fbpx
Health

မှတ်သားထိုက်သည့် မြန်မာဆေးနည်းတို (၁၈)ခု

Written by Kywee Moe

မြန်မာဆေးနည်း (၁၈) နည်း

၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။

သွေးကျဆေး အထူးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုေ ပျာက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုြ ပုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှို းရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။

ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက် မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။သက်သာပျောက်ကင်းစေပါသည်။

( မှတ်ချက် ) မာလကာစေ့ခြောက်မှုန့်ကို သွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့် ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည် ကြမ်း လုပ်သောက်ပါ ၊ သက်သာပျောက်ကင်းစေသည်

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းေ သာက်ပါ။ သုံးခါပင် မသောက်ရဘဲသက်သာေ ပျာက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ် ဆီးနီ ဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည် ( ၅ ) ကျပ်သားကို

ရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ နေ့ချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကိုညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်း၍စားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့် ထန်းလျက်ကို ရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါသက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကို ဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကိုလိမ်းပေးပါ။ ဝေဒနာချက်ချင်း သက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။ ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အမျိုးသမီးများတွင် အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာ ပတ်တီးစည်းထားပါ ပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာ ခါးနားလျှင် နံံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍ လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွား ပါလိမ့်မည်။

မောင်နန္ဒာ ( မန္တလေး )

Zawgyi

ျမန္မာေဆးနည္း (၁၈) နည္း

၁။ ေသြးတိုိးလို႔ ေသြးက်လိုလၽွင္ သံပုရာသီးတစ္လုံးကို( ၁၅ ) မိနစ္ခန္႔ၾကာေအာင္ေရစိမ္ၿပီး အရည္ညႇစ္၍ ၾကက္ဥတစ္လုံး ေဖာက္ထည့္ကာေရာေမႊေသာက္လိုိက္ပါ။

ေသြးက်ေဆး အထူးေသာက္စရာမလိုဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၂။ အပူက်ိိတ္ျဖစ္ရင္ ပါးခ်ိတ္ေအာက္ႏွင့္ ေပါင္ၾကားတို႔တြင္ ေပါက္တက္ေသာ အပူက်ိတ္မ်ားကိုေ ပ်ာက္လိုလၽွင္ နႏြင္းခါးဥကို ေသြးလိမ္းပါ။သုံးႀကိမ္မၽွ လူး႐ုံ လိမ္း႐ုံႏွင့္ ေပ်ာက္ကင္းေစပါသည္။

၃။ အိိပ္မေပ်ာ္ျခင္းျဖစ္လၽွင္ ဒန္႔ကၽြဲျမစ္ကိုျ ပဳတ္၍သၾကားအနည္းငယ္ ထည့္ၿပီးေသာက္ပါ။ တစ္ခါေသာက္လၽွင္ အၾကမ္းပန္းကန္ႏွင့္ တစ္လုံးေသာက္ ည ၊ နံနက္ ေသာက္ပါ။ အိပ္မေပ်ာ္ျခင္းေဝဒနာ သက္သာေပ်ာက္ကင္းေစမည္။

၄။ ပန္းေသပန္းညႇို းေရာဂါျဖစ္လၽွင္ ကေစာ့ပုပ္ျမစ္ကိုအေျခာက္လွန္း အမွုန္႔ျပဳၿပီး ပ်ားရည္ႏွင့္ေသာက္ပါ ရက္မရွည္ဘဲ ေပ်ာက္ကင္းေစပါသည္။

၅။ အမ်ိဳးသမီးမ်ား မီးယပ္ျဖဴဆင္းေရာဂါျဖစ္လၽွင္ အေဝရာရြက္ကို မၾကာခဏ သုပ္စားပါ။

ထို႔အျပင္ သိေႏၶာ ဆားတစ္ဆ ၊ လက္ပံပြင့္ေျခာက္ မွုန္႔ႏွစ္ဆတို႔ကို ေထာပတ္ႏွင့္ ေရာ၍ ကြမ္းသီးလုံးခန္ ႔နံနက္ ၊ ည ခြဲၿပီးစားပါ ေပ်ာက္ကင္းေစပါသည္။

၆။ သြားကိုိက္ သြားဖုံးေရာင္ သြားျပည္ယိုျဖစ္လၽွင္ မာလကာေခါက္ကို ျပဳတ္၍ ငုံေပးပါ။သက္သာေပ်ာက္ကင္းေစပါသည္။

( မွတ္ခ်က္ ) မာလကာေစ့ေျခာက္မွုန္႔ကို သြားေျခထဲ ထည့္ေပးလၽွင္လည္း သက္သာေပ်ာက္ကင္းေစပါသည္။

