fbpx
Health

အသည်းရောင် အသားဝါ အတွက် သမုန်းပင်

Written by Kywee Moe

အသည်းရောင် အသားဝါ အတွက် သမုန်းပင်

အညာဒေသမှာ ပေါများတဲ့(သမားမုန်း၊သင်ပုန်းပင်၊သမုန်းပင်) – အသည်းကြီးခြင်း အသည်းယောင်ခြင်း အသည်းရောင်အသားဝါ B C အမျိုးမျိုးအတွက် သင်ပုန်းရွက်အား သုံးခွက်တစ်ခွက် ကျို၍ တစ်နေ့သုံးကြိမ် လက်ဖက်ရည်ပန်းကန်ဖြင့်တစ်ပတ်တိတိ သောက်ပေးရုံဖြင့် ရောဂါ သက်သာ ပျောက်ကင်းစေပါသည်။ ဆေးက စွမ်းလွန်းလို့ သမားတော်တွေတောင် အသုံးမဝင်သလိုဖြစ်လို့ သမားမုန်းလို့ခေါ်တာတဲ့။

သမုန်းဖူး – သမားမုန်းကနေ သမုန်းပင်လို့ ခေါ်တာတဲ့။ ရေနွေးဖြောပြီး သုပ်စားတဲ့ ဓာတ်စာရွက် အဖူးအပွင့်များကိုလည်း သုပ်စားလို့ ရပါတယ်။

အညာမှာ သတိရစရာတွေကအများသား။ အဲဒီအထဲက သမုန်းပင်လေးတွေ ကတော့ အမှတ်တရပါဘဲ၊ သမုန်းဖူးလေးတွေက သင်္ကြန်နားနီးရင် တပင်လုံးဝေနေအောင်ဖူးကြတယ်။ အခုဆို သမုန်းဖူးလေးတွေ ခူးလို့ရနေဘီ၊ အရင်ကတင်ဖူးပေမဲ့ ရာသီနီးတော့ ပြန်တင်မိတယ်၊ သမုန်းက တပိုတွဲလကစပြီးပွင့်လိုက်တာ တန်ခူးလရောက်သည်အထိပါဘဲ၊ ယခင်က သမားမုန်း ခေါ်ရာကနေ သမုန်းဖြစ်လာတယ်လို့ဆိုပါတယ်၊ အပွင့်ကလည်း စိမ်းစိမ်းဆိုတော့ ပွင့်မှန်းမသိလိုက်ရဖူး၊ သမုန်းဆိုတာ အညာရဲ သင်္ကေတတခုဆိုနိုင်တယ်၊ သမုန်းဖူးသုပ်ဟာ အရသာရှိလှတယ် ရွာအမည်ပေးတာတောင် သမုန်းပင်ကို အစွဲပြုလို့ “သမုန်းကုန်းရွာ” လို့ပေးကြတယ်၊ ပူပြင်းတဲ့အညာနွေပူပူကိုသူကအန်တု နိုင်တယ်လေ၊ ငယ်ငယ်က အပင်နဲ့ ကြီးလာရင် ဖြစ်လာတဲ့ အပင်သရုပ်က လုံးလုံးမတူပါဘူး၊ ငယ်ငယ်က အရွက်ကပုံစံက သေးသေးသွယ်သွယ် အသက်လေးနဲနဲရလာတော့ linear ပုံစံကနေ elliptic oblong or oval shape ဘဲဥပုံ ဖြစ်လာဘီ၊ တပင်ထဲမှာကိုဘဲ အရွက်ပုံစံက အမျိုးမျိုးဖြစ်လို့နေတယ်၊ အဲဒါကြောင့် မျိုးစိတ်အမည်ကို variabilis လို့ပေးခဲ့တာပါ၊ သမုန်းပင်လေးတွေက ပူပြင်းသောရာသီ ကျောက်စရစ်ကုန်းမြေ တွေကိုကြိုက်ကြတယ်၊ အခြားအပင်တွေမရှင်ခြင်နေပါစေ သမုန်းပင်ကတော့ ရှင်တယ်။

