ၾကားသိရသမွွ

ဘဏ္ဝန္ထမ္းမေလး ရက္ရက္စက္စက္ အဓမၼက်င့္ သတ္ျဖတ္ၿပီး၊ မီး႐ႈိ႕ခံရ

ဖိလစ္ပုိင္ႏုိင္ငံ၊ Pasig City ၿမိဳ႕ Barangay Rosario ရပ္ကြက္မွာ ေနထုိင္တဲ့ အသက္ 23 ႏွစ္အရြယ္ ဘဏ္၀န္ထမ္းအမ်ိဳးသမီးငယ္တစ္ဦးဟာ ရက္ရက္စက္စက္ အဓမၼက်င့္ခံရၿပီးေနာက္၊ သတ္ျဖတ္ခံခဲ့ရပါတယ္။ ယင္းေနာက္ အေလာင္းကို ေဖ်ာက္ဖ်က္တဲ့အေနနဲ႔ မီး႐ႈိ႕ခဲ့ပါတယ္။

အမ်ားစုကေတာ့ ျပစ္မႈက်ဴးလြန္သူဟာ တစ္ေယာက္တည္း မဟုတ္ႏုိင္ေၾကာင္း ထင္ေၾကးေပးေနၾကပါတယ္။ ေသဆုံးသူရဲ အမည္ကုိ (အမည္လႊဲအျဖစ္) Mabel Tagama Cama လုိ႔ ေဖာ္ျပထားၿပီး၊ မီးေလာင္ကၽြမ္းခံရမႈေၾကာင့္ သူမရဲ႕ ႐ုပ္အေလာင္း တစ္၀က္ခန္႔ကုိသာ ျပန္လည္ ရရွိေတာ့တဲ့ အေနအထားပါ။

သူမရဲ႕ အ၀တ္အစားတစ္ခ်ိဳ႕ကလည္း စုတ္ၿပဲေနၿပီး၊ တစ္ခ်ိဳ႕က ေပ်ာက္ဆုံးေနတာကို ေထာက္ဆျခင္းအားျဖင့္ Cama ဟာ အသတ္မခံရခင္ လူတစ္စု၊ သုိ႔မဟုတ္ တစ္စုံတစ္ေယာက္ရဲ႕ ရက္ရက္စက္စက္ အဓမၼက်င့္ျခင္းကို ခံခဲ့ရေၾကာင္း တြက္ဆလုိ႔ရပါတယ္။

ဒါ့အျပင္ ရဲတပ္ဖြဲ႕က Cama ရဲ႕ ပုဂၢိလိက ပိုင္ဆုိင္ထားတဲ့ ေရႊေငြအစရွိတဲ့ လက္၀တ္လက္စားေတြလည္း ေပ်ာက္ဆုံးေနၿပီး၊ သူမကို အခင္းမျဖစ္မီ ေန႔လည္ (၁၁)နာရီခန္႔မွာ ေနာက္ဆုံးေတြ႕ခဲ့ရေၾကာင္း မ်က္ျမင္သက္ေသတစ္ေယာက္က ဆုိပါတယ္။ သူမေနာက္မွာ သံသယရွိဖြယ္ လူႏွစ္ေယာက္က ေနာက္ေယာင္ခံလုိက္ၾကည့္ေနတယ္လုိ႔လည္း သူက ဆုိပါတယ္။

အဆုိပါ လူႏွစ္ေယာက္ဟာ အဓိကတရားခံျဖစ္ဖုိ႔ရွိၿပီး၊ Cama ေနထုိင္ခဲ့ရာေနရာကလည္း ယခင္က မူးယစ္ေဆးအမ်ားစုသုိေလွာင္ရာေနရာျဖစ္ေၾကာင္း၊ ရဲက အတည္ျပခဲ့ေပမယ့္ အခုထက္ထိ တရားခံကို မေဖာ္ထုတ္ႏုိင္ေသးပါဘူး။ Cama ရဲ႕ ႐ုပ္အေလာင္းအပုိင္းအစတစ္ခ်ိဳ႕ကို ဂုိေထာင္တစ္ခုမွာ ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