၇။ ေသြးဝမ္းလြန္ျခင္းျဖစ္လၽွင္ ထမင္းေျခာက္ကိုေလွာ္၍ ထန္းလ်က္ႏွင့္ အညက္ႀကိတ္၍စားပါ ၊ သက္သာေပ်ာက္ကင္းေစပါသည္။

၈။ ေလထိုးေလေအာင့္ျဖစ္လၽွင္ ပုန္းညႇက္ပန္းပြင့္ ေျခာက္မ်ားကို ေရေႏြးတြင္ထည့္၍ လက္ဖက္ရည္ ၾကမ္း လုပ္ေသာက္ပါ ၊ သက္သာေပ်ာက္ကင္းေစသည္

၉။ ေအာ့အန္ျခင္း ေဝဒနာျဖစ္လၽွင္ ေရွာက္ျမစ္ကိုေသြး၍ ပ်ားရည္ႏွင့္ စားပါက သက္သာေပ်ာက္ကင္းေစပါသည္။

၁၀။ ဆီးအိမ္တြင္းမွာ ေက်ာက္တည္ျခင္းျဖစ္လၽွင္ သမင္ခ်ိဳကိုေသြး၍ သံပုရာရည္ႏွင့္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းေ သာက္ပါ။ သုံးခါပင္ မေသာက္ရဘဲသက္သာေ ပ်ာက္ကင္းေစပါသည္။

၁၁။ ဆီးက်ဥ္ ဆီးနီ ဆီးေႏွာက္ျဖစ္လၽွင္ ( ဘုရားကပ္လွူသည့္ ) ေက်ာက္စိမ္းပန္းက်ားပင္ အျမစ္ေရာအရိုးပါ ထုေျခလို႔ရေသာအရည္ ( ၅ ) က်ပ္သားကို

ေရႏွင့္ျပဳတ္က်ိဳၿပီး နံနက္ ၊ ည ႏွစ္ခြက္ေသာက္ပါ ေန႔ခ်င္းပင္သက္သာေပ်ာက္ကင္းေစပါသည္။

၁၂။ စားမဝင္ အိပ္မေပ်ာ္ျဖစ္လၽွင္ ပ်ားရည္စစ္စစ္ကို လက္ဖက္ရည္ဇြန္းေလးနဲ႔တစ္ဇြန္းကိုညအိပ္ရာဝင္တိုင္း ေသာက္ေပးပါ။ ခံတြင္းေကာင္း၍စားဝင္အိပ္ေပ်ာ္ေစနိုင္ပါသည္။

၁၃။ မီးယပ္ေသြးဆင္းခ်ိန္တြင္ မူးေဝတက္ပါသည္။ထို႔သို႔ျဖစ္လၽွင္ ေရွာက္သီးႏွင့္္ ထန္းလ်က္ကို ေရာစားလိုက္ပါ။ သက္သာေပ်ာက္ကင္းေစပါသည္။

၁၄။ ပန္းနာ ရင္က်ပ္ ေခ်ာင္းဆိုးျခင္းျဖစ္လၽွင္ သစ္ဆိမ့္သီးအခြံကိုေသြး ပ်ားရည္ႏွင့္ စားေပးပါသက္သာေပ်ာက္ကင္းေစပါသည္။

၁၅။ ကင္းကိုက္ျခင္းခံရလၽွင္ ကေစာ့ျမစ္ကို ဆန္ေဆးရည္ႏွင့္ ေသြးၿပီး အဆိပ္သင့္တဲ့ေနရာကိုလိမ္းေပးပါ။ ေဝဒနာခ်က္ခ်င္း သက္သာေစပါသည္။

၁၆။ ဆံပင္ကၽြတ္လၽွင္ ပိေထာက္ရြက္ကို ထုေထာင္း၍ ေခါင္းေလၽွာ္ရည္ႏွင့္ တြဲဖက္ ေလၽွာ္ေပးပါ။ ဆံပင္မ်ားလုံးဝမကၽြတ္ေစပါ။

၁၇။ အမ်ိဳးသမီးမ်ားတြင္ အဖုအက်ိိတ္မ်ားေပါက္လၽွင္လဝန္းဂမုန္းပင္ ပဥၥငါးပါးကို ထုေထာင္း၍အက်ိတ္ေပၚသို႔အုံေပးကာ ပတ္တီးစည္းထားပါ ေပ်ာက္ကင္းေစပါသည္။

၁၈။ ဒူးနာ ခါးနားလၽွင္ နံ့ံသာျဖဴႏွင့္ ဂ်င္းကိုဆတူေရာ၍ လိမ္းပါ။ ယူပစ္သလို သက္သာေပ်ာက္ကင္းသြား ပါလိမ့္မည္။

ေမာင္နႏၵာ ( မႏၲေလး )

About the author

Kywee Moe

Leave a Comment