ည ၁၁ နာရီေလာက္က လွည္းတန္း လမ္းမေပၚ taxi တစ္စီး ဘီးဘာျဖစ္တယ္မသိ လမ္းလယ္တံုးနားမွာရပ္ ဘီးလဲပါတယ္

ည ၁၁ နာရီေလာက္က လွည္းတန္း ညကိုခံစားရင္းဝရံတာမွာ ေကာ္ဖီေသာက္ေနတုန္း လမ္းမေပၚ taxi တစ္စီး ဘီးဘာျဖစ္တယ္မသိ လမ္းလယ္တံုးနားမွာရပ္ ဘီးလဲပါတယ္

ကားသမားခမ်ာေခြ်းတလံုးလံုးနဲ႕

ခဏေနေတာ့ ယာဥ္ထိန္းရဲေတြေရာက္လာျပီးကားကိုဓါတ္ပံုရိုက္တာေတြ လုပ္ပါေတာ့တယ္

ဒီအခ်ိန္မွာ က်ေနာ္တို႕လွည္းတန္းကမဟုတ္မခံဖိုက္တာ bro က ကားရပ္ျပီးဆင္းလာကာ ကူညီဖို႕သြားေတာ့ရဲနဲ႕ျပႆနာတတ္ပါေတာ့တယ္

အသံက်ယ္လာမွ ၾကားမိတာက

“ငါက ကူညီဖို႔လာတာကြ ဒီကားကို ေဘးတြန္းေရႊ႕လိုက္ရတာပဲငါတို႕တြန္းမယ္

မရလည္း ဘီးျပန္တတ္တာ ဘယ္ေလာက္ၾကာမွာလဲ ” ဒီလိုေျပာေတာ့

ရဲက – “ငါက တာဝန္အတိုင္းေဆာင္ရြက္ေနတာမင္းပါစရာမလိုဘူး ကားလမ္းပိတ္တယ္ ကရိန္းကားကိုခုေခၚေနတယ္

ေဘးဖယ္ ”

” ဟ လမ္းတလမ္းပဲပိတ္တာ ငါေျပာတာရွင္းရွင္းေလးကားကိုေဘးခ်မယ္ မရရင္ ဘီးလဲတာခဏပဲ ငါကသက္သက္လာကူညီတာ ”

ဒီလိုနဲ႔ရဲက ေဆာင့္တြန္းေတာ့bro က ရဲကိုျပန္ေဆာင့္တြန္းပါတယ္

ရုတ္ရုတ္သဲသဲျဖစ္လာခ်ိန္ လွည့္ကင္းရဲဆိုင္ကယ္ေတြေရာက္လာေရာ

ဒီခ်ိ္န္မွာပဲ လွည္းတန္းသားေတြလည္းဝိုင္းလာေလရဲ႕က်ေနာ္လည္း ေျပးဆင္းျပီး အားျဖည့္ဖို႕ရယ္ဒီ

” မင္းက ငါ့ကို မင္းလို႕ေျပာရေအာင္မင္းကငါ့ထက္အမ်ားႀကီးငယ္တယ္ ငါေျပာတာမင္း မရွင္းဘူးလားလူစကားမင္းနားမလည္ဘူးလား ”

” ကြ်န္ေတာ္ေျပာတာက က်ေနာ္က တာဝန္အတိုင္းေဆာင္ရြက္ေနတာ”

“မင္းတာဝန္က ေသးေသးေလး ငါတို႕ကျပည္သူက ျပည္သူခ်င္းကူညီရမယ့္

တာဝန္က အႀကီးႀကီးကြ မင္းနားလည္လားေဘးေရႊ႕လို႔မရရင္ ဘီးခဏလဲမွာကို

ငါတို႕ကကူညီဖို႔လာတာမင္းက မလိုအပ္ပဲ ဘာအက်ယ္ခ်ဲ႕တာလဲ

ျပည္သူခ်င္းကူညီရမွာမဟုတ္ဘူးလား ”