ရုက္ခဗေဒမှာတော့ xerophytic plants ရေနဲခံပင်လို့ အမည်နာမသတ်မှတ်ထားတယ်၊ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်က တာဝန်ကျခဲ့တဲ့ ပခုက္ကူတက္ကသိုလ်ထဲမှာ သမုန်းပင်တွေအများကြီးပါ၊ သင်္ကြန်နားနီးလို့ သမုန်းဖူးချိန်မှာ သုပ်စားကြတယ်၊သမုန်းဖူးသုပ်က အညာမြေရဲ့ ထင်ရှားလှသော အစားအစာတခုဘဲပေါ့၊ အောက်ပြည်မှာမရ အညာမှာဘဲရတတ်တဲ့ သမုန်းဖူးဖြစ်တာကြောင့် ရှားရှားပါးပါး စားရတဲ့အစာပါဘဲ။

သမုန်းဖူးပြုတ်တွေကို ကြက်သွန်နီဖြူဆီသပ် ပြီး မြေပဲဆန် ပုဇွန်ခြောက်ထောင်းတွေနဲ့အတူ ငံပြာရည် အချိုမှုန့်ထည့်ပြီး သုတ်လိုက်ရင် အဖန်ဓာတ်လေးလည်းပါပြီး ကျမ်းမာရေးညီညွတ်သော သမုန်းဖူးသုပ်လေးရမှာပါ၊ ရောဂါအတော်များများ သုပ်စားရုံနဲ့ သက်သာစေတယ်လို့ ယုံကြည်ကြတာမို့ အစာလည်း ဆေး ဆေးလည်းအစာပါဘဲ။

သမုန်းဥ ဆိုတာ အကိုင်းအခက်တွေမှာရှိတဲ့ ကျီးပေါင်းတမျိုးပါ သူကလည်း အရမ်းဆေးဖက်ဝင်ပါတယ်၊ ထိခိုက်ရှနာ ပွန်းပဲ့တာတွေကို ဥကို သွေးလိမ်းရင်ပျောက်တယ်၊ အဖုအကြိတ်ဝက်ခြံတွေကိုလည်း သွေးလိမ်းရင်သက်သာပါတယ်၊ ကျောက်ကာ ရွှေဂူဖြူကျောင်းရောက်တော့ ကျောင်းဝင်းထဲက သမုန်းပင်ကြီးတွေမြင်ခဲ့ရတယ်၊ လမ်းတလျှောက်လဲ အရွယ်စုံ သမုန်းပင်တွေမြင်ခဲ့ရတယ်၊ အများအားဖြင့် ထင်းခုတ်လို့ လက်မောင်းအိုးလောက် အပင်တွေဘဲရှိတော့တယ်၊ ထူးထူးခြားခြား