ယၾတာေခ် သည္ဟုဆိုကာ ေဗဒင္ ဆရာက အဓမၼျပဳက်င့္မွႈျဖစ္ပြား

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕တြင္ အမွုအခင္းႏွင့္ ရင္ဆိုင္ေနရသူ အသက္ ၁၆ ႏွစ္အရြယ္မိန္းကေလးတစ္ဦးက ေဗဒင္သြားတြက္စဥ္ အညံ့မ်ားေပ်ာက္ေစရန္ ယၾတာေခ်ရမည္ဟု ဆိုကာ အဓၶမျပဳက်င့္မွုတစ္ခု ျဖစ္ပြားခဲ့ၿပီး ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းသို႔ အမွုဖြင့္တိုင္ၾကားခဲ့သည္။

ျဖစ္စဥ္မွာ ေက်ာက္ဆည္ၿမိဳ႕နယ္ သံေတာ္ျမတ္ဘိလပ္ေျမစက္႐ုံဝင္းေန မ—- ၁၆ ႏွစ္ ၅ လသည္ တရား႐ုံးတြင္ ရင္ဆိုင္ေနရေသာ အမွုအခင္းႏွင့္ပက္သက္၍ ေဗဒင္ေမးရန္ ဆင္မင္းဘိလပ္ေျမစက္႐ုံ ေစ်းတန္းေန ဆရာဦးလုံးဆိုသူ ေဗဒင္ဆရာအား အိမ္သို႔ ပင့္ဖိတ္ခဲ့သည္။ ဆရာဦးလုံးက ယၾတာေခ်ရမည္ဟုဆိုကာ ဆရာလုံးႏွင့္အတူ မ—– က အိမ္မွထြက္လာခဲ့သည္။

 

သံေတာ္ျမတ္ေတာင္ေျခအေရာက္ ဝါး႐ုံပင္ေအာင္တြင္ ယၾတာအေနႏွင့္ ယခင္ကမုဒိန္းက်င့္ခံရသလို ျပဳလုပ္ရမည္ဟု ဆရာဦးလုံးက ေျပာၾကားခဲ့ရာ မ—– က မလုပ္နိုင္ေၾကာင္း ျငင္းဆန္ခဲ့သည္။ ဆရာဦးလုံးက ဒီေနရာကိုေရာက္လာမွေတာ့ လုပ္ကိုလုပ္ရမည္၊ ထြက္ေျပးပါက သတ္ပစ္မည္ဟုၿခိမ္းေျခာက္ၿပီး နာရီဝက္ခန႔္ အလိုမတူပဲ သားမယားျပဳက်င့္ခံခဲ့ရသည္။

အဆိုပါ ျဖစ္စဥ္အား မ—– က မိဘမ်ားကို အသိေပးတိုင္ၾကားခဲ့ၿပီး ဆရာဦးလုံးအား အေရးယူေပးပါရန္ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းသို႔ အမွုဖြင့္တိုင္တန္းခဲ့သျဖင့္ (ပ) ၅၁၇/၂၀၁၇၊ အမွုႀကီးအမွတ္ ၈/၂၀၁၇ ၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၇၆ ျဖင့္ အမွုဖြင့္ကာ ဦးလုံးအား ဖမ္းဆီးစစ္ေဆးလၽွက္ရွိေၾကာင္း သိရွိရသည္။

Source:ျမေခါင္(ေက်ာက္ဆည္)

Credit: lwinpyin

Unicode

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် အမှုအခင်းနှင့် ရင်ဆိုင်နေရသူ အသက် ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးက ဗေဒင်သွားတွက်စဉ် အညံ့များပျောက်စေရန် ယတြာချေရမည်ဟု ဆိုကာ အဓ္ဓမပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျောက်ဆည်မြို့မ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ် သံတော်မြတ်ဘိလပ်မြေစက်ရုံဝင်းနေ မ—- ၁၆ နှစ် ၅ လသည် တရားရုံးတွင် ရင်ဆိုင်နေရသော အမှုအခင်းနှင့်ပက်သက်၍ ဗေဒင်မေးရန် ဆင်မင်းဘိလပ်မြေစက်ရုံ ဈေးတန်းနေ ဆရာဦးလုံးဆိုသူ ဗေဒင်ဆရာအား အိမ်သို့ ပင့်ဖိတ်ခဲ့သည်။ ဆရာဦးလုံးက ယတြာချေရမည်ဟုဆိုကာ ဆရာလုံးနှင့်အတူ မ—– က အိမ်မှထွက်လာခဲ့သည်။

သံတော်မြတ်တောင်ခြေအရောက် ဝါးရုံပင်အောင်တွင် ယတြာအနေနှင့် ယခင်ကမုဒိန်းကျင့်ခံရသလို ပြုလုပ်ရမည်ဟု ဆရာဦးလုံးက ပြောကြားခဲ့ရာ မ—– က မလုပ်နိုင်ကြောင်း ငြင်းဆန်ခဲ့သည်။ ဆရာဦးလုံးက ဒီနေရာကိုရောက်လာမှတော့ လုပ်ကိုလုပ်ရမည်၊ ထွက်ပြေးပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြီး နာရီဝက်ခန့် အလိုမတူပဲ သားမယားပြုကျင့်ခံခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်အား မ—– က မိဘများကို အသိပေးတိုင်ကြားခဲ့ပြီး ဆရာဦးလုံးအား အရေးယူပေးပါရန် ကျောက်ဆည်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သဖြင့် (ပ) ၅၁၇/၂၀၁၇၊ အမှုကြီးအမှတ် ၈/၂၀၁၇ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ကာ ဦးလုံးအား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

Source:မြခေါင်(ကျောက်ဆည်)

Credit: lwinpyin