ဒီခ်ိန္မွာ ရဲေတြက ဝိုင္းလာသလိုလူေတြကလည္းဝိုင္းလာတယ္

တျခားလွည္းတန္းသားႏွစ္ေယာက္ကကားကိုကူျပီးဘီးလဲေပးေနတယ္

taxi ဒါရိုက္ဘာခမ်ာလည္း ေဇာေခြ်းေတြျပန္လို႕

ဒီ bro က သူ႕ကားေပၚတက္ကာ

အိမ္မွာကားျပန္ထားျပီးျပန္ေရာက္လာျပန္တယ္ကရိန္းကားလည္းေရာက္လာပါတယ္

“ဒီကားေလး ဒါျဖစ္တာကို ဘာမွ ဒီလိုအက်ယ္ခ်ဲ႕

စရာမလိုဘူး ငါတို႕ လမ္းေဘးကိုတြန္းေရႊ႕လို႕ရတယ္ ကားဘီးလဲျပီးတာနဲ႕တြန္းေရႊ႕ရံုပဲ လမ္းလည္းမပိတ္ဘူးကားေတြသြားနိုင္တာပဲ ကားက်ပ္တဲ႔အခ်ိန္လည္းမဟုတ္ဘူး”

” က်ဳပ္တာဝန္က်ဳပ္လုပ္ေနတာ ခင္ဗ်ားကို

တာဝန္ေႏွာက္ယွက္မႈနဲ႕ ဖမ္းလို႕ရတယ္ခင္ဗ်ားက်ဳပ္ကို ထိၾကည့္ ”

” မင္းလည္းငါ့ကိုထိၾကည့္ ခုထိၾကည့္လိုက္

ငါေျပာေနတာရွင္းရွင္းေလး ျပည္သူခ်င္းကူညီရမယ့္တာဝန္နဲ႕ငါကူညီေနတာကြ ”

ရဲေတြလည္း ဘာမွ ဝင္မတားရဲ

ဒီအတိုင္းၾကည့္ေနေလရဲ႕လွည္းတန္းသားအခ်ိဳ႕က ထို bro အားအသာေဖ်ာင္းဖ်ၾကတယ္

ဘီးလည္း လဲလို႕ျပီးသြားတယ္

ကရိန္းကားက လည္း မဆြဲရဲ ေမာင္းထြက္သြားတယ္

တကယ္လည္း ဆြဲစရာမလိုျပည္သူနဲ႕ ရဲနဲ႕ တြန္းတာနဲ႕ကားေလးက လမ္းေဘးကပ္သြားေလရဲ႕

ရဲေတြလည္း အူလည္လည္နဲ႕ျပန္ထြက္သြားၾကေလရဲ႕ လွည္းတန္းသားေတြကေတာ့ ကူညီဖို႕ဆက္ရွိေနဆဲ

—————-

ဒီမဟုတ္မခံ bro ကလည္းသမိုင္းရွိသူဟိုးအရင္အာဏာရွင္ေခတ္ လမ္းျဖတ္ကူးသူ ေက်ာင္းသားျပည္သူမိဘေတြကို

သူခိုးေတြ ဝရမ္းေျပးေတြ တရားခံေတြလိုေခ်ာင္းဖမ္းတဲ႔ေခတ္တုန္းက သႀကၤန္မွာေပါ့

ညဘက္ ရဲေတြကစတိုးဆိုင္မွာ အရက္ဆင္းဝယ္ေတာ့

ကားကို လမ္းလယ္ေခါင္မွာ ဘလိုင္းႀကီးရပ္ထားကာ ကားေပၚပါရဲေတြကေစာင့္က်န္ရစ္ၾကရဲ႕

စတိုးဆိုင္ကလည္း လူေတြက်ိတ္က်ိတ္တိုးေနသမို႕

အရက္ဝယ္တဲ႔ရဲက ေတာ္ယံုနဲ႕ေပၚမလာကားကလည္း လမ္းလည္မွာ အသားလြတ္ႀကီးရပ္ထားေတာ့သႀကၤန္လည္ျပီးျပန္လာတဲ႔ကားေတြဟာ

ခဲရာခဲစစ္ေရွာင္သြားေနရတဲ႔အျဖစ္ကိုေရာက္ပါေလေရာ

အဲ႔ဒီအခ်ိန္မွာ ဘီယာဆိုင္ေဘးဝိုင္းမွာ ဘီယာေသာက္ေနတဲ႔ ဒီမဟုတ္မခံ bro ကေျပးထြက္သြားျပီး

“မင္းတို႕ကဘာေကာင္ေတြလဲကားလမ္းေဘးခ်မရပ္ပဲ ဘာစည္းကမ္းေဖာက္လူပါးဝေနတာလဲ”

ဒီလိုေအာ္ေျပာလိုက္ခ်ိန္ တဆိုင္လံုးကဝုန္းခနဲလွည့္အၾကည့္ကား ဟာ ဝူးခနဲေမာင္းေျပးသြားပါေတာ့တယ္