ကြည့်ဝင်းတောင်မရောက်ခင် လူ ၂ ယောက်လောက်ဖက်မှမီနိုင်မည့် သမုန်းပင်ကြီးမြင်ရတော့ မင်သက်မိသွားတယ် ၊တကယ့်ကို အကြီးကြီးပါဘဲ တသက်နဲ့တကိုယ်ဒီတခါမြင်ဖူးတာပါ။ မယုံလို့ ဆရာတော်ပြကြည့်တော့ ဟုတ်တယ် တကာတဲ့၊ လူတွေသာ အပင်တွေ ထင်တိုင်းမခုတ်ခဲ့ရင် ဘယ်လောက်ကြီး နိုင်တာကို သူကပြနေတယ် ၊ ပင်စည်က မီးခိုးရောင်အခေါက်တွေ ပြောင်လက်နေတယ်၊ အကိုင်းတွေက ဆလင်ဒါပုံ၊ အရွက်က ရွက်လွှဲထွက်တယ် ရွက်စွယ်ရှိကြတယ်၊ ပန်းခိုင်က ထိတ်ထွက်ကြားထွက် corymbose raceme ဖြစ်ပြီး ပန်းပွင့် ၁၀ ကနေ ၂၀ အထိပါတယ်၊ ပန်းလေးတွေက အစိမ်းရောင် ရှိကြတယ် လိင်စုံပန်းလေးတွေဖြစ်ပြီး လေးချမ်းညီပြီး အချိုးလည်းညီကြတယ်၊ ပွင့်ဖတ် ၄ ခုစီသာပါသော ၄ အင်္ဂါဆ ပန်းလေးတွေဖြစ်ကြတယ်၊ အခြားပန်းများလို အရောင်လှပတဲ့ ပွင့်ချပ်က မပါရှာဖူး၊ ဒါ့ကြောင့်လည်း သမုန်းပွင့်တာ လူတွေမသိကြတာပါ့၊ ဝတ်ဆံဖို ၈ ခုကနေ ၁၅ ခုလောက်ပါပြီး အပြင်ဖက်မှာရှိပြီး ထင်ရှားလှတယ်၊ မြန်မာလိုဆိုရင် ဖိုမခြေတန်ခေါ်တဲ့ androgynophores ပါခြင်းကတော့ ဒီပန်းရဲ့ထူးခြားချက်ပါ။ အစေ့အိမ်က ကာပယ် ၂ ခုပါတယ် ဖြတ်ကြည့်ရင် အစေ့အိမ်ခန်းတခန်းသာရှိပြီး အစေ့လောင်းများစွာက နံရံကပ်နေသော ချက်တိုင် ၂ ခုကနေ ထွက်နေတာပါ၊ အသီးကတော့ လုံးဝန်းသော မအက်ကွဲတဲ့ ဘယ်ရီသီး အမျိုးနွယ်ပါ အစေ့ ၃-၄ စေ့ခန့်ပါပါတယ် ။

