fbpx
Knowledge

ရှေးမြန်မာ တို့၏ အတိတ် နိမိတ်တဘောင်များအကြောင်း

Written by Kywee Moe

ရှေးယခင်ကတည်းက မြန်မာတို့ဟာ အတိတ် နိမိတ် ကို ယုံကြည်တဲ့ လူမျိုးများဖြစ်ပါတယ်။ ခုချိန်ထိတိုင်အောင်လည်း ယုံကြည်ကြ သူများရှိပါသေးတယ်။အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသော အခြင်းအရာတို့ဟာ နောက်တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ၊ နိမိတ်ကောက်ရန်အခြေခံအချက် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

(တချို့စာတွေမှာတော့ တိတ် လို့ရေးပြီး လာရောက်ပေးတဲ့ လက်ဆောင်ပေါ်မူတည်ပြီး ဖြစ်လာမယ့် အဖြစ်အပျက်ကို ဟောကိန်းထုတ်ယူခြင်းလို့ ဆိုပါတယ်)နိမိတ် ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။ ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေလေးနေတာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာ တခုခုဖြစ်ဦးမယ် ဆိုသလို၊ ဘုရားအလောင်းက သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလို စတာတွေဟာ နိမိတ်ပါ။

နောက် စနည်း ဆိုတာ ရှိပါသေးတယ်။ ဒါကိုလည်း သမိုင်း စာအုပ်တွေ မှာ အမြဲလိုလိုပါလေ့ ရှိပါတယ်။ တိုင်းရေး ပြည်ရေး စနည်းထွက်နာ လိုက်ဦးမယ် ဆိုတာမျိုးပါ။နောက် တဘောင်ကတော့ သူငယ်၊ သဘင်သည် နှင့် သူရူး တို့ပြော ဆိုကြသော နိမိတ်စကား လို့ မြန်မာအဘိဓာန်က ဆိုပါတယ်။ ဥပမာ ကုန်းဘောင်ခေတ်က တဘောင် ဆိုရင်” တုံးအောက်က သီတွန် လူလွန်မသား၊မုန့်ဆီကြော် အလယ်အက်တယ်၊ ထီးဖျက်မဲ့သား ” ဟူ၍ ဖြစ်ပါတယ်။သီတွန် က သီပေါမင်းကို ဆိုပါတယ်။

တုံးအောက် ဆိုတဲ့အတွက် မင်းတုန်းမင်းသား သီပေါမင်း၊ လူလွန်မသား ဆိုတာက သီပေါမင်းရဲ့ မိခင်ဟာ လူ့ဘောင်ကို လွန်မြောက်ပြီး သီလရှင်ဝတ်သွားသူ၊ မုန့်ဆီကြော်အလယ်အက် ပြည်ဖျက်မယ့်သား ဆိုတာက သူ့လက်ထက်မှာ တိုင်းရေးပြည်ရေးမငြိမ်မသက် ဖြစ်ပြီး နောက်ဆုံး တိုင်းတပါးလက်အောက်ကို ကျရောက်သွားမယ် လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအရာတွေကို ယုံခဲ့တယ်ဆိုတာကလည်း ငြင်းမရတဲ့ အထောက် အထားတွေက ရှိခဲ့ လို့ပါပဲ။ ပထမ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာမင်းစော ဟာ ကိုးခရိုင်ကို ဆည်၍ပြီးချိန် ပုဂံပြန်ခါနီးမှာ နားတဲ့ တဲအောက်က ဖားမြည် သံကို ကြားပါတယ်။ ဒါကြောင့် ပုဏ္ဍားတွေကို တွက်ချက်ခိုင်းတဲ့အခါ ဖားဖိုသေ၍ ဖားမ ငိုနေကြောင်း လျှောက်ပါတယ်။

