အေထြေထြဗဟုသုတ

အားဖြည့်အချိုရည် သောက်သုံးခြင်းကြောင့် လေဖြတ်နိုင်ချေ ၅ ဆ အထိ တိုးလာနိုင်ပါတယ်

၂၀၁၇ ႏွစ္အတြင္း ၿဗိတိန္ႏိုင္ငံသားေတြ ေသာက္သုံးခဲ့တဲ့ အားျဖည့္အခ်ိဳရည္စုစုေပါင္း ၆၇၉ မီလ်ံ လီတာရွိပါတယ္။ အားျဖည့္အခ်ိဳေတြ ပုံမွန္ေသာက္သုံးတဲ့သူေတြဟာ သာမန္လူေတြထက္ ေလျဖတ္ႏိုင္ေခ် ၅ ဆတိုးလာႏိုင္ေၾကာင္းသုေတသီေတြက သတိေပးခ်က္ထုတ္ျပန္လိုက္ပါၿပီ ။ အားျဖည့္အခ်ိဳရည္ေတြဟာ Arrhythmia လို႔ေခၚတဲ့ ႏွလုံးခုန္မူမမွန္ျခင္းကို ျဖစ္ေစႏိုင္တဲ့အတြက္ ေလျဖတ္ႏိုင္ေခ်တိုးလာရတာပဲျဖစ္ပါတယ္။


“အားျဖည့္အခ်ိဳရည္မွာ ပါဝင္တဲ့ ကဖင္းဓါတ္ေတြဟာ ႏွလုံးခုန္ျခင္းကိုမူမမွန္ျဖစ္ေစပါတယ္။တစ္ေန႔ကို ေကာ္ဖီ ေျခာက္ခြက္ ခုႏွစ္ခြက္ေသာက္မယ္ဆိုရင္လည္း ႏွလုံးခုန္မူမွန္ျဖစ္ေစႏိုင္တယ္ဆိုေပမယ့္ အားျဖည့္အခ်ိဳရည္ေတြရဲ႕ သက္ေရာက္မႈက ေကာ္ဖီထက္ကို အမ်ားႀကီးပိုျပင္းထန္ပါတယ္” လို႔ The Arrhythmia Allicance ရဲ႕တည္ေထာင္သူ CEO Trudie Lobban က ေျပာထားပါတယ္။

ေဆာက္လုပ္ေရးမန္ေနဂ်ာတစ္ေယာက္ျဖစ္တဲ့အသက္ ၅၂ ႏွစ္အ႐ြယ္ Mark Horsman ဟာဆိုရင္ တစ္ေန႔ကို ေကာ္ဖီ ၈ ခြက္နဲ႔ Red Bull ၃ ဘူးေသာက္သုံးခဲ့တာေၾကာင့္ ႏွလုံးေဖာက္ျပန္တဲ့ေဝဒနာခံစားခဲ့ရၿပီး ေသလုနီးပါးျဖစ္သြားခဲ့ရဖူးပါတယ္။ အားျဖည့္အခ်ိဳရည္ ၂၅၀ မီလီလီတာတိုင္းမွာ ကဖင္းဓါတ္ ၂၀ မီလီဂရမ္ပါဝင္ေနေလ့ရွိတဲ့အတြက္ သာမန္ကိုလာဘူးေတြမွာပါဝင္တဲ့ ကဖင္းဓါတ္ထက္ ၂ ဆပိုမ်ားေနၿပီး Espresso ၆၀ မီလီမီတာမွာပါရွိတဲ့ ကဖင္းဓါတ္နဲ႔တူညီတဲ့ပမာဏျဖစ္ေနပါတယ္။

British Hearth Foundation မွ စီနီယာႏွလုံးအထူးကု နာ့စ္မတစ္ေယာက္ျဖစ္တဲ့ Julie Ward ကေတာ့ သင့္တင့္မွ်တတဲ့ပမာဏတစ္ခုအတိုင္းေသာက္သုံးမယ္ဆိုရင္ေတာ့ခႏၶာကိုယ္ကို ထိခိုက္ႏိုင္မွာမဟုတ္ေၾကာင္း ရွင္းျပထားပါတယ္။ဒါေပမယ့္ တကယ္လို႔ ေကာ္ဖီ သို႔မဟုတ္ အားျဖည့္အခ်ိဳရည္ ေသာက္ၿပီးေနာက္ ႏွလုံးခုန္မမူမွန္တာမ်ိဳးခံစားရရင္ေတာ့ ဒါေတြကိုလုံးဝဆက္မေသာက္သင့္ပါဘူး လို႔ သတိေပးေျပာၾကားခဲ့ပါတယ္။Credit-aungparsay