အရှင်နာဂသိန်ဆေးကျမ်း မှာတော့ အဖိုပင် အမပင်ရှိတယ်လို့ ရေးသားထားပါတယ် ။အမပင်က အရွက်ကြီးပြီး အဖိုရွက် က သေးသေးသွယ်သွယ်ဆိုထားပါတယ်၊ တကယ်တော့ ဆရာတော်ကြီးရေးသလို မျိုးရင်းလက္ခဏာအရတော့ အပင်က အဖိုအမ မရှိပါဘူး၊ အရွက်တွေက ခါးကြပါတယ်၊ သလိပ်ကိုနိုင်သလို ရင်ပြည့် ရင်ကြပ် အကြောတက် အကြောအောင့် အနာ အညောင်းအညာမိလို့ ကိုက်ခဲနေသူများက သမုန်းရွက်ကို ဟင်းချို ချက်သောက်ခြင်း သမုန်းရွက်ကိုသုပ်စားသင့်တယ်လို့ ဆေးကျမ်းကဆိုထားပါတယ်၊ တနေကုန် စာသင်ရတဲ့ ဆရာဆရာမတွေ ရုံဝန်ထမ်းတွေအတွက် အထူးသင့်လျော်လှတယ်။

“သမုန်းဥ” သည်ပူသည် ဒါပေသည့် ဆေးဖက်လည်းဝင်ပါတယ်၊ ခြေလက်များ အေးခြင်း၊ ဖေါယောင်ခြင်း၊ ညောင်းကိုက်ထုံကြင်ခြင်း၊ မျက်စေ့မှုံခြင်း ကိုယ်လက်လေးလံခြင်းတို့ကို ပျောက်ကင်းစေတယ်လို့လည်း ဖေါ်ပြထားပါတယ်၊ ကြည့်ဝင်းတောင်ဆရာတော်ကြီးကတော့ မျက်စေ့အောင့် မျက်စေ့နာကို သမုန်းဥ သွေးပြီးကွင်းလိမ်းရင် တကယ်ပျောက်တယ် သက်သာတယ်လို့ မိန့်ပါတယ်၊ ကျောင်းပတ်ပတ်လည်က သမုန်းပင်တွေကိုလည်းလိုက်ပြတယ်၊ “ဆရာကြည်လွင်မြင့်” မုဒြာကတော့ မျက်စေ့အေးအောင် သမုန်းဖူးသုပ်သုတ်စားကြသလို သမုန်းသားကို ခုံဖိနပ်လုပ်စီးတယ်လို့ ပြောပြပါတယ်၊ အညာဒေသမှာ ပေါများလွန်းတဲ့ သမုန်းပင်ဟာ Wikipedia လို စွယ်စုံကျမ်းကြီးမှာတောင် ပုံနဲ့တကွ ပြည့်ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိသေးလို့ ဆက်လက်သုတေသနပြုသင့်သော အပင်တပင်ပါဘဲ၊ အညာသားမှန်ရင် သမုန်းကို ချစ်ကြမှာပါ။

ref : flora of Shwebo Dr.Khinhninnyee, Checklist of Myanmar, ပုံပြဆေးအဘိဓာန် , Credit- Kothet Naing Oo

Zawgyi

အသည္းေရာင္ အသားဝါ အတြက္ သမုန္းပင္

အညာေဒသမွာ ေပါမ်ားတဲ့(သမားမုန္း၊သင္ပုန္းပင္၊သမုန္းပင္) – အသည္းႀကီးျခင္း အသည္းေယာင္ျခင္း အသည္းေရာင္အသားဝါ B C အမ်ိဳးမ်ိဳးအတြက္ သင္ပုန္း႐ြက္အား သုံးခြက္တစ္ခြက္ က်ိဳ၍ တစ္ေန႔သုံးႀကိမ္ လက္ဖက္ရည္ပန္းကန္ျဖင့္တစ္ပတ္တိတိ ေသာက္ေပး႐ုံျဖင့္ ေရာဂါ သက္သာ ေပ်ာက္ကင္းေစပါသည္။ ေဆးက စြမ္းလြန္းလို႔ သမားေတာ္ေတြေတာင္ အသုံးမဝင္သလိုျဖစ္လို႔ သမားမုန္းလို႔ေခၚတာတဲ့။

သမုန္းဖူး – သမားမုန္းကေန သမုန္းပင္လို႔ ေခၚတာတဲ့။ ေရေႏြးေျဖာၿပီး သုပ္စားတဲ့ ဓာတ္စာ႐ြက္ အဖူးအပြင့္မ်ားကိုလည္း သုပ္စားလို႔ ရပါတယ္။