ဒါနဲ့ ကြည့်စေတဲ့အခါ ဖားမ ဟာ ဖားဖိုကို ပိုးကာ ငိုနေကြောင်းတွေ့ရပါတယ်။ ပုဏ္ဍားတွေက ပုဂံမဝင်မီ အနော်ရထာမင်း နတ်ရွာစံတော့မယ့် နိမိတ်လို့ဟောပါတယ်။ ဟောချက်နိမိတ်အတိုင်း အနော်ရထာမင်းဟာ ကိုးခရိုင်နယ်စပ်မှာ ကျွဲရိုင်းခတ်ပြီး နတ်ရွာစံခဲ့ပါတယ်။ကုန်းဘောင်မင်းဆက်ထဲက ဘိုးတော်ဘုရား (ဗုဒုံမင်း) ဟာ အတိတ်၊ နိမိတ်၊ တဘောင်တွေကို အလွန်ယုံသူတစ်ဦးဖြစ်ပါတယ်။ ယနေ့ အားလုံးသိကြတဲ့ မင်းကွန်းပုထိုးတော်ကြီး မပြီးဆုံးခဲ့တာလည်း ဒီအကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးစီးခဲ့လျင် ဉာဏ်တော်အမြင့်ပေ ၅၀၀ အထိရှိမယ့် ကမ္ဘာ့အကြီးဆုံး၊ အကျယ်ဆုံး ပုထိုးတော်ကြီးကိုတည်ဖို့ ရည်ရွယ်ခဲ့ပြီးမှ ရပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတဘောင်ကတော့ ” ဘုရားလည်းပြီး၊ ပြည်ကြီးပျက်လတ္တံ။ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုး သုညကပ် ” ဟူ၍ပင်။

အဓိပ္ပါယ်ကတော့ ဘုရားကြီးမပြီးစီးပါ၊ ပြီးစီးပါက မုဆိုးဖိုကနေ အစပြုခဲ့တဲ့ ကုန်းဘောင် မင်းဆက်ပြတ်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ တဘောင်အတိုင်း ပုထိုးတော်ကြီး မပြီးဆုံးမီမှာပင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့ပါတယ်။ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာဦးနိုး လို့ခေါ်တဲ့ဟောတိုင်းမှန်တဲ့ အတိတ်နိမိတ် ဆရာတစ်ဦး ရှိခဲ့ပါတယ်။ ထူးဆန်းသည်က အခြားပုဏ္ဍား များလို ဗေဒင် လက္ခဏာကြည့်ပြီးဟောတာမဟုတ်ပဲ အတိတ်၊ နမိတ်၊ စနည်း များကိုသာ အသုံးချပြီး ဟောခဲ့တာကြောင့်ပါ။

ဟောတိုင်းမှန်တာကြောင့် ဘိုးတော်ဘုရားရဲ့ ယုံကြည်ခံရသူ အတိုင်ပင်ခံ လည်း ဖြစ်ပါတယ်။ သာဓက တစ်ခုပြောရရင် အသက် ၂၀ အရွယ် ငယ်ငယ် ရွယ်ရွယ်နဲ့နေမျိုးလေခ ပျံချီဘွဲ့ကိုရထားတာကြောင့် မှုးမတ်တို့က မကျေနပ်ကြ၊ ဒါနဲ့ပဲ ပညာစမ်းပါတော့တယ်။

မှူးမတ်တစ်ယောက်က သူအမြဲကိုင်လေ့ရှိတဲ့ ကွမ်းအစ်ကို ကိုင်ရင်း ဒီကွမ်းအစ်ရဲ့အလေးချိန်ကို မကိုင်မဆပဲပြောပါ ဟုမေးပါမယ်။ ဒါနဲ့ မောင်နိုးဟာ အနီးအနားမှာ ထူးခြားတာ တစ်ခုခုရှိမလားရှာကြည့်တော့ မတွေ့၊ နောက်ဆုံး မဏ္ဍပ်အမိုးကိုမော့ကြည့်တော့ မိုးထားသောကပ်အားလုံးလိုလိုဟာ အသစ်ဖြစ်ပေမယ့် တစ်ခုက ကျိုးနေတာကို တွေ့ရတာကြောင့် ကျေနပ်သွားပြီး ကွမ်းအစ်အလေးချိန်ကို ကိုးကျပ်သား လို့ ဖြေရာ မှန်ကန်ကြောင်းတွေ့ရပါတယ်။ (ကပ်ကျိုး=ကိုးကျပ်)မောင်နိုး ဒီလိုကောက်ယူရတာ အကြောင်းရှိပါတယ်။