အရက္ဝယ္ျပီးထြက္လာတဲ႔ရဲခမ်ာကားေပ်ာက္သြားလို႕ ေၾကာင္ေတာင္ေတာင္ျဖစ္က်န္ေနခဲ႔ရ

———-

အဲ႔ဒီေခတ္တုန္းေလာက္ကပဲ

တဖက္လမ္းကအေဆာင္မွာမီးေလာင္တုန္းကမီးသတ္ကားေတြေရာက္လာခ်ိန္ မီးမသတ္ပဲအခ်ိန္ဆြဲေနလို႕ဝါးရင္းတုတ္ကိုင္ပီး မီးသတ္ကားေပၚခုန္တက္ကာ မီးသတ္ခိုင္းတာလဲ သူပါပဲ

————-

ဒီဘက္ fb ေခတ္မွာ ဥပေဒပ လူပါးဝအနိုင္က်င့္မႈေတြဟာ online ကေနခ်က္ခ်င္းတျပည္လံုးသိသြားနိုင္ျပီးအႀကီးအက်ယ္ရႈံ႕ခ်ခံရသမို႕ မတရားပါဝါျပမႈ နည္းပါးလာေပမယ့္ရွိေနဆဲပဲ

( ျပည္သူနဲ႕တသားတည္းရွိျပီး တာဝန္ေက်တဲ႔ဟိုယာဥ္ထိန္းရဲႀကီးက်ေတာ့ ျပည္သူေတြရဲ႕အခ်စ္ေတာ္ celebs ပါျဖစ္လို႕ျပည္သူအေပၚထားတဲ႔စိတ္ထားပါပဲ )

ဒီလိုမ်ိဳးပဲ ျပည္သူေတြကလည္း ျပည္သူခ်င္းအျပန္အလွန္ကူညီျခင္း မတရားမႈကိုလည္း မဟုတ္မခံစိတ္နဲ႕ညီညြတ္စြာေထာက္ျပ ထိန္းေၾကာင္းနိုင္မွသာလွ်င္

တိုင္းျပည္ရဲ႕မဏိၭဳင္ေတြယိမ္းယိုင္ေနခဲ႔မႈဟာ ပေပ်ာက္မယ္မဟုတ္လား

ဒီဘက္ေခတ္မွာ ျပည္သူေတြဟာ မတရားအနိုင္က်င့္သမွွ်အခံသက္သက္ သိုးေတြမဟုတ္ေတာ့

ဒီ bro လို မဟုတ္မခံေတြသာျဖစ္သင့္ေနပီမဟုတ္လား

(လင္းမီးလက္)

Unicode

ည ၁၁ နာရီလောက်က လှည်းတန်း ညကိုခံစားရင်းဝရံတာမှာ ကော်ဖီသောက်နေတုန်း လမ်းမပေါ် taxi တစ်စီး ဘီးဘာဖြစ်တယ်မသိ လမ်းလယ်တုံးနားမှာရပ် ဘီးလဲပါတယ်

ကားသမားခမျာချွေးတလုံးလုံးနဲ့

ခဏနေတော့ ယာဉ်ထိန်းရဲတွေရောက်လာပြီးကားကိုဓါတ်ပုံရိုက်တာတွေ လုပ်ပါတော့တယ်

ဒီအချိန်မှာ ကျနော်တို့လှည်းတန်းကမဟုတ်မခံဖိုက်တာ bro က ကားရပ်ပြီးဆင်းလာကာ ကူညီဖို့သွားတော့ရဲနဲ့ပြဿနာတတ်ပါတော့တယ်

အသံကျယ်လာမှ ကြားမိတာက

“ငါက ကူညီဖို့လာတာကွ ဒီကားကို ဘေးတွန်းရွှေ့လိုက်ရတာပဲငါတို့တွန်းမယ်

မရလည်း ဘီးပြန်တတ်တာ ဘယ်လောက်ကြာမှာလဲ ” ဒီလိုပြောတော့

ရဲက – “ငါက တာဝန်အတိုင်းဆောင်ရွက်နေတာမင်းပါစရာမလိုဘူး ကားလမ်းပိတ်တယ် ကရိန်းကားကိုခုခေါ်နေတယ်

ဘေးဖယ် ”

