ဖိုးသဲကို ႏွစ္ကိုယ္ၾကား မွာတမ္းေျခြလိုက္တဲ႔ ဦးေက်ာ္သူ၏ စကားလံုးမ်ား

ဖိုးသဲကို ႏွစ္ကိုယ္ၾကား မွာတမ္းေျခြလိုက္တဲ႔ ဦးေက်ာ္သူ၏ စကားလံုးမ်ားဖိုးသဲနဲ႔ကြ်န္ေတာ္ ႏွစ္ကိုယ္တည္း မွာတမ္းေခြ်ပြဲ

ယေန႔ ကိုတင္ေမာင္ထြန္း(ခ)ဖိုးသဲအသက္(၃၈)ႏွစ္၏စ်ာပနအခန္းအနားအားေရေ၀းသုႆန္တြင္က်င္းပခဲ့ပါသည္။

ဖိုးသဲသည္နာေရးကူညီမႈအသင္း(ရန္ကုန္)တြင္ထူးခြ်န္၍ႀကိဳးစားအနစ္နာခံခဲ့ေသာပရဟိတသမားတစ္ဦးလည္းျဖစ္သည္။

လြန္ခဲ့သည့္သုံးရက္ကဧရာ၀တီတိုင္းျမန္ေအာင္ဖက္သို႔နာေရးလမ္းေၾကာင္းတစ္ခုအားသီလလုံျခဳံသည့္ေမာ္ေတာ္ယာဥ္ေမာင္း၀န္ထမ္းတစ္ဦးႏွင့္အတူပို႔ေဆာင္ခဲ့ၿပီးအျပန္လမ္းတြင္ဓႏုျဖဴအ၀င္တြင္ကားဘီးကြဲ၍ေမာ္ေတာ္ယာဥ္သစ္ပင္ႏွင့္တိုက္မိကာဖိုးသဲတစ္ေယာက္အသက္ဆုံးရႉံးခဲ့ရျခင္းျဖစ္သည္။

ထိုသို႔ေသာ မိမိတို႔ပရဟိတအသင္းအဖြဲ႕၊ပရဟိတေလာကအတြက္အဖိုးမျဖတ္ႏိုင္သည့္ဆုံးရႉံးမႈတစ္ရပ္ပင္ျဖစ္ေတာ့သည္။

အသုဘအခန္းအနားအားစည္ကားသိုက္ၿမိဳက္စြာျပဳလုပ္ၿပီးသည္ႏွင့္ဖိုးသဲ၏ဖခင္ႀကီးအားဖိုးသဲအားခ်ီးျမဳင့္သည့္”ပရဟိတစံျပသူရဲေကာင္းဆု”အျဖစ္ဂုဏ္ျပဳကဒ္ျပားႏွင့္ေငြသားသိန္းငါးဆယ္က်ပ္အားေပးအပ္ခဲ့ကာရက္လည္ဆြမ္းသြတ္ေသာေန႔တြင္လည္းသဃၠန္းမ်ားလႉဖြယ္ရာမ်ားအျပင္အသင္းသူ/သားမ်ား၀န္ထမ္းမ်ား၏ဖိုးသဲအတြက္ရည္စူးအလႉေငြမ်ားအားလည္းဖခင္ျဖစ္သူထံဆက္လက္လႉဒါန္းသြားမည္ျဖစ္ပါသည္။

ဖိုးသဲေရ မင္းလည္းပရဟိတေလာကအတြက္အသက္စြန္႔ၿပီးတာ၀န္ေၾကခဲ့သလို ငါလည္းတာ၀န္ေၾကေစရမယ္လို႔ဂတိေပးလိုက္ပါတယ္။