ရှေးက နာမည်ကျော် ဆရာတော်နှစ်ယောက်ဖြစ်တဲ့ ရှင်မဟာရဌသာရ နဲ့ ရှင်မဟာ သီလဝံသ တို့ ဆုံပြီး ဉာဏ်စမ်းကြရာ ရှင်မဟာသီလဝံသက ရှင်မဟာရဌသာရ ကို “ကိုယ်တော် ငါ့ကို တစ်ပင် နှစ်ပင် ပေးပါ ” လို့မိန့်ပါတယ်။ ရှင်မဟာရဌသာရကလည်း တစ်ပင် နှစ်ပင် ဆိုတဲ့ အတွက် သုံးပင်စကားလိမ်ဖြစ်မည် ဆိုကာ သင်ပုန်းကိုပေးလိုက်ပါတယ်။ ( သုံးပင်=သင်ပုန်း)နောက် ရှင်မဟာရဌသာရက တစ်ဖန် “ငါ့ကိုလည်း တစ်ကျိပ်အောက်ပေးပါ ” လို့မိန့်တယ်။ ဒါနဲ့ ရှင်မဟာသီလဝံသက စဉ်းစားပြီးကောက်ရိုးကို ပေးလိုက်ပါတယ်။ (တစ်ကျောက်အိတ် ဆိုတော့တစ်ကျိပ်အောက်၊ တစ်ကျိပ်မှာ ၁၀ ယောက်၊ အောက်ဆိုတော့ ကိုးယောက်၊ ကိုးယောက်=ကောက်ရိုး)။ နှစ်ပါးစလုံး အဖြေကွက်တိမှန်နေပါတယ်။ ဒီသာဓကကို ယူပြီး မောင်နိုးက ဟောလိုက်ခြင်းပါ။

မောင်နိုးကို ဘိုးတော်ဘုရားသာမက မှူးမတ်တွေ မင်းညီမင်းသားတွေက အကြိမ်ကြိမ် ပညာစမ်းခဲ့ကြပါတယ်။ ဒီလိုစမ်းတဲ့အထဲမှာ ဘိုးတော်ဘုရားရဲ့သားတော် စစ်ကိုင်းမြို့စား သတိုးမင်းစောလည်း ပါပါတယ်။ တရက်မှာတော့ မင်းသားဟာ မောင်နိုးကို ခေါ်ယူပြီး ယုွမ်းအုပ်ထဲမှာဖုံးအုပ်ထားတဲ့ အရာကို ဖြေစေပါတယ်။ ထုံးစံအတိုင်း ဘေးပတ် ဝန်းကျင်ကို မောင်နိုး ကြည့်ရှု့စူးစမ်းရပါတယ်။ ထူးခြားတာ သိပ်မတွေ့ပဲ မင်းသားကို အင်္ဂလိပ်ကုန်သည်တွေ လက်ဆောင်ပေးထားတဲ့ သက္ကလပ်ဦးထုပ်တွေ ချိတ်ထားတာပဲ တွေ့ပါသတဲ့။

ဦးထုပ်တွေက အရောင်စုံပါတယ်။ အစိမ်းရောင်ဦးထုပ်က အပေါ်ဆုံးမှာ ၊ အလယ်က အနီရောင်ဦးထုပ် နဲ့ အောက်ဆုံးက အနက်ရောင် ဦးထုပ် ကို ချိတ်ဆွဲထားတာကို တွေ့လိုက်ပါတယ်။ ဒီအပေါ်မှာပဲ အယူတော်မင်္ဂလာပညာနဲ့ အဖြေထုတ်ဖို့ မောင်နိုးကြိုးစားပါတော့တယ်။

သူစဉ်းစားလိုက်တာက ယွန်းအုပ်အောက်မှာ အုပ်ထားတဲ့အတွက် အစားအသောက် ပဲဖြစ်ရမယ် ၊ အချိန်က နေ့လည်နေ့ခင်း ပူပြင်းတဲ့အချိန်ဆိုတော့ အသီးတမျိုးမျိုးဖြစ်နိုင်တယ်။ ဒီတော့ ဘာအသီးဖြစ်နိုင်မလဲ စဉ်းစားလိုက်တော့ အပေါ်ဆုံးမှာ အစိမ်း ၊ အလယ်မှာ အနီ နဲ့ အောက်ဆုံးမှာ အနက် ဖြစ်တဲ့အသီးကို စဉ်းစားမိသွားပါတယ်။

အပေါ်အခွံက အစိမ်းရောင် ၊ အလယ် အသားက အနီရောင် ၊ အောက်ဆုံး အစေ့က အနက်ရောင် ၊ ဒီတော့ ဒီအသီးဟာ ဖရဲသီး ပဲဖြစ်ရမှာပေါ့လို့ အဖြေထုတ်လိုက်ပါတယ်။ အဖြေမှန်သွားတဲ့အတွက် မင်းသားလည်း ဦးနိုးကို နောက်ထပ်ပညာမစမ်းရဲတော့ပဲ အယူတော်မင်္ဂလာပညာကို ယုံကြည် သွားပါတော့တယ်။ အယူတော်မင်္ဂလာဦးနိုးဟာ ပြဿနာပေါင်းစုံ၊ တိုင်းရေး ပြည်ရေးတွေ၊ နောက်ဆုံးသူသေမယ့်အချိန်ကိုတောင် မှန်အောင် ဟောနိုင်ခဲ့သူ တစ်ဦးပါ။

