ဂစ်တာတစ်လက်နဲ့ အပြိုင်ကြဲခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ညီမဖြစ်သူ ယိင်းရဲ့ ကြားရခဲတဲ့သီချင်းသံ
Video ကြည့်ရန်
Photos-Ying Facebook
Credit : We Love Cele
Unicode
စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာ့ဂီတလောကမှာ အကြာမြင့်ဆုံးအောင်မြင်မှုကိုထိန်းထားနိုင်တဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ခုချိန်ထိ မိန်းမပျိုလေးတွေရဲ့ သည်းသည်းလှုပ်အားပေးမှုကိုခံယူနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ စန်းကလည်း အံ့သြစရာကောင်းလောက်အောင်ပါပဲ။ သူ့ရဲ့ Rap သီချင်းတွေဟာ ကလေးဘဝတည်းကနေ ကြိုက်ခဲ့ရတဲ့သီချင်းတွေလည်းဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာလောကမှာအောင်မြင်ရုံတင်မကပါဘူး။ စိုင်းစိုင်းဟာ အာဇာနည်ကိုးဦးထဲမှာအပါအဝင်ဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းရဲ့ မျိုးဆက်လည်းဖြစ်ပါသေးတယ်။ မွေးချင်းမောင်နှမ (၄) ယောက်ရှိပြီးတော့ ကျန် (၂) ယောက်ကတော့ ညီမလေးတွေဖြစ်တဲ့အပြင် အင်မတန်မှချောမောလှပသူတွေလည်းဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ညီမတစ်ဦးဖြစ်သူ ယိင်းကတော့ ဆရာဝန်တစ်ဦးဖြစ်ပြီးစိုင်းစိုင်းခမ်းလှိုင်လိုပဲ အဆိုကောင်းသူတစ်ဦးလည်းဖြစ်ပါသေးတယ်။ သူမ ဂစ်တာတစ်လက်နဲ့သီဆိုထားတဲ့သီချင်းတွေဟာ လူမှုကွန်ယက်ပရိသတ်တွေကြိုက်နှစ်သက်ကြပြီးအားပေးကြတာလည်းတွေ့ရပါသေးတယ်။ သူမသီဆိုထားတဲ့ သီချင်းတွေဟာ ကြာခဲ့ပြီဖြစ်ပေမယ့် သူမရဲ့အသံလေးကို ခုမှ နားထောင်ဖူးမယ့်သူတွေအတွက် We Love Cele ကနေဖော်ပြပေးလိုက်ပါတယ်နော်။
Photos-Ying Facebook
Credit : We Love Cele