အညာမွာ သတိရစရာေတြကအမ်ားသား။ အဲဒီအထဲက သမုန္းပင္ေလးေတြ ကေတာ့ အမွတ္တရပါဘဲ၊ သမုန္းဖူးေလးေတြက သၾကၤန္နားနီးရင္ တပင္လုံးေဝေနေအာင္ဖူးၾကတယ္။ အခုဆုိ သမုန္းဖူးေလးေတြ ခူးလုိ႔ရေနဘီ၊ အရင္ကတင္ဖူးေပမဲ့ ရာသီနီးေတာ့ ျပန္တင္မိတယ္၊ သမုန္းက တပုိတြဲလကစၿပီးပြင့္လုိက္တာ တန္ခူးလေရာက္သည္အထိပါဘဲ၊ ယခင္က သမားမုန္း ေခၚရာကေန သမုန္းျဖစ္လာတယ္လုိ႔ဆုိပါတယ္၊ အပြင့္ကလည္း စိမ္းစိမ္းဆုိေတာ့ ပြင့္မွန္းမသိလုိက္ရဖူး၊ သမုန္းဆိုတာ အညာရဲ သေကၤတတခုဆိုႏိုင္တယ္၊ သမုန္းဖူးသုပ္ဟာ အရသာ႐ွိလွတယ္ ရြာအမည္ေပးတာေတာင္ သမုန္းပင္ကို အစြဲျပဳလို႔ “သမုန္းကုန္းရြာ” လို႔ေပးၾကတယ္၊ ပူျပင္းတဲ့အညာေႏြပူပူကိုသူကအန္တု ႏိုင္တယ္ေလ၊ ငယ္ငယ္က အပင္နဲ႔ ႀကီးလာရင္ ျဖစ္လာတဲ့ အပင္သ႐ုပ္က လုံးလုံးမတူပါဘူး၊ ငယ္ငယ္က အရြက္ကပုံစံက ေသးေသးသြယ္သြယ္ အသက္ေလးနဲနဲရလာေတာ့ linear ပုံစံကေန elliptic oblong or oval shape ဘဲဥပုံ ျဖစ္လာဘီ၊ တပင္ထဲမွာကိုဘဲ အရြက္ပုံစံက အမ်ဳိးမ်ဳိးျဖစ္လို႔ေနတယ္၊ အဲဒါေၾကာင့္ မ်ဳိးစိတ္အမည္ကို variabilis လို႔ေပးခဲ့တာပါ၊ သမုန္းပင္ေလးေတြက ပူျပင္းေသာရာသီ ေက်ာက္စရစ္ကုန္းေျမ ေတြကိုၾကဳိက္ၾကတယ္၊ အျခားအပင္ေတြမရွင္ျခင္ေနပါေစ သမုန္းပင္ကေတာ့ ရွင္တယ္။

႐ုကၡေဗဒမွာေတာ့ xerophytic plants ေရနဲခံပင္လို႔ အမည္နာမသတ္မွတ္ထားတယ္၊ လြန္ခဲ့ေသာ ၁၀ ႏွစ္ေက်ာ္ေက်ာ္က တာဝန္က်ခဲ့တဲ့ ပခုကၠဴတကၠသိုလ္ထဲမွာ သမုန္းပင္ေတြအမ်ားႀကီးပါ၊ သၾကၤန္နားနီးလို႔ သမုန္းဖူးခ်ိန္မွာ သုပ္စားၾကတယ္၊သမုန္းဖူးသုပ္က အညာေျမရဲ႕ ထင္ရွားလွေသာ အစားအစာတခုဘဲေပါ့၊ ေအာက္ျပည္မွာမရ အညာမွာဘဲရတတ္တဲ့ သမုန္းဖူးျဖစ္တာေၾကာင့္ ႐ွား႐ွားပါးပါး စားရတဲ့အစာပါဘဲ။

သမုန္းဖူးျပဳတ္ေတြကုိ ၾကက္သြန္နီျဖဴဆီသပ္ ၿပီး ေျမပဲဆန္ ပုဇြန္ေျခာက္ေထာင္းေတြနဲ႔အတူ ငံျပာရည္ အခ်ဳိမႈန္႔ထည့္ၿပီး သုတ္လုိက္ရင္ အဖန္ဓာတ္ေလးလည္းပါၿပီး က်မ္းမာေရးညီၫြတ္ေသာ သမုန္းဖူးသုပ္ေလးရမွာပါ၊ ေရာဂါအေတာ္မ်ားမ်ား သုပ္စား႐ုံနဲ႔ သက္သာေစတယ္လုိ႔ ယုံၾကည္ၾကတာမုိ႔ အစာလည္း ေဆး ေဆးလည္းအစာပါဘဲ။