နောက် အင်္ဂလိပ်တွေဆုတ်ခွာခါနီး အချိန်က အရူးမတစ်ယောက်ဟာ သဲပုံစေတီ တစ်ဆူ တည်ပါတယ်။ ဒါနဲ့ “အရူးမဘုရားတည်၊ တန်ခူးလ ကလားကွယ်” ဆိုတဲ့တဘောင်ပေါ်ပါတယ်။ တဘောင်အတိုင်း အင်္ဂလိပ်တွေဟာ တန်ခူးလမှာ ကလားပြည်လို့ခေါ်တဲ့ အိန္ဒိယကို ဆုတ်ပြေးရပါတော့တယ်။ဖဆပလ ခေတ် တည်မြဲပါတီ နဲ့ သန့်ရှင်းပါတီ တို့ အပြိုင်မဲဆွယ်ကြစဉ် မှာ အားလုံးသိကြတဲ့ ဘဝသံသရာ ဆိုတဲ့ ဆရာကြီးဦးသုခရဲ့ သီချင်းဟာ လူတိုင်းပါးစပ်ဖြားမှာ ရေပန်းစားနေပါတယ်။

ဒီသီချင်းထဲမှာပါတဲ့ ” ဘယ်ဟာ မတည်မြဲ ” ဆိုတဲ့အတိုင်း တည်မြဲပါတီ ဟာ သန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ တခါတလေကျတော့လည်း တဘောင်ကို လူအများယုံကြည်တာကို အခွင့်ယူပြီး နိုင်ငံရေးသမားအချို့ရဲ့ တဘောင်အတုတွေလည်းပေါ်တတ်ပါသေးတယ်။ ဥပမာ ဆန်တပြည် (၁ဝ)ပြား၊ ဦးနုလာမှစား ဆိုတဲ့တဘောင်တွေ ဖန်တီးပြီး ပြည်သူကြားကို ဖြန့်ဝေတာမျိုးပေါ့။အတိတ်၊ နိမိတ်၊ အိပ်မက်တွေကို မယုံကြည်ရ လို့မပြောလိုပေမယ့် အလွန်အမင်းတော့ မယုံကြည်သင့်ပါလို့ ပြောရင်း အတိတ်၊ နိမိတ်၊ တဘောင်တွေအကြောင်းကို ဗဟုသုတအဖြစ် ရေးသား လိုက်ပါတယ်။

ကိုးကား :အယူေတာ္မဂၤလာေလွ်ာက္ထုံး- ဆရာေအာင္ျမင့္ဦး , ျမန္မာ့စကား – ဦးေအးခ်ိဳ ( မဟာဝိဇၨာ) , ဇမၺဴဒီပါ လက္ယာေတာင္ကြၽန္း နိမိတ္ထြန္း၏ – ေဒါက္တာတင္ဗိုလ္ဗိုလ္ , Thutazone

Zawgyi

ေရွးယခင္ကတည္းက ျမန္မာတို႔ဟာ အတိတ္ နိမိတ္ ကို ယုံၾကည္တဲ့ လူမ်ိဳးမ်ားျဖစ္ပါတယ္။ ခုခ်ိန္ထိတိုင္ေအာင္လည္း ယုံၾကည္ၾက သူမ်ားရွိပါေသးတယ္။အတိတ္ ဆိုသည္မွာ ျဖစ္ခဲ့၊ ျဖစ္ဆဲေသာ အျခင္းအရာတို႔ဟာ ေနာက္တစ္ခ်ိန္တြင္ တစ္ေက်ာ့ျပန္ျဖစ္ႏိုင္တယ္ ၊ နိမိတ္ေကာက္ရန္အေျခခံအခ်က္ ဆိုတဲ့ အဓိပၸါယ္ ျဖစ္ပါတယ္။

