နာမည္ႀကီးပုဂၢိဳလ္မ်ား

Body လှမှ ဘီကီနီဝတ်လို့ရတာပါလို့ပြောလာတဲ့ သင်ဇာဝင့်ကျော်

ေျပာခ်င္လြန္းလို႕ပရိသတ္ၾကီးေရ သင္ဇာဝင့္ေက်ာ္တစ္ေယာက္ကေတာ့ အလန္းစားဓာတ္ပံုေတြတင္ျပီး ပုရိသေတြ ေမ့ေျမာေအာင္ ဖမ္းစားလိုက္ပါျပီ။


ေကာ့ေသာင္းျမိဳ႕ ၊ ေညာင္ဦးဖီးကၽြန္းမွာ အလုပ္ ကိစၥအတြက္ ဘီကီနီဝတ္စံုနဲ႕ ရိုက္ကူးထားတဲ့ ပံုေတြကို ေဖ့ဘြတ္စ္မွာ တင္လိုက္တာပါ။ ဒီလိုမ်ိဳးတင္လိုက္တဲ့ အေပၚေဝဖန္သူနည္းျပီး အားေပးသူအေရအတြက္ကမ်ားပါတယ္။bikiniဝတ္ျပီးဓာတ္ပံုရိုက္တဲ့အေပၚသင္ဇာကဘယ္လိုေျပာလာလဲဆိုေတာ့-

“ အလုပ္နဲ႕ပတ္သက္ျပီးေတာ့ Bikini ဝတ္ျဖစ္ရင္းနဲ႕ ရိုက္ျဖစ္သြားတဲ့ ပံုေလးေတြကို ေဖ့ဘြတ္စ္ မွာ တင္ခဲ့တာပါ။ ၾကိဳက္တဲ့သူကေတာ့ ၾကိဳက္ေပမယ့္ ၊ မၾကိဳက္တဲ့သူက မၾကိဳက္ဘူးေပါ့။ လူတစ္ကိုယ္ အၾကိဳက္တစ္မ်ိဳးဆိုေတာ့ ဘာမွ မေျပာလိုပါဘူး။

ပ်င္းလို႕ ရွိရင္ ကြန္မန္႕ ေလးေတြဝင္ဖတ္တယ္။ အပ်င္းလည္းေျပတယ္။ ေပ်ာ္လည္းေပ်ာ္ရတယ္။ တခ်ိဳ႕ဆို သင္ဇာ့ကို ခ်စ္ျပီး ေျပာထားတာေလးေတြရွိတယ္။ အဲ့ဒါေၾကာင့္ မ်ားမ်ားေလး မန္႕ေပးပါလို႕။ သင္ဇာကေတာ့ ၾကိဳက္တယ္ ခ်စ္တယ္။” လို႕ဆိုပါတယ္။သင္ဇာက ဘယ္ဝတ္စံုမဆို ယံုၾကည္မႈ အျပည့္နဲ႕ ဝတ္ရဲတဲ့ အေၾကာင္းကိုလည္း ခုလိုေျပာျပလာပါတယ္။

“ ဘီကီနီဝတ္တဲ့ အခ်ိန္မွာ confident ရွိဖို႕ဆိုတာကလည္း body လွမွ အသားအရည္ လွမွျဖစ္မွာေလ။ ဝတ္သင့္ ဝတ္ထိုက္တဲ့ ေနရာမ်ိဳး ၊ အေျခအေနအခ်ိန္ခါၾကံဳၾကိဳက္လို႕ ရန္ကုန္ျမိဳ႕မွာ ေရကူးကန္သြားျပီး ဝတ္ေနတာလည္း မဟုတ္ဘူးေပါ့။ ဘယ္လို အခ်ိန္ဘယ္လိုအခါမ်ိဳးမွာပဲျဖစ္ျဖစ္ ျမန္မာဝတ္စံုဝတ္လည္း confident ရွိတယ္ ၊ ဘီကီနီဝတ္လည္း confident ရွိတယ္။” လို႕ ေျပာလာပါတယ္။တက္တူးထိုးျဖစ္ပံုအေၾကာင္း လည္း သင္ဇာဝင့္ေက်ာ္ေျပာျပတာက-

“သင္ဇာ့ ဘဝအတြက္ အေရးပါတဲ့ အေဖ့ေမြးေန႕ ၊ အေမ့ေမြးေန႕ ေလးေတြထိုးေတာ့ အိမ္ကလည္းလက္ခံပါတယ္။ အဓိကက လူဆိုတာက ကိုယ့္မိဘေဆြမ်ိဳး အသိုင္းအဝိုင္း ကိုယ္ခ်စ္တဲ့လူေတြ ကိုယ့္ကို နားလည္ဖို႕ က အေရးၾကီးပါတယ္။ ကိုယ္ခ်စ္တဲ့လူေတြနားလည္ေနရင္ ေက်နပ္ပါတယ္။ျဖဴစင္စြာလုပ္ကိုင္ရွာေဖြစားေသာက္ေနတဲ့ အတြက္ကိုယ့္လိပ္ျပာ ကိုယ္လံုတယ္။ အေကာင္းေျပာတဲ့လူကိုခ်စ္သလို ၊အဆိုးေျပာတဲ့ လူကိုလည္းခ်စ္ပါတယ္။” ဆိုျပီး ေျဖသြားပါတယ္။Credit-aungparsy

