နာမည်ကြီးပုဂ္ဂိုလ်များ

ရင်ထဲမှာ သည်းမခံနိုင်တော့တဲ့အဆုံး ပရိသတ်တွေကို ရင်ဖွင့်လိုက်တဲ့ ထက်ထက်မိုးဦး





Credit : Cele Gabar

Unicode

တခေတ်တခါက နိုင်ငံကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီး ထက်ထက်မိုးဦးကို လူတိုင်းသိကြမှာပါ။ ဆံပင်ရှည်ကြီးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ အခုအချိန်မှာလည်း အနုပညာအလုပ်တွေကို ရံဖန်ရံခါလုပ်ရင်း ပရိသတ်တွေက အားပေးနေဆဲ ဖြစ်တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။

လူတွေရဲ့ ပုံစံမျိုးစုံနဲ့ ဘဝသင်ခန်းစာတွေများစွာရရှိခဲ့တာတွေကို သင်ခန်းစာယူရင် ဘဝကို အေးချမ်းစွာနဲ့ ဖြတ်သန်းနေတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီး ထက်ထက်မိုးဦးက ကြော်ညာတွေရိုက်ကူးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ယခုချိန်ထိ နုပျိုလှပနေဆဲ ဖြစ်တဲ့ ပရိသတ်ချစ်ရတဲ့ မင်းသမီးတစ်ဦးအဖြစ် တည်ရှိနေဆဲပါ။

ယခင်က Facebook စာမျက်နှာပေါ်မှာ သိပ်မတွေ့ရတဲ့ ထက်ထက်မိုးဦးက အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာကို ပရိသတ်တွေအတွက် သုံးနေပြီဖြစ်ပြီး အခုလည်း သူမခံစားလိုက်ရတဲ့ ရင်တွင်းခံစားချက်တွေကို ပရိသတ်တွေကို ပြောပြထားတာပါ။ “သည်းခံမှန်းသိတော့ပိုနင်း ခံရတာရင်ထဲမာမကောင်းဘူးဘယ်သူမှမသိအောင်မျက်ရည်ကျမိတယ်…ပိုက်ဆံကြောင့်လူတယောက်ကိုဆက်ဆံတတ်တဲ့သူမျိုးမဟုတ်ဖူးဆိုတာအားလုံးသိကြမာပါ..ဘယ်လိုအကြောင်းနဲ့ကိုယ်ဘက်ကခံရခံရရှိပါစေတော့လေဆိုပီးအမြဲခေါင်းငုံ့ခံခဲ့တယ်..ခုလဲရင်ထဲမာဝမ်းနည်းပေမယ့်ဘာမှမထူးပါဘူးရှိပါစေတော့လေ” ဆိုပြီး သူမ ခံပြင်းခဲ့ရတဲ့ အဖြစ်လေးကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်လို့ ပရိသတ်ကြီးတွေ အတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်နော်။

Credit : Cele Gabar

Loading...
Show More

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close