(တခ်ိဳ႕စာေတြမွာေတာ့ တိတ္ လို႔ေရးၿပီး လာေရာက္ေပးတဲ့ လက္ေဆာင္ေပၚမူတည္ၿပီး ျဖစ္လာမယ့္ အျဖစ္အပ်က္ကို ေဟာကိန္းထုတ္ယူျခင္းလို႔ ဆိုပါတယ္)နိမိတ္ ဆိုတာကေတာ့ ေနာက္ျဖစ္လာမယ့္ အေၾကာင္းကို ႀကိဳတင္၍ျပတဲ့ အဓိပၸါယ္ပါ။ ဥပမာ တခုခုက်ကြဲတာမ်ိဳး၊ စိတ္ေတြေလးေနတာမ်ိဳး ဆိုလ်င္ ဒီေန႔ေတာ့ အဆင္မေျပတာ တခုခုျဖစ္ဦးမယ္ ဆိုသလို၊ ဘုရားအေလာင္းက သူအို၊ သူနာ၊ သူေသ၊ ရဟန္း စတဲ့ နိမိတ္ႀကီးေလးပါကို ျမင္သလို စတာေတြဟာ နိမိတ္ပါ။

ေနာက္ စနည္း ဆိုတာ ရွိပါေသးတယ္။ ဒါကိုလည္း သမိုင္း စာအုပ္ေတြ မွာ အၿမဲလိုလိုပါေလ့ ရွိပါတယ္။ တိုင္းေရး ျပည္ေရး စနည္းထြက္နာ လိုက္ဦးမယ္ ဆိုတာမ်ိဳးပါ။ေနာက္ တေဘာင္ကေတာ့ သူငယ္၊ သဘင္သည္ ႏွင့္ သူ႐ူး တို႔ေျပာ ဆိုၾကေသာ နိမိတ္စကား လို႔ ျမန္မာအဘိဓာန္က ဆိုပါတယ္။ ဥပမာ ကုန္းေဘာင္ေခတ္က တေဘာင္ ဆိုရင္” တုံးေအာက္က သီတြန္ လူလြန္မသား၊မုန႔္ဆီေၾကာ္ အလယ္အက္တယ္၊ ထီးဖ်က္မဲ့သား ” ဟူ၍ ျဖစ္ပါတယ္။သီတြန္ က သီေပါမင္းကို ဆိုပါတယ္။

တုံးေအာက္ ဆိုတဲ့အတြက္ မင္းတုန္းမင္းသား သီေပါမင္း၊ လူလြန္မသား ဆိုတာက သီေပါမင္းရဲ႕ မိခင္ဟာ လူ႔ေဘာင္ကို လြန္ေျမာက္ၿပီး သီလရွင္ဝတ္သြားသူ၊ မုန႔္ဆီေၾကာ္အလယ္အက္ ျပည္ဖ်က္မယ့္သား ဆိုတာက သူ႔လက္ထက္မွာ တိုင္းေရးျပည္ေရးမၿငိမ္မသက္ ျဖစ္ၿပီး ေနာက္ဆုံး တိုင္းတပါးလက္ေအာက္ကို က်ေရာက္သြားမယ္ လို႔ အဓိပၸါယ္ရပါတယ္။

ဒီအရာေတြကို ယုံခဲ့တယ္ဆိုတာကလည္း ျငင္းမရတဲ့ အေထာက္ အထားေတြက ရွိခဲ့ လို႔ပါပဲ။ ပထမ ျမန္မာႏိုင္ငံေတာ္ကို ထူေထာင္ခဲ့တဲ့ အေနာ္ရထာမင္းေစာ ဟာ ကိုးခ႐ိုင္ကို ဆည္၍ၿပီးခ်ိန္ ပုဂံျပန္ခါနီးမွာ နားတဲ့ တဲေအာက္က ဖားျမည္ သံကို ၾကားပါတယ္။ ဒါေၾကာင့္ ပု႑ားေတြကို တြက္ခ်က္ခိုင္းတဲ့အခါ ဖားဖိုေသ၍ ဖားမ ငိုေနေၾကာင္း ေလွ်ာက္ပါတယ္။

