fbpx
Knowledge

စိတ်ဖိစီးမှု ကင်းဝေးစေဖို့ သင့်ခေါင်းထဲက လုံးဝထုတ်ပယ်ထားရမယ့် အရာများ

Written by Kywee Moe

စိတ်ဖိစီးမှုဆိုတာ လူကို တော်တော်လေး ဒုက္ခပေးနိုင်စွမ်း ရှိတဲ့အရာပါ။ စိတ်ဖိစီးမှုကို ခံစားရပြီဆိုရင်တော့ လူရော၊ စိတ်ပါပင်ပန်းစေတာဖြစ်လို့ ကိုယ့်စိတ်ရဲ့ ပျော်ရွှင်မှုကို လိုလားတယ်ဆိုရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေကို မေ့ထားဖို့ လိုအပ်ပါတယ်။

ဒီအရာတွေက သင့်ဘဝမှာ ကောင်းကောင်းကြီး စိတ်ဖိစီးမှု ပေးစေတဲ့ အရာတေါဖြစ်တာမို့ ကိုယ့်ဘဝထဲကနေ ထုတ်ထားဖို့ လိုအပ်ပါတယ်နော်။

အဆိုးမြင်စိတ်များတဲ့ လူတွေ

ကိုယ့်အနီးနားမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်စိတ် များတဲ့ သူတွေဆိုတာ အနည်းနဲ့ အများတော့ ရှိတတ်ကြတာပါပဲ။ ဒီလို အဆိုးမြင်စိတ်များတဲ့ သူတွေက ကိုယ့်အတွက် စိတ်ပင်ပန်းမှုတွေ၊ စိတ်အလိုမကျမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ယူဆောင် လာတတ်ကြပါတယ်။

ဒါကြောင့် ကိုယ့်ဘဝမှာ ဒီလိုလူတွေကို ဝေးဝေးက ရှောင်နိုင်လေ ကိုယ်အတွက် ကောင်းလေပါပဲ။ ဒီလိုလူတွေက ခေါင်းကိုက်စရာတွေပေးတတ်လို့ ကိုယ့်ဘဝထဲကနေ ထုတ်ထားသင့်ပါတယ်။

ထိန်းချုပ်ချင်တဲ့ သူတွေ

လူတိုင်းမှာ ကိုယ့်ဘဝရဲ့လွတ်လပ်မှုတိုင်းကို ကိုယ်ပဲ ပိုင်ဆိုင်တာပါ။ ဒါကိုမှ တစ်စုံတစ်ယောက်က ကိုယ့်ဘဝကို လာထိန်းချုပ်ဖို့ ကြိုးစားနေရင်တော့ ဒါဟာ တစ်ခုခုတော့ မှားနေပါပြီနော်။

ကိုယ့်ဘဝကို သူများလက်ထဲမှာ အ ထိန်းအချုပ်မခံသင့်ပဲ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်သာ ပုံဖော်သင့်ပါတယ်။
တစ်စုံတစ်ယောက်ဆီမှာ ထိန်းချုပ်ခြင်းခံလာရပြီဆိုရင်တော့ ဒါဟာ စိတ်ဖိစီးမှု အကြီးကြီးကို ဖြစ်ပေါ်စေတာပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ် ထိန်းချုပ်ဖို့ကြိုးစားတဲ့ဲ့ သူတွေကို ကိုယ့်ဘဝမှာ မလိုအပ်ပါဘူးနော်။

အရာရာ ပြည့်စုံမှု

လောကမှာ ဘယ်သူကမှ အရာရာပြည့်စုံမနေပါဘူး။ ဒါကိုမှ သင်က အရာရာမှာ ပြီးပြည့်စုံချင်နေရင်တော့ ဒါဟာ သဘာဝလွန်ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ အရာရာမှာ ပြည့်စုံဖို့ကို မကြိုးစားပါနဲ့ ဒါက သင့်ကို စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းလေးလေံနေစေမှာပါ။

ဒီတော့ ဘဝမှာ အရာရာပြီးပြည့်စုံနေဖို့ မလိုပါဘူး ပြည့်စုံချင်တဲ့ စိတ်ကို ဘဝထဲက ထုတ်ထားလိုက်ပါ။

တစ်ခြားလူတွေနဲ့ လိုက်နှိုင်းယှဉ်နေမိတာ

လူတစ်ယောက်နဲ့တစ်ယောက်က တူညီတဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ ရှိမနေကြပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို တစ်စုံတစ်ယောက်နဲ့ လိုက်နှိုင်းယှဉ်နေမိတာက ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ကျဆင်းစေနိုင်သလလို စိတ်ပင်ပန်းမှုကိုလည်း ဖြစ်စေပါတယ်။

ဒါကြောင့်မို့လို့ တစ်ခြားလူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေတာဟာ ကိုယ့်ဘဝမှာ မလိုအပ်ပါဘူး။ ကိုယ့်မှာလည်း ချစ်စရာကောင်းလှတဲ့ အချက်တွေ အများကြီး ရှိနေလို့ပါ။

Zawgyi

စိတ္ဖိစီးမႈဆုိတာ လူကို ေတာ္ေတာ္ေလး ဒုကၡေပးႏုိင္စြမ္း ႐ွိတဲ့အရာပါ။ စိတ္ဖိစီးမႈကို ခံစားရၿပီဆုိရင္ေတာ့ လူေရာ၊ စိတ္ပါပင္ပန္းေစတာျဖစ္လို႔ ကိုယ့္စိတ္ရဲ႕ ေပ်ာ္႐ႊင္မႈကို လုိလားတယ္ဆုိရင္ စိတ္္္ဖိစီးမႈျဖစ္ေစတဲ့ အရာေတြကို ေမ့ထားဖို႔ လုိအပ္ပါတယ္။