Unicode

ပြောချင်လွန်းလို့ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ အလန်းစားဓာတ်ပုံတွေတင်ပြီး ပုရိသတွေ မေ့မြောအောင် ဖမ်းစားလိုက်ပါပြီ။

ကော့သောင်းမြို့ ၊ ညောင်ဦးဖီးကျွန်းမှာ အလုပ် ကိစ္စအတွက် ဘီကီနီဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ပုံတွေကို ဖေ့ဘွတ်စ်မှာ တင်လိုက်တာပါ။ ဒီလိုမျိုးတင်လိုက်တဲ့ အပေါ်ဝေဖန်သူနည်းပြီး အားပေးသူအရေအတွက်ကများပါတယ်။bikiniဝတ်ပြီးဓာတ်ပုံရိုက်တဲ့အပေါ်သင်ဇာကဘယ်လိုပြောလာလဲဆိုတော့-

“ အလုပ်နဲ့ပတ်သက်ပြီးတော့ Bikini ဝတ်ဖြစ်ရင်းနဲ့ ရိုက်ဖြစ်သွားတဲ့ ပုံလေးတွေကို ဖေ့ဘွတ်စ် မှာ တင်ခဲ့တာပါ။ ကြိုက်တဲ့သူကတော့ ကြိုက်ပေမယ့် ၊ မကြိုက်တဲ့သူက မကြိုက်ဘူးပေါ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ဘာမှ မပြောလိုပါဘူး။

ပျင်းလို့ ရှိရင် ကွန်မန့် လေးတွေဝင်ဖတ်တယ်။ အပျင်းလည်းပြေတယ်။ ပျော်လည်းပျော်ရတယ်။ တချို့ဆို သင်ဇာ့ကို ချစ်ပြီး ပြောထားတာလေးတွေရှိတယ်။ အဲ့ဒါကြောင့် များများလေး မန့်ပေးပါလို့။ သင်ဇာကတော့ ကြိုက်တယ် ချစ်တယ်။” လို့ဆိုပါတယ်။သင်ဇာက ဘယ်ဝတ်စုံမဆို ယုံကြည်မှု အပြည့်နဲ့ ဝတ်ရဲတဲ့ အကြောင်းကိုလည်း ခုလိုပြောပြလာပါတယ်။

“ ဘီကီနီဝတ်တဲ့ အချိန်မှာ confident ရှိဖို့ဆိုတာကလည်း body လှမှ အသားအရည် လှမှဖြစ်မှာလေ။ ဝတ်သင့် ဝတ်ထိုက်တဲ့ နေရာမျိုး ၊ အခြေအနေအချိန်ခါကြုံကြိုက်လို့ ရန်ကုန်မြို့မှာ ရေကူးကန်သွားပြီး ဝတ်နေတာလည်း မဟုတ်ဘူးပေါ့။ ဘယ်လို အချိန်ဘယ်လိုအခါမျိုးမှာပဲဖြစ်ဖြစ် မြန်မာဝတ်စုံဝတ်လည်း confident ရှိတယ် ၊ ဘီကီနီဝတ်လည်း confident ရှိတယ်။” လို့ ပြောလာပါတယ်။တက်တူးထိုးဖြစ်ပုံအကြောင်း လည်း သင်ဇာဝင့်ကျော်ပြောပြတာက-

“သင်ဇာ့ ဘဝအတွက် အရေးပါတဲ့ အဖေ့မွေးနေ့ ၊ အမေ့မွေးနေ့ လေးတွေထိုးတော့ အိမ်ကလည်းလက်ခံပါတယ်။ အဓိကက လူဆိုတာက ကိုယ့်မိဘဆွေမျိုး အသိုင်းအဝိုင်း ကိုယ်ချစ်တဲ့လူတွေ ကိုယ့်ကို နားလည်ဖို့ က အရေးကြီးပါတယ်။ ကိုယ်ချစ်တဲ့လူတွေနားလည်နေရင် ကျေနပ်ပါတယ်။ဖြူစင်စွာလုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ အတွက်ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ အကောင်းပြောတဲ့လူကိုချစ်သလို ၊အဆိုးပြောတဲ့ လူကိုလည်းချစ်ပါတယ်။” ဆိုပြီး ဖြေသွားပါတယ်။Credit-aungparsy

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close