ဒါနဲ႔ ၾကည့္ေစတဲ့အခါ ဖားမ ဟာ ဖားဖိုကို ပိုးကာ ငိုေနေၾကာင္းေတြ႕ရပါတယ္။ ပု႑ားေတြက ပုဂံမဝင္မီ အေနာ္ရထာမင္း နတ္႐ြာစံေတာ့မယ့္ နိမိတ္လို႔ေဟာပါတယ္။ ေဟာခ်က္နိမိတ္အတိုင္း အေနာ္ရထာမင္းဟာ ကိုးခ႐ိုင္နယ္စပ္မွာ ကြၽဲ႐ိုင္းခတ္ၿပီး နတ္႐ြာစံခဲ့ပါတယ္။ကုန္းေဘာင္မင္းဆက္ထဲက ဘိုးေတာ္ဘုရား (ဗုဒုံမင္း) ဟာ အတိတ္၊ နိမိတ္၊ တေဘာင္ေတြကို အလြန္ယုံသူတစ္ဦးျဖစ္ပါတယ္။ ယေန႔ အားလုံးသိၾကတဲ့ မင္းကြန္းပုထိုးေတာ္ႀကီး မၿပီးဆုံးခဲ့တာလည္း ဒီအေၾကာင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ ၿပီးစီးခဲ့လ်င္ ဉာဏ္ေတာ္အျမင့္ေပ ၅၀၀ အထိရွိမယ့္ ကမာၻ႔အႀကီးဆုံး၊ အက်ယ္ဆုံး ပုထိုးေတာ္ႀကီးကိုတည္ဖို႔ ရည္႐ြယ္ခဲ့ၿပီးမွ ရပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီတေဘာင္ကေတာ့ ” ဘုရားလည္းၿပီး၊ ျပည္ႀကီးပ်က္လတၱံ။ မင္းကြန္းဘုရားႀကီး အၿပီးသတ္၊ မုဆိုး သုညကပ္ ” ဟူ၍ပင္။

အဓိပၸါယ္ကေတာ့ ဘုရားႀကီးမၿပီးစီးပါ၊ ၿပီးစီးပါက မုဆိုးဖိုကေန အစျပဳခဲ့တဲ့ ကုန္းေဘာင္ မင္းဆက္ျပတ္မယ္ ဆိုတဲ့ အဓိပၸါယ္ပါ။ တေဘာင္အတိုင္း ပုထိုးေတာ္ႀကီး မၿပီးဆုံးမီမွာပင္ ဘိုးေတာ္ဘုရား နတ္႐ြာစံခဲ့ပါတယ္။ဘိုးေတာ္ဘုရားလက္ထက္က အယူေတာ္မဂၤလာဦးႏိုး လို႔ေခၚတဲ့ေဟာတိုင္းမွန္တဲ့ အတိတ္နိမိတ္ ဆရာတစ္ဦး ရွိခဲ့ပါတယ္။ ထူးဆန္းသည္က အျခားပု႑ား မ်ားလို ေဗဒင္ လကၡဏာၾကည့္ၿပီးေဟာတာမဟုတ္ပဲ အတိတ္၊ နမိတ္၊ စနည္း မ်ားကိုသာ အသုံးခ်ၿပီး ေဟာခဲ့တာေၾကာင့္ပါ။

ေဟာတိုင္းမွန္တာေၾကာင့္ ဘိုးေတာ္ဘုရားရဲ႕ ယုံၾကည္ခံရသူ အတိုင္ပင္ခံ လည္း ျဖစ္ပါတယ္။ သာဓက တစ္ခုေျပာရရင္ အသက္ ၂၀ အ႐ြယ္ ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ေနမ်ိဳးေလခ ပ်ံခ်ီဘြဲ႕ကိုရထားတာေၾကာင့္ မႈးမတ္တို႔က မေက်နပ္ၾက၊ ဒါနဲ႔ပဲ ပညာစမ္းပါေတာ့တယ္။

မႉးမတ္တစ္ေယာက္က သူအၿမဲကိုင္ေလ့ရွိတဲ့ ကြမ္းအစ္ကို ကိုင္ရင္း ဒီကြမ္းအစ္ရဲ႕အေလးခ်ိန္ကို မကိုင္မဆပဲေျပာပါ ဟုေမးပါမယ္။ ဒါနဲ႔ ေမာင္ႏိုးဟာ အနီးအနားမွာ ထူးျခားတာ တစ္ခုခုရွိမလားရွာၾကည့္ေတာ့ မေတြ႕၊ ေနာက္ဆုံး မ႑ပ္အမိုးကိုေမာ့ၾကည့္ေတာ့ မိုးထားေသာကပ္အားလုံးလိုလိုဟာ အသစ္ျဖစ္ေပမယ့္ တစ္ခုက က်ိဳးေနတာကို ေတြ႕ရတာေၾကာင့္ ေက်နပ္သြားၿပီး ကြမ္းအစ္အေလးခ်ိန္ကို ကိုးက်ပ္သား လို႔ ေျဖရာ မွန္ကန္ေၾကာင္းေတြ႕ရပါတယ္။ (ကပ္က်ိဳး=ကိုးက်ပ္)ေမာင္ႏိုး ဒီလိုေကာက္ယူရတာ အေၾကာင္းရွိပါတယ္။

