အေထြေထြဗဟုသုတ

အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ်

အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲန႔ဲမီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ျသယူရတယ္အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲန႔ဲမီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ျသယူရတယ္ က်ေနာ္ ေတာ္ေတာ္ျကာျကာစဥ္းစားျပီးမွဒီပိုစ္ကိုတင္တာပါ


မေန႔ည က ဂ်ပန္ကလာတဲ႔သူငယ္ခ်င္းကိုထမင္းလိုက္ေက်ြးရင္းအဝစား ေဟာ့ေပါ့ဆိုင္မွာစားျဖစ္ျကတယ္ က်ေနာ္တို႔ရယ္ တျခားအတြဲႏွစ္တြဲရယ္ရွိတဲ႔ဆိုင္ထဲကို အဝတ္အစားႏြမ္းႏြမ္းနဲ႔နံနံေစာ္ေစာ္ လင္မယားႏွစ္ေယာက္နဲ႔ခေလးေလးမိသားစုတစု မဝံ႔မရဲနဲ႔ဝင္လာျပီး က်ေနာ္တို႔နားက စားပြဲမွာဝင္ထိုင္ရင္း မီႏူးကိုစာအုပ္ေပးပါဆိုျပီးေတာင္းေနေတာ့

စားပြဲထိုးေလးကယူလာေပးေတာ့ျကည့္ျပီးမွာရွာတယ္ ျကက္ဥတလံုး ဘာညာဘာညာေပါ့ေလ ဒါနဲ႔က်ေနာ္လဲမေနသာပဲ လက္တို႔ျပီးမင္းတို႔ဘာလုပ္လို႔လာစားျကတာလဲေမးျကည့္ေတာ့ က်ေနာ္တို႔လင္မယားေတာင္းရာကျပန္လာတာ ႏွစ္ေသာင္းေလာက္ရလာလို႔လာစားတာပါတဲ႔ ဒါနဲ႔ဘာလို႔ဒီဆိုင္ကိုလာစားရတာလဲဆိုေတာ့

အဝကပံုကိုျကည့္ျပီး လူ႕ဘဝမွာမစားဘူးတာစားဘူးတယ္ရွိေအာင္လာစားတာတဲ႔ ေတာင္းစားေပမဲ႔ စိတ္ကိုျကိုက္တာနဲ႔ မင္းတို႔ပိုက္ဆံေနာက္ေန႔မွစား အခုငါေပးမယ္ မမွာနဲ႔ ေဟာဒီမွာအသီးအရြက္ေတြ ေဟာဒါက အသားေတြေဟာဒါ အေအး ေဟာဒါ ထမင္းေျကာ္ ျကိုက္တာကိုျကိုက္သေလာက္စားစမ္း အဝစားကုန္ရင္ထပ္ယူဆိုေတာ့ ေဘးဝိုင္းေတြကလဲမကန္႔ကြက္တာနဲ႔က်ေနာ္ေက်ြးလိုက္တယ္

စားလိုက္ျကတာဗ်ာ ေဟ့ေကာင္ေတြကုန္သေလာက္ပဲယူ က်န္ေအာင္ေတာ့မယူနဲ႔ေနာ္ဆိုေတာ့ ကုန္တယ္ဆိုျပီးစားလိုက္ျကတာဗ်ာ က်ေနာ္မစားနိုင္ေပမဲ႔ ထိုင္ျကည့္ျပီးဝမ္းသာလိုက္တာဗ်ာ အရပ္စကားနဲ႔ေျပာရရင္ ေတာငိးစားသူနဲ႔အတူစားျခင္းေပါ့ဗ်ာ ဆုေပးေသးတယ္ အကိုျကီး က်မ္းမာပါေစတဲ႔ ေပးတဲ႔ဆုနဲ႔ျပည့္ပါေစဗ်ာCredit-aungparsay

Unicode

အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ်အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ် ကျနော် တော်တော်ကြာကြာစဉ်းစားပြီးမှဒီပိုစ်ကိုတင်တာပါ

မနေ့ည က ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့

စားပွဲထိုးလေးကယူလာပေးတော့ကြည့်ပြီးမှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာစားဘူးတယ်ရှိအောင်လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာCredit-aungparsay

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close