သူမရဲ႕ေဘးမွာ အတြင္းခံေဘာင္းဘီကိုလည္း ေတြ႕ခဲ့ရပါတယ္။ ရဲကေတာ့ ျပစ္မႈက်ဴးလြန္သူေတြဟာ မူးယစ္ေဆးနဲ႔ပတ္သက္ေနသူေတြလုိ႔ ယူဆေနၿပီး၊ ဂုိဏ္းဂဏအားျဖင္လည္း အေတာ္ေလး ႀကီးမားႏုိင္ေၾကာင္း ယုံၾကည္ေနပါတယ္။

Unicode

ဖိလစ်ပိုင်နိုင်ငံ၊ Pasig City မြို့ Barangay Rosario ရပ်ကွက်မှာ နေထိုင်တဲ့ အသက် 23 နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးဟာ ရက်ရက်စက်စက် အဓမ္မကျင့်ခံရပြီးနောက်၊ သတ်ဖြတ်ခံခဲ့ရပါတယ်။ ယင်းနောက် အလောင်းကို ဖျောက်ဖျက်တဲ့အနေနဲ့ မီးရှို့ခဲ့ပါတယ်။

အများစုကတော့ ပြစ်မှုကျူးလွန်သူဟာ တစ်ယောက်တည်း မဟုတ်နိုင်ကြောင်း ထင်ကြေးပေးနေကြပါတယ်။ သေဆုံးသူရဲ အမည်ကို (အမည်လွှဲအဖြစ်) Mabel Tagama Cama လို့ ဖော်ပြထားပြီး၊ မီးလောင်ကျွမ်းခံရမှုကြောင့် သူမရဲ့ ရုပ်အလောင်း တစ်ဝက်ခန့်ကိုသာ ပြန်လည် ရရှိတော့တဲ့ အနေအထားပါ။

သူမရဲ့ အဝတ်အစားတစ်ချို့ကလည်း စုတ်ပြဲနေပြီး၊ တစ်ချို့က ပျောက်ဆုံးနေတာကို ထောက်ဆခြင်းအားဖြင့် Cama ဟာ အသတ်မခံရခင် လူတစ်စု၊ သို့မဟုတ် တစ်စုံတစ်ယောက်ရဲ့ ရက်ရက်စက်စက် အဓမ္မကျင့်ခြင်းကို ခံခဲ့ရကြောင်း တွက်ဆလို့ရပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့က Cama ရဲ့ ပုဂ္ဂိလိက ပိုင်ဆိုင်ထားတဲ့ ရွှေငွေအစရှိတဲ့ လက်ဝတ်လက်စားတွေလည်း ပျောက်ဆုံးနေပြီး၊ သူမကို အခင်းမဖြစ်မီ နေ့လည် (၁၁)နာရီခန့်မှာ နောက်ဆုံးတွေ့ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ယောက်က ဆိုပါတယ်။ သူမနောက်မှာ သံသယရှိဖွယ် လူနှစ်ယောက်က နောက်ယောင်ခံလိုက်ကြည့်နေတယ်လို့လည်း သူက ဆိုပါတယ်။

အဆိုပါ လူနှစ်ယောက်ဟာ အဓိကတရားခံဖြစ်ဖို့ရှိပြီး၊ Cama နေထိုင်ခဲ့ရာနေရာကလည်း ယခင်က မူးယစ်ဆေးအများစုသိုလှောင်ရာနေရာဖြစ်ကြောင်း၊ ရဲက အတည်ပြခဲ့ပေမယ့် အခုထက်ထိ တရားခံကို မဖော်ထုတ်နိုင်သေးပါဘူး။ Cama ရဲ့ ရုပ်အလောင်းအပိုင်းအစတစ်ချို့ကို ဂိုထောင်တစ်ခုမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူမရဲ့ဘေးမှာ အတွင်းခံဘောင်းဘီကိုလည်း တွေ့ခဲ့ရပါတယ်။ ရဲကတော့ ပြစ်မှုကျူးလွန်သူတွေဟာ မူးယစ်ဆေးနဲ့ပတ်သက်နေသူတွေလို့ ယူဆနေပြီး၊ ဂိုဏ်းဂဏအားဖြင်လည်း အတော်လေး ကြီးမားနိုင်ကြောင်း ယုံကြည်နေပါတယ်။

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close