” ဟ လမ်းတလမ်းပဲပိတ်တာ ငါပြောတာရှင်းရှင်းလေးကားကိုဘေးချမယ် မရရင် ဘီးလဲတာခဏပဲ ငါကသက်သက်လာကူညီတာ ”

ဒီလိုနဲ့ရဲက ဆောင့်တွန်းတော့bro က ရဲကိုပြန်ဆောင့်တွန်းပါတယ်

ရုတ်ရုတ်သဲသဲဖြစ်လာချိန် လှည့်ကင်းရဲဆိုင်ကယ်တွေရောက်လာရော

ဒီချိ်န်မှာပဲ လှည်းတန်းသားတွေလည်းဝိုင်းလာလေရဲ့ကျနော်လည်း ပြေးဆင်းပြီး အားဖြည့်ဖို့ရယ်ဒီ

” မင်းက ငါ့ကို မင်းလို့ပြောရအောင်မင်းကငါ့ထက်အများကြီးငယ်တယ် ငါပြောတာမင်း မရှင်းဘူးလားလူစကားမင်းနားမလည်ဘူးလား ”

” ကျွန်တော်ပြောတာက ကျနော်က တာဝန်အတိုင်းဆောင်ရွက်နေတာ”

“မင်းတာဝန်က သေးသေးလေး ငါတို့ကပြည်သူက ပြည်သူချင်းကူညီရမယ့်

တာဝန်က အကြီးကြီးကွ မင်းနားလည်လားဘေးရွှေ့လို့မရရင် ဘီးခဏလဲမှာကို

ငါတို့ကကူညီဖို့လာတာမင်းက မလိုအပ်ပဲ ဘာအကျယ်ချဲ့တာလဲ

ပြည်သူချင်းကူညီရမှာမဟုတ်ဘူးလား ”

ဒီချိန်မှာ ရဲတွေက ဝိုင်းလာသလိုလူတွေကလည်းဝိုင်းလာတယ်

တခြားလှည်းတန်းသားနှစ်ယောက်ကကားကိုကူပြီးဘီးလဲပေးနေတယ်

taxi ဒါရိုက်ဘာခမျာလည်း ဇောချွေးတွေပြန်လို့

ဒီ bro က သူ့ကားပေါ်တက်ကာ

အိမ်မှာကားပြန်ထားပြီးပြန်ရောက်လာပြန်တယ်ကရိန်းကားလည်းရောက်လာပါတယ်

“ဒီကားလေး ဒါဖြစ်တာကို ဘာမှ ဒီလိုအကျယ်ချဲ့

စရာမလိုဘူး ငါတို့ လမ်းဘေးကိုတွန်းရွှေ့လို့ရတယ် ကားဘီးလဲပြီးတာနဲ့တွန်းရွှေ့ရုံပဲ လမ်းလည်းမပိတ်ဘူးကားတွေသွားနိုင်တာပဲ ကားကျပ်တဲ့အချိန်လည်းမဟုတ်ဘူး”

” ကျုပ်တာဝန်ကျုပ်လုပ်နေတာ ခင်ဗျားကို

တာဝန်နှောက်ယှက်မှုနဲ့ ဖမ်းလို့ရတယ်ခင်ဗျားကျုပ်ကို ထိကြည့် ”

” မင်းလည်းငါ့ကိုထိကြည့် ခုထိကြည့်လိုက်

ငါပြောနေတာရှင်းရှင်းလေး ပြည်သူချင်းကူညီရမယ့်တာဝန်နဲ့ငါကူညီနေတာကွ ”

ရဲတွေလည်း ဘာမှ ဝင်မတားရဲ

ဒီအတိုင်းကြည့်နေလေရဲ့လှည်းတန်းသားအချို့က ထို bro အားအသာဖျောင်းဖျကြတယ်

ဘီးလည်း လဲလို့ပြီးသွားတယ်

ကရိန်းကားက လည်း မဆွဲရဲ မောင်းထွက်သွားတယ်

တကယ်လည်း ဆွဲစရာမလိုပြည်သူနဲ့ ရဲနဲ့ တွန်းတာနဲ့ကားလေးက လမ်းဘေးကပ်သွားလေရဲ့

ရဲတွေလည်း အူလည်လည်နဲ့ပြန်ထွက်သွားကြလေရဲ့ လှည်းတန်းသားတွေကတော့ ကူညီဖို့ဆက်ရှိနေဆဲ

—————-

ဒီမဟုတ်မခံ bro ကလည်းသမိုင်းရှိသူဟိုးအရင်အာဏာရှင်ခေတ် လမ်းဖြတ်ကူးသူ ကျောင်းသားပြည်သူမိဘတွေကို