သမုန္းဥ ဆုိတာ အကုိင္းအခက္ေတြမွာ႐ွိတဲ့ က်ီးေပါင္းတမ်ဳိးပါ သူကလည္း အရမ္းေဆးဖက္ဝင္ပါတယ္၊ ထိခုိက္႐ွနာ ပြန္းပဲ့တာေတြကုိ ဥကုိ ေသြးလိမ္းရင္ေပ်ာက္တယ္၊ အဖုအႀကိတ္ဝက္ျခံေတြကုိလည္း ေသြးလိမ္းရင္သက္သာပါတယ္၊ ေက်ာက္ကာ ေရႊဂူျဖဴေက်ာင္းေရာက္ေတာ့ ေက်ာင္းဝင္းထဲက သမုန္းပင္ႀကီးေတြျမင္ခဲ့ရတယ္၊ လမ္းတေလွ်ာက္လဲ အရြယ္စုံ သမုန္းပင္ေတြျမင္ခဲ့ရတယ္၊ အမ်ားအားျဖင့္ ထင္းခုတ္လို႔ လက္ေမာင္းအိုးေလာက္ အပင္ေတြဘဲရွိေတာ့တယ္၊ ထူးထူးျခားျခား ၾကည့္ဝင္းေတာင္မေရာက္ခင္ လူ ၂ ေယာက္ေလာက္ဖက္မွမီႏိုင္မည့္ သမုန္းပင္ႀကီးျမင္ရေတာ့ မင္သက္မိသြားတယ္ ၊တကယ့္ကို အႀကီးႀကီးပါဘဲ တသက္နဲ႔တကိုယ္ဒီတခါျမင္ဖူးတာပါ။ မယုံလို႔ ဆရာေတာ္ျပၾကည့္ေတာ့ ဟုတ္တယ္ တကာတဲ့၊ လူေတြသာ အပင္ေတြ ထင္တိုင္းမခုတ္ခဲ့ရင္ ဘယ္ေလာက္ႀကီး ႏိုင္တာကို သူကျပေနတယ္ ၊ ပင္စည္က မီးခိုးေရာင္အေခါက္ေတြ ေျပာင္လက္ေနတယ္၊ အကိုင္းေတြက ဆလင္ဒါပုံ၊ အရြက္က ရြက္လႊဲထြက္တယ္ ရြက္စြယ္ရွိၾကတယ္၊ ပန္းခိုင္က ထိတ္ထြက္ၾကားထြက္ corymbose raceme ျဖစ္ၿပီး ပန္းပြင့္ ၁၀ ကေန ၂၀ အထိပါတယ္၊ ပန္းေလးေတြက အစိမ္းေရာင္ ရွိၾကတယ္ လိင္စုံပန္းေလးေတြျဖစ္ၿပီး ေလးခ်မ္းညီၿပီး အခ်ဳိးလည္းညီၾကတယ္၊ ပြင့္ဖတ္ ၄ ခုစီသာပါေသာ ၄ အဂၤါဆ ပန္းေလးေတြျဖစ္ၾကတယ္၊ အျခားပန္းမ်ားလို အေရာင္လွပတဲ့ ပြင့္ခ်ပ္က မပါရွာဖူး၊ ဒါ့ေၾကာင့္လည္း သမုန္းပြင့္တာ လူေတြမသိၾကတာပါ့၊ ဝတ္ဆံဖို ၈ ခုကေန ၁၅ ခုေလာက္ပါၿပီး အျပင္ဖက္မွာရွိၿပီး ထင္ရွားလွတယ္၊ ျမန္မာလိုဆိုရင္ ဖိုမေျခတန္ေခၚတဲ့ androgynophores ပါျခင္းကေတာ့ ဒီပန္းရဲ႕ထူးျခားခ်က္ပါ။ အေစ့အိမ္က ကာပယ္ ၂ ခုပါတယ္ ျဖတ္ၾကည့္ရင္ အေစ့အိမ္ခန္းတခန္းသာရွိၿပီး အေစ့ေလာင္းမ်ားစြာက နံရံကပ္ေနေသာ ခ်က္တိုင္ ၂ ခုကေန ထြက္ေနတာပါ၊ အသီးကေတာ့ လုံးဝန္းေသာ မအက္ကြဲတဲ့ ဘယ္ရီသီး အမ်ဳိးႏြယ္ပါ အေစ့ ၃-၄ ေစ့ခန္႔ပါပါတယ္ ။

