မဲပေးလို့ရနေပြီဖြစ်ပါတယ်။

ရုပ်ရှင်အနုပညာကဏ္ဍမှာတော့ ပြည်သူချစ်တဲ့ဒိတ်ဒိတ်ကြဲမင်းသမီး(၂)ဦးကတော့ ဆန်ကာတင်စာရင်းထဲ အပြိုင်အဆိုင်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။သူတို့နှစ်ဦးကတော့ ဝတ်မှုန်ရွှေရည်နဲ့ပိုင်ဖြိုးသု ဖြစ်ပါတယ်။ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်လောကမှာ ဆယ်စုနှစ်ကျော်ရပ်တည်ထားသလို ထိပ်တန်းမင်းသမီးအဖြစ်အောင်မြင်မှုအရှိန်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။အကယ်ဒမီဆု(၂)ဆုကိုပိုင်ဆိုင်ထားပြီးနိုင်ငံတကာမှ အသိအမှတ်ပြုဆုတွေကိုရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ရှားရှားပါးပါးမင်းသမီးတစ်လက်ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကလည်းပဲ ဝါရင့်မင်းသမီးတစ်လက်မဟုတ်ပေမဲ့ တစ်ဟုန်ထိုးအောင်မြင်မှုရရှိလာသူမင်းသမီးလေးပါ။သရုပ်ဆောင်ပိုင်နိုင်လွန်းတယ်လို့ ပရိသတ်တွေသာမကပညာရှင်တွေကပါလက်ခံထားကြတဲ့ဒီမင်းသမီးလေးဟာ အကယ်ဒမီဆု(၁)ဆုကိုလည်းရရှိထားပါသေးတယ်။မကြာသေးခင်ကလည်း ရုပ်ရှင်သရုပ်ဆောင်ခြင်းနဲ့ပတ်သက်လို့ နယူးယောက်မှာ ထပ်မံပညာသင်ကြားပြီး Diploma in Acting ကိုရရှိထားတာဖြစ်ပါတယ်။

ဒီလိုအောင်မြင်မှုအသီသီးရရှိထားတဲ့မင်းသမီးချောနှစ်ဦးထဲက Myanmar’s Pride ဆုပေးပွဲကြီးရဲ့ (၂၀၁၉) ခုနှစ်အတွက် ရုပ်ရှင်အနုပညာကဏ္ဍမှာ ဘယ်သူဆုရရှိမလဲဆိုတာစိတ်ဝင်စားစရာပါ။ ပရိသတ်ကြီးကရော ကစ်ကစ်လား သုသုလေးကိုလား ဆိုတာရွေးရခက်နေပြီလားနော်….။Credit-aungparsay

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close