မင္းေရာက္ရွိေနတဲ့ျမင့္ျမတ္တဲ့ဘုံဌာနကေနလည္း ဆက္လက္ၿပီးပရဟိတေလာကႀကီးသန္႔ရွင္းစင္ၾကယ္ေအာင္ကာကြယ္စာင့္ေရွာက္ေပးပါလို႔ ကြ်န္ေတာ္ ဖိုးသဲနဲ႔ႏွစ္ကိုယ္တည္းမွာတမ္းေခြ်ခဲ့ပါေတာ့သည္။

(ေက်ာ္သူ)

ဖိုးသဲကို နှစ်ကိုယ်ကြား မှာတမ်းခြွေလိုက်တဲ့ ဦးကျော်သူ၏ စကားလုံးများ

ဖိုးသဲနဲ့ကျွန်တော် နှစ်ကိုယ်တည်း မှာတမ်းချွေပွဲ

ယနေ့ ကိုတင်မောင်ထွန်း(ခ)ဖိုးသဲအသက်(၃၈)နှစ်၏စျာပနအခန်းအနားအားရေဝေးသုဿန်တွင်ကျင်းပခဲ့ပါသည်။

ဖိုးသဲသည်နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်ထူးချွန်၍ကြိုးစားအနစ်နာခံခဲ့သောပရဟိတသမားတစ်ဦးလည်းဖြစ်သည်။

လွန်ခဲ့သည့်သုံးရက်ကဧရာဝတီတိုင်းမြန်အောင်ဖက်သို့နာရေးလမ်းကြောင်းတစ်ခုအားသီလလုံခြုံသည့်မော်တော်ယာဉ်မောင်းဝန်ထမ်းတစ်ဦးနှင့်အတူပို့ဆောင်ခဲ့ပြီးအပြန်လမ်းတွင်ဓနုဖြူအဝင်တွင်ကားဘီးကွဲ၍မော်တော်ယာဉ်သစ်ပင်နှင့်တိုက်မိကာဖိုးသဲတစ်ယောက်အသက်ဆုံးရှူံးခဲ့ရခြင်းဖြစ်သည်။

ထိုသို့သော မိမိတို့ပရဟိတအသင်းအဖွဲ့၊ပရဟိတလောကအတွက်အဖိုးမဖြတ်နိုင်သည့်ဆုံးရှူံးမှုတစ်ရပ်ပင်ဖြစ်တော့သည်။

အသုဘအခန်းအနားအားစည်ကားသိုက်မြိုက်စွာပြုလုပ်ပြီးသည်နှင့်ဖိုးသဲ၏ဖခင်ကြီးအားဖိုးသဲအားချီးမြုင့်သည့်”ပရဟိတစံပြသူရဲကောင်းဆု”အဖြစ်ဂုဏ်ပြုကဒ်ပြားနှင့်ငွေသားသိန်းငါးဆယ်ကျပ်အားပေးအပ်ခဲ့ကာရက်လည်ဆွမ်းသွတ်သောနေ့တွင်လည်းသဃ္ကန်းများလှူဖွယ်ရာများအပြင်အသင်းသူ/သားများဝန်ထမ်းများ၏ဖိုးသဲအတွက်ရည်စူးအလှူငွေများအားလည်းဖခင်ဖြစ်သူထံဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဖိုးသဲရေ မင်းလည်းပရဟိတလောကအတွက်အသက်စွန့်ပြီးတာဝန်ကြေခဲ့သလို ငါလည်းတာဝန်ကြေစေရမယ်လို့ဂတိပေးလိုက်ပါတယ်။

မင်းရောက်ရှိနေတဲ့မြင့်မြတ်တဲ့ဘုံဌာနကနေလည်း ဆက်လက်ပြီးပရဟိတလောကကြီးသန့်ရှင်းစင်ကြယ်အောင်ကာကွယ်စာင့်ရှောက်ပေးပါလို့ ကျွန်တော် ဖိုးသဲနဲ့နှစ်ကိုယ်တည်းမှာတမ်းချွေခဲ့ပါတော့သည်။

(ကျော်သူ)