ေရွးက နာမည္ေက်ာ္ ဆရာေတာ္ႏွစ္ေယာက္ျဖစ္တဲ့ ရွင္မဟာရဌသာရ နဲ႔ ရွင္မဟာ သီလဝံသ တို႔ ဆုံၿပီး ဉာဏ္စမ္းၾကရာ ရွင္မဟာသီလဝံသက ရွင္မဟာရဌသာရ ကို “ကိုယ္ေတာ္ ငါ့ကို တစ္ပင္ ႏွစ္ပင္ ေပးပါ ” လို႔မိန႔္ပါတယ္။ ရွင္မဟာရဌသာရကလည္း တစ္ပင္ ႏွစ္ပင္ ဆိုတဲ့ အတြက္ သုံးပင္စကားလိမ္ျဖစ္မည္ ဆိုကာ သင္ပုန္းကိုေပးလိုက္ပါတယ္။ ( သုံးပင္=သင္ပုန္း)ေနာက္ ရွင္မဟာရဌသာရက တစ္ဖန္ “ငါ့ကိုလည္း တစ္က်ိပ္ေအာက္ေပးပါ ” လို႔မိန႔္တယ္။ ဒါနဲ႔ ရွင္မဟာသီလဝံသက စဥ္းစားၿပီးေကာက္႐ိုးကို ေပးလိုက္ပါတယ္။ (တစ္ေက်ာက္အိတ္ ဆိုေတာ့တစ္က်ိပ္ေအာက္၊ တစ္က်ိပ္မွာ ၁၀ ေယာက္၊ ေအာက္ဆိုေတာ့ ကိုးေယာက္၊ ကိုးေယာက္=ေကာက္႐ိုး)။ ႏွစ္ပါးစလုံး အေျဖကြက္တိမွန္ေနပါတယ္။ ဒီသာဓကကို ယူၿပီး ေမာင္ႏိုးက ေဟာလိုက္ျခင္းပါ။

ေမာင္ႏိုးကို ဘိုးေတာ္ဘုရားသာမက မႉးမတ္ေတြ မင္းညီမင္းသားေတြက အႀကိမ္ႀကိမ္ ပညာစမ္းခဲ့ၾကပါတယ္။ ဒီလိုစမ္းတဲ့အထဲမွာ ဘိုးေတာ္ဘုရားရဲ႕သားေတာ္ စစ္ကိုင္းၿမိဳ႕စား သတိုးမင္းေစာလည္း ပါပါတယ္။ တရက္မွာေတာ့ မင္းသားဟာ ေမာင္ႏိုးကို ေခၚယူၿပီး ယုြမ္းအုပ္ထဲမွာဖုံးအုပ္ထားတဲ့ အရာကို ေျဖေစပါတယ္။ ထုံးစံအတိုင္း ေဘးပတ္ ဝန္းက်င္ကို ေမာင္ႏိုး ၾကည့္ရႈ႕စူးစမ္းရပါတယ္။ ထူးျခားတာ သိပ္မေတြ႕ပဲ မင္းသားကို အဂၤလိပ္ကုန္သည္ေတြ လက္ေဆာင္ေပးထားတဲ့ သကၠလပ္ဦးထုပ္ေတြ ခ်ိတ္ထားတာပဲ ေတြ႕ပါသတဲ့။

ဦးထုပ္ေတြက အေရာင္စုံပါတယ္။ အစိမ္းေရာင္ဦးထုပ္က အေပၚဆုံးမွာ ၊ အလယ္က အနီေရာင္ဦးထုပ္ နဲ႔ ေအာက္ဆုံးက အနက္ေရာင္ ဦးထုပ္ ကို ခ်ိတ္ဆြဲထားတာကို ေတြ႕လိုက္ပါတယ္။ ဒီအေပၚမွာပဲ အယူေတာ္မဂၤလာပညာနဲ႔ အေျဖထုတ္ဖို႔ ေမာင္ႏိုးႀကိဳးစားပါေတာ့တယ္။

သူစဥ္းစားလိုက္တာက ယြန္းအုပ္ေအာက္မွာ အုပ္ထားတဲ့အတြက္ အစားအေသာက္ ပဲျဖစ္ရမယ္ ၊ အခ်ိန္က ေန႔လည္ေန႔ခင္း ပူျပင္းတဲ့အခ်ိန္ဆိုေတာ့ အသီးတမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္။ ဒီေတာ့ ဘာအသီးျဖစ္ႏိုင္မလဲ စဥ္းစားလိုက္ေတာ့ အေပၚဆုံးမွာ အစိမ္း ၊ အလယ္မွာ အနီ နဲ႔ ေအာက္ဆုံးမွာ အနက္ ျဖစ္တဲ့အသီးကို စဥ္းစားမိသြားပါတယ္။