Unicode

၂၀၁၇ နှစ်အတွင်း ဗြိတိန်နိုင်ငံသားတွေ သောက်သုံးခဲ့တဲ့ အားဖြည့်အချိုရည်စုစုပေါင်း ၆၇၉ မီလျံ လီတာရှိပါတယ်။ အားဖြည့်အချိုတွေ ပုံမှန်သောက်သုံးတဲ့သူတွေဟာ သာမန်လူတွေထက် လေဖြတ်နိုင်ချေ ၅ ဆတိုးလာနိုင်ကြောင်းသုတေသီတွေက သတိပေးချက်ထုတ်ပြန်လိုက်ပါပြီ ။ အားဖြည့်အချိုရည်တွေဟာ Arrhythmia လို့ခေါ်တဲ့ နှလုံးခုန်မူမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် လေဖြတ်နိုင်ချေတိုးလာရတာပဲဖြစ်ပါတယ်။

“အားဖြည့်အချိုရည်မှာ ပါဝင်တဲ့ ကဖင်းဓါတ်တွေဟာ နှလုံးခုန်ခြင်းကိုမူမမှန်ဖြစ်စေပါတယ်။တစ်နေ့ကို ကော်ဖီ ခြောက်ခွက် ခုနှစ်ခွက်သောက်မယ်ဆိုရင်လည်း နှလုံးခုန်မူမှန်ဖြစ်စေနိုင်တယ်ဆိုပေမယ့် အားဖြည့်အချိုရည်တွေရဲ့ သက်ရောက်မှုက ကော်ဖီထက်ကို အများကြီးပိုပြင်းထန်ပါတယ်” လို့ The Arrhythmia Allicance ရဲ့တည်ထောင်သူ CEO Trudie Lobban က ပြောထားပါတယ်။

ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်တဲ့အသက် ၅၂ နှစ်အရွယ် Mark Horsman ဟာဆိုရင် တစ်နေ့ကို ကော်ဖီ ၈ ခွက်နဲ့ Red Bull ၃ ဘူးသောက်သုံးခဲ့တာကြောင့် နှလုံးဖောက်ပြန်တဲ့ဝေဒနာခံစားခဲ့ရပြီး သေလုနီးပါးဖြစ်သွားခဲ့ရဖူးပါတယ်။ အားဖြည့်အချိုရည် ၂၅၀ မီလီလီတာတိုင်းမှာ ကဖင်းဓါတ် ၂၀ မီလီဂရမ်ပါဝင်နေလေ့ရှိတဲ့အတွက် သာမန်ကိုလာဘူးတွေမှာပါဝင်တဲ့ ကဖင်းဓါတ်ထက် ၂ ဆပိုများနေပြီး Espresso ၆၀ မီလီမီတာမှာပါရှိတဲ့ ကဖင်းဓါတ်နဲ့တူညီတဲ့ပမာဏဖြစ်နေပါတယ်။

British Hearth Foundation မှ စီနီယာနှလုံးအထူးကု နာ့စ်မတစ်ယောက်ဖြစ်တဲ့ Julie Ward ကတော့ သင့်တင့်မျှတတဲ့ပမာဏတစ်ခုအတိုင်းသောက်သုံးမယ်ဆိုရင်တော့ခန္ဓာကိုယ်ကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း ရှင်းပြထားပါတယ်။ဒါပေမယ့် တကယ်လို့ ကော်ဖီ သို့မဟုတ် အားဖြည့်အချိုရည် သောက်ပြီးနောက် နှလုံးခုန်မမူမှန်တာမျိုးခံစားရရင်တော့ ဒါတွေကိုလုံးဝဆက်မသောက်သင့်ပါဘူး လို့ သတိပေးပြောကြားခဲ့ပါတယ်။Credit-aungparsay

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close