ဒီအရာေတြက သင့္ဘဝမွာ ေကာင္းေကာင္းႀကီး စိတ္ဖိစီးမႈ ေပးေစတဲ့ အရာေတါျဖစ္တာမုိ႔ ကိုယ့္ဘဝထဲကေန ထုတ္ထားဖုိ႔ လုိအပ္ပါတယ္ေနာ္။

အဆိုးျမင္စိတ္မ်ားတဲ့ လူေတြ

ကိုယ့္အနီးနားမွာ၊ ကိုယ့္ပတ္ဝန္းက်င္မွာ အဆုိးျမင္စိတ္ မ်ားတဲ့ သူေတြဆုိတာ အနည္းနဲ႔ အမ်ားေတာ့ ႐ွိတတ္ၾကတာပါပဲ။ ဒီလုိ အဆုိးျမင္စိတ္မ်ားတဲ့ သူေတြက ကိုယ့္အတြက္ စိတ္ပင္ပန္းမႈေတြ၊ စိတ္အလုိမက်မႈေတြနဲ႔ စိတ္ဖိစီးမႈေတြကို ယူေဆာင္ လာတတ္ၾကပါတယ္။

ဒါေၾကာင့္ ကိုယ့္ဘဝမွာ ဒီလုိလူေတြကို ေဝးေဝးက ေ႐ွာင္ႏုိင္ေလ ကိုယ္အတြက္ ေကာင္းေလပါပဲ။ ဒီလုိလူေတြက ေခါင္းကိုက္စရာေတြေပးတတ္လုိ႔ ကိုယ့္ဘဝထဲကေန ထုတ္ထားသင့္ပါတယ္။

ထိန္းခ်ဳပ္ခ်င္တဲ့ သူေတြ

လူတိုင္းမွာ ကိုယ့္ဘဝရဲ႕လြတ္လပ္မႈတိုင္းကို ကိုယ္ပဲ ပိုင္ဆုိင္တာပါ။ ဒါကိုမွ တစ္စံုတစ္ေယာက္က ကိုယ့္ဘဝကို လာထိန္းခ်ဳပ္ဖုိ႔ ႀကိဳးစားေနရင္ေတာ့ ဒါဟာ တစ္ခုခုေတာ့ မွားေနပါၿပီေနာ္။

ကိုယ့္ဘဝကို သူမ်ားလက္ထဲဲမွာ အ ထိန္းအခ်ဳပ္မခံသင့္ပဲ ကိုယ့္ဘဝကို ကိုယ့္စိတ္ႀကိဳက္သာ ပံုေဖာ္သင့္ပါတယ္။
တစ္စံုတစ္ေယာက္ဆီမွာ ထိန္းခ်ဳပ္ျခင္းခံလာရၿပီဆုိရင္ေတာ့ ဒါဟာ စိတ္ဖိစီးမႈ အႀကီးႀကီးကို ျဖစ္ေပၚေစတာပါပဲ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတဲ့ဲ့ သူေတြကို ကိုယ့္ဘဝမွာ မလုိအပ္ပါဘူးေနာ္။

အရာရာ ျပည့္စံုမႈ

ေလာကမွာ ဘယ္သူကမွ အရာရာျပည့္စံုမေနပါဘူး။ ဒါကိုမွ သင္က အရာရာမွာ ၿပီးျပည့္စံုခ်င္ေနရင္ေတာ့ ဒါဟာ သဘာဝလြန္ျဖစ္သြားပါလိမ့္မယ္။ ဒီေတာ့ အရာရာမွာ ျပည့္စံုဖို႔ကို မႀကိဳးစားပါနဲ႔ ဒါက သင့္ကို စိတ္ဖိစီးမႈေတြနဲ႔ ပင္ပန္းေလးေလံေနေစမွာပါ။

ဒီေတာ့ ဘဝမွာ အရာရာၿပီးျပည့္စံုေနဖို႔ မလုိပါဘူး ျပည့္စံုခ်င္တဲ့ စိတ္ကို ဘဝထဲက ထုတ္ထားလုိက္ပါ။

တစ္ျခားလူေတြနဲ႔ လုိက္ႏႈိင္းယွဥ္ေနမိတာ

လူတစ္ေယာက္နဲ႔တစ္ေယာက္က တူညီတဲ့ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြ ႐ွိမေနၾကပါဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ကို တစ္စံုတစ္ေယာက္နဲ႔ လုိက္ႏိႈင္းယွဥ္ေနမိတာက ကိုယ့္ရဲ႕ ယံုၾကည္မႈေတြကို က်ဆင္းေစႏုိင္သလလုိ စိတ္ပင္ပန္းမႈကိုလည္း ျဖစ္ေစပါတယ္။

ဒါေၾကာင့္မို႔လုိ႔ တစ္ျခားလူေတြနဲ႔ ကိုယ့္ကိုယ္ကို ႏႈိင္းယွဥ္ေနတာဟာ ကိုယ့္ဘဝမွာ မလုိအပ္ပါဘူး။ ကိုယ့္မွာလည္း ခ်စ္စရာေကာင္းလွတဲ့ အခ်က္ေတြ အမ်ားႀကီး ႐ွိေနလုိ႔ပါ။

About the author

Kywee Moe

Leave a Comment