အေပၚအခြံက အစိမ္းေရာင္ ၊ အလယ္ အသားက အနီေရာင္ ၊ ေအာက္ဆုံး အေစ့က အနက္ေရာင္ ၊ ဒီေတာ့ ဒီအသီးဟာ ဖရဲသီး ပဲျဖစ္ရမွာေပါ့လို႔ အေျဖထုတ္လိုက္ပါတယ္။ အေျဖမွန္သြားတဲ့အတြက္ မင္းသားလည္း ဦးႏိုးကို ေနာက္ထပ္ပညာမစမ္းရဲေတာ့ပဲ အယူေတာ္မဂၤလာပညာကို ယုံၾကည္ သြားပါေတာ့တယ္။ အယူေတာ္မဂၤလာဦးႏိုးဟာ ျပႆနာေပါင္းစုံ၊ တိုင္းေရး ျပည္ေရးေတြ၊ ေနာက္ဆုံးသူေသမယ့္အခ်ိန္ကိုေတာင္ မွန္ေအာင္ ေဟာႏိုင္ခဲ့သူ တစ္ဦးပါ။

ေနာက္ အဂၤလိပ္ေတြဆုတ္ခြာခါနီး အခ်ိန္က အ႐ူးမတစ္ေယာက္ဟာ သဲပုံေစတီ တစ္ဆူ တည္ပါတယ္။ ဒါနဲ႔ “အ႐ူးမဘုရားတည္၊ တန္ခူးလ ကလားကြယ္” ဆိုတဲ့တေဘာင္ေပၚပါတယ္။ တေဘာင္အတိုင္း အဂၤလိပ္ေတြဟာ တန္ခူးလမွာ ကလားျပည္လို႔ေခၚတဲ့ အိႏၵိယကို ဆုတ္ေျပးရပါေတာ့တယ္။ဖဆပလ ေခတ္ တည္ၿမဲပါတီ နဲ႔ သန႔္ရွင္းပါတီ တို႔ အၿပိဳင္မဲဆြယ္ၾကစဥ္ မွာ အားလုံးသိၾကတဲ့ ဘဝသံသရာ ဆိုတဲ့ ဆရာႀကီးဦးသုခရဲ႕ သီခ်င္းဟာ လူတိုင္းပါးစပ္ျဖားမွာ ေရပန္းစားေနပါတယ္။

ဒီသီခ်င္းထဲမွာပါတဲ့ ” ဘယ္ဟာ မတည္ၿမဲ ” ဆိုတဲ့အတိုင္း တည္ၿမဲပါတီ ဟာ သန႔္ရွင္းပါတီကို မဲအျပတ္အသတ္နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။ တခါတေလက်ေတာ့လည္း တေဘာင္ကို လူအမ်ားယုံၾကည္တာကို အခြင့္ယူၿပီး ႏိုင္ငံေရးသမားအခ်ိဳ႕ရဲ႕ တေဘာင္အတုေတြလည္းေပၚတတ္ပါေသးတယ္။ ဥပမာ ဆန္တျပည္ (၁ဝ)ျပား၊ ဦးႏုလာမွစား ဆိုတဲ့တေဘာင္ေတြ ဖန္တီးၿပီး ျပည္သူၾကားကို ျဖန႔္ေဝတာမ်ိဳးေပါ့။အတိတ္၊ နိမိတ္၊ အိပ္မက္ေတြကို မယုံၾကည္ရ လို႔မေျပာလိုေပမယ့္ အလြန္အမင္းေတာ့ မယုံၾကည္သင့္ပါလို႔ ေျပာရင္း အတိတ္၊ နိမိတ္၊ တေဘာင္ေတြအေၾကာင္းကို ဗဟုသုတအျဖစ္ ေရးသား လိုက္ပါတယ္။

ကိုးကား :အယူေတာၼဂလၤာေလြ္ာကၳဳံး- ဆရာေအာင္်မင့္ဦး , ်မႏၼာ့စကား – ဦးေအးခ္ိဳ ( မဟာဝိဇၨာ) , ဇမၺဴဒီပါ လက္ယာေတာျငၠၽႏ္း နိမိၾတၳႏ္း၏ – ေဒါကၱာတငၺိဳလၺိဳလ္ , Thutazone

 

About the author

Kywee Moe

Leave a Comment