fbpx
Cele News

ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ ပရိသတ်အချစ်တော် ယုန်လေး

ပရိသတ္ႀကီးေရ ဒီေန႔စက္တင္ဘာလ(၁၃) ရက္ေန႔ေလးကေတာ့ ယုန္ေလးရဲ႕ေမြးေန႔ရက္ျမတ္ေလးပါ။ ယုန္ေလးကေတာ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္၊ဒါ႐ိုက္တာတစ္ေယာက္အေနနဲ႔ပါ အမ်ားနဲ႔မတူ ကြဲထြက္တဲ့ဇာတ္ကားေတြ႐ိုက္ကူးႏိုင္ခဲ့ၿပီး ပရိသတ္အသိမွတ္ျပဳအားေပးျခင္းရရွိခဲ့သူပါ။

မိဘမဲ့တစ္ေယာက္ျဖစ္ခဲ့တဲ့ယုန္ေလးကေတာ့ ဟိုးအရင္ကတည္းက ဘဝတူေတြကို ေဖးမကူညီေပးေလ့ရွိသလို ျမန္မာႏိုင္ငံမွာ ကိုဗစ္ကာလစတင္ကတည္းက ခ်ိဳ႕တဲ့သူေတြ၊ ခက္ခဲသူေတြအတြက္ ဆက္တိုက္ကူညီေပးလာသူပါ။ မၾကာေသးခင္ကမွ သူ႔ရဲ႕ေမြးေန႔အႀကိဳလႉဒါန္းမႈအေနနဲ႔ ဆန္၊ဆီနဲ႔ ထီလက္မွတ္ေတြကို လိုအပ္ေနသူေတြရဲ႕ အိမ္ေရွ႕အေရာက္လိုက္လံလႉဒါန္းေပးခဲ့ပါတယ္။ ဒီေန႔ သူ႔ရဲ႕ေမြးေန႔ေလးမွာ လႉေနက်အလႉေလးျဖစ္တဲ့ ဘာသာႀကီးေလးခု စလုံးကို တတ္ႏိုင္သေလာက္ လႉဒါန္းေပးသြားမယ္လို႔ သိရပါတယ္။

ပရိသတ္ေဝဖန္မႈျမင့္တက္ခဲ့တဲ့ သီခ်င္းဗြီဒီယိုတစ္ခုေၾကာင့္ အႏုပညာလုပ္ခြင့္တစ္ႏွစ္ပိတ္ခံလိုက္ရေပမယ့္လည္း လူေတြကိုကူညီႏိုင္ဖို႔ ခြန္အားသစ္ေမြးၿပီး ျပန္လည္ႏိုးထလာခဲ့တဲ့ ကိုယုန္ေလးေရ ေရွ႕ေလွ်ာက္ ဒီထက္မက အလုပ္ေတြအဆင္ေျပၿပီး စိတ္ရွိတိုင္းလႉဒါန္းေပးႏိုင္ပါေစလို႔ ဆယ္လီကမာၻမွေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Credit- Cele Gabar

Unicode

ပရိသတ်ကြီးရေ ဒီနေ့စက်တင်ဘာလ(၁၃) ရက်နေ့လေးကတော့ ယုန်လေးရဲ့မွေးနေ့ရက်မြတ်လေးပါ။ ယုန်လေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အများနဲ့မတူ ကွဲထွက်တဲ့ဇာတ်ကားတွေရိုက်ကူးနိုင်ခဲ့ပြီး ပရိသတ်အသိမှတ်ပြုအားပေးခြင်းရရှိခဲ့သူပါ။

မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တဲ့ယုန်လေးကတော့ ဟိုးအရင်ကတည်းက ဘဝတူတွေကို ဖေးမကူညီပေးလေ့ရှိသလို မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက ချို့တဲ့သူတွေ၊ ခက်ခဲသူတွေအတွက် ဆက်တိုက်ကူညီပေးလာသူပါ။ မကြာသေးခင်ကမှ သူ့ရဲ့မွေးနေ့အကြိုလှူဒါန်းမှုအနေနဲ့ ဆန်၊ဆီနဲ့ ထီလက်မှတ်တွေကို လိုအပ်နေသူတွေရဲ့ အိမ်ရှေ့အရောက်လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။ ဒီနေ့ သူ့ရဲ့မွေးနေ့လေးမှာ လှူနေကျအလှူလေးဖြစ်တဲ့ ဘာသာကြီးလေးခု စလုံးကို တတ်နိုင်သလောက် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

ပရိသတ်ဝေဖန်မှုမြင့်တက်ခဲ့တဲ့ သီချင်းဗွီဒီယိုတစ်ခုကြောင့် အနုပညာလုပ်ခွင့်တစ်နှစ်ပိတ်ခံလိုက်ရပေမယ့်လည်း လူတွေကိုကူညီနိုင်ဖို့ ခွန်အားသစ်မွေးပြီး ပြန်လည်နိုးထလာခဲ့တဲ့ ကိုယုန်လေးရေ ရှေ့လျှောက် ဒီထက်မက အလုပ်တွေအဆင်ပြေပြီး စိတ်ရှိတိုင်းလှူဒါန်းပေးနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှမွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit- Cele Gabar

About the author

mVYiwpXEUBTlpxLdLrUHVpZv

Leave a Comment