အရွင္နာဂသိန္ေဆးက်မ္း မွာေတာ့ အဖိုပင္ အမပင္ရွိတယ္လို႔ ေရးသားထားပါတယ္ ။အမပင္က အရြက္ႀကီးၿပီး အဖိုရြက္ က ေသးေသးသြယ္သြယ္ဆိုထားပါတယ္၊ တကယ္ေတာ့ ဆရာေတာ္ႀကီးေရးသလို မ်ဳိးရင္းလကၡဏာအရေတာ့ အပင္က အဖိုအမ မရွိပါဘူး၊ အရြက္ေတြက ခါးၾကပါတယ္၊ သလိပ္ကိုႏိုင္သလို ရင္ျပည့္ ရင္ၾကပ္ အေၾကာတက္ အေၾကာေအာင့္ အနာ အေညာင္းအညာမိလို႔ ကိုက္ခဲေနသူမ်ားက သမုန္းရြက္ကို ဟင္းခ်ဳိ ခ်က္ေသာက္ျခင္း သမုန္းရြက္ကိုသုပ္စားသင့္တယ္လို႔ ေဆးက်မ္းကဆိုထားပါတယ္၊ တေနကုန္ စာသင္ရတဲ့ ဆရာဆရာမေတြ ႐ုံဝန္ထမ္းေတြအတြက္ အထူးသင့္ေလ်ာ္လွတယ္။

“သမုန္းဥ” သည္ပူသည္ ဒါေပသည့္ ေဆးဖက္လည္းဝင္ပါတယ္၊ ေျခလက္မ်ား ေအးျခင္း၊ ေဖါေယာင္ျခင္း၊ ေညာင္းကိုက္ထုံၾကင္ျခင္း၊ မ်က္ေစ့မႈံျခင္း ကိုယ္လက္ေလးလံျခင္းတို႔ကို ေပ်ာက္ကင္းေစတယ္လို႔လည္း ေဖၚျပထားပါတယ္၊ ၾကည့္ဝင္းေတာင္ဆရာေတာ္ႀကီးကေတာ့ မ်က္ေစ့ေအာင့္ မ်က္ေစ့နာကို သမုန္းဥ ေသြးၿပီးကြင္းလိမ္းရင္ တကယ္ေပ်ာက္တယ္ သက္သာတယ္လို႔ မိန္႔ပါတယ္၊ ေက်ာင္းပတ္ပတ္လည္က သမုန္းပင္ေတြကိုလည္းလိုက္ျပတယ္၊ “ဆရာၾကည္လြင္ျမင့္” မုျဒာကေတာ့ မ်က္ေစ့ေအးေအာင္ သမုန္းဖူးသုပ္သုတ္စားၾကသလုိ သမုန္းသားကုိ ခုံဖိနပ္လုပ္စီးတယ္လုိ႔ ေျပာျပပါတယ္၊ အညာေဒသမွာ ေပါမ်ားလြန္းတဲ့ သမုန္းပင္ဟာ Wikipedia လို စြယ္စုံက်မ္းႀကီးမွာေတာင္ ပုံနဲ႔တကြ ျပည့္ျပည့္စုံစုံ ေဖၚျပထားျခင္းမရွိေသးလို႔ ဆက္လက္သုေတသနျပဳသင့္ေသာ အပင္တပင္ပါဘဲ၊ အညာသားမွန္ရင္ သမုန္းကို ခ်စ္ၾကမွာပါ။

ref : flora of Shwebo Dr.Khinhninnyee, Checklist of Myanmar, ပုံျပေဆးအဘိဓာန္ , Credit- Kothet Naing Oo

About the author

Kywee Moe

Leave a Comment