သူခိုးတွေ ဝရမ်းပြေးတွေ တရားခံတွေလိုချောင်းဖမ်းတဲ့ခေတ်တုန်းက သင်္ကြန်မှာပေါ့

ညဘက် ရဲတွေကစတိုးဆိုင်မှာ အရက်ဆင်းဝယ်တော့

ကားကို လမ်းလယ်ခေါင်မှာ ဘလိုင်းကြီးရပ်ထားကာ ကားပေါ်ပါရဲတွေကစောင့်ကျန်ရစ်ကြရဲ့

စတိုးဆိုင်ကလည်း လူတွေကျိတ်ကျိတ်တိုးနေသမို့

အရက်ဝယ်တဲ့ရဲက တော်ယုံနဲ့ပေါ်မလာကားကလည်း လမ်းလည်မှာ အသားလွတ်ကြီးရပ်ထားတော့သင်္ကြန်လည်ပြီးပြန်လာတဲ့ကားတွေဟာ

ခဲရာခဲစစ်ရှောင်သွားနေရတဲ့အဖြစ်ကိုရောက်ပါလေရော

အဲ့ဒီအချိန်မှာ ဘီယာဆိုင်ဘေးဝိုင်းမှာ ဘီယာသောက်နေတဲ့ ဒီမဟုတ်မခံ bro ကပြေးထွက်သွားပြီး

“မင်းတို့ကဘာကောင်တွေလဲကားလမ်းဘေးချမရပ်ပဲ ဘာစည်းကမ်းဖောက်လူပါးဝနေတာလဲ”

ဒီလိုအော်ပြောလိုက်ချိန် တဆိုင်လုံးကဝုန်းခနဲလှည့်အကြည့်ကား ဟာ ဝူးခနဲမောင်းပြေးသွားပါတော့တယ်

အရက်ဝယ်ပြီးထွက်လာတဲ့ရဲခမျာကားပျောက်သွားလို့ ကြောင်တောင်တောင်ဖြစ်ကျန်နေခဲ့ရ

———-

အဲ့ဒီခေတ်တုန်းလောက်ကပဲ

တဖက်လမ်းကအဆောင်မှာမီးလောင်တုန်းကမီးသတ်ကားတွေရောက်လာချိန် မီးမသတ်ပဲအချိန်ဆွဲနေလို့ဝါးရင်းတုတ်ကိုင်ပီး မီးသတ်ကားပေါ်ခုန်တက်ကာ မီးသတ်ခိုင်းတာလဲ သူပါပဲ

————-

ဒီဘက် fb ခေတ်မှာ ဥပဒေပ လူပါးဝအနိုင်ကျင့်မှုတွေဟာ online ကနေချက်ချင်းတပြည်လုံးသိသွားနိုင်ပြီးအကြီးအကျယ်ရှုံ့ချခံရသမို့ မတရားပါဝါပြမှု နည်းပါးလာပေမယ့်ရှိနေဆဲပဲ

( ပြည်သူနဲ့တသားတည်းရှိပြီး တာဝန်ကျေတဲ့ဟိုယာဉ်ထိန်းရဲကြီးကျတော့ ပြည်သူတွေရဲ့အချစ်တော် celebs ပါဖြစ်လို့ပြည်သူအပေါ်ထားတဲ့စိတ်ထားပါပဲ )

ဒီလိုမျိုးပဲ ပြည်သူတွေကလည်း ပြည်သူချင်းအပြန်အလှန်ကူညီခြင်း မတရားမှုကိုလည်း မဟုတ်မခံစိတ်နဲ့ညီညွတ်စွာထောက်ပြ ထိန်းကြောင်းနိုင်မှသာလျှင်

တိုင်းပြည်ရဲ့မဏိ္ဌုင်တွေယိမ်းယိုင်နေခဲ့မှုဟာ ပပျောက်မယ်မဟုတ်လား

ဒီဘက်ခေတ်မှာ ပြည်သူတွေဟာ မတရားအနိုင်ကျင့်သမျှှအခံသက်သက် သိုးတွေမဟုတ်တော့

ဒီ bro လို မဟုတ်မခံတွေသာဖြစ်သင့်နေပီမဟုတ်လား

(လင်းမီးလက်)