fbpx
Cele News

နောက် ထပ် အိမ်ထောင်ပြုဖို့ အစီ အစဉ် ရှိ/မရှိ ဆိုတာကို ပြောပြလာ တဲ့ သရုပ်ဆောင် ချမ်းမီမီကို

ေနာက္ ထပ္ အိမ္ေထာင္ျပဳဖို႔ အစီ အစဥ္ ရွိ/မရွိ ဆိုတာကို ေျပာျပလာ တဲ့ သ႐ုပ္ေဆာင္ ခ်မ္းမီမီကို

အလွ မယ္​တစ္​​ေယာက္​အ​ေနနဲ႔ အႏုပညာ​လမ္း​ေၾကာင္း​ေပၚ​ေရာက္​ရွိလာတဲ့ ​​ေမာ္​ဒယ္​မင္းသမီး ခ်မ္းမီမီကိုက​ေတာ့ ဗီဒီယို ႐ုပ္​ရွင္​​ေလာကက​ေန အိမ္​​ေထာင္​ျပဳၿပီး​ေနာက္​ပိုင္း ထြက္​သြားခဲ့တာပဲျဖစ္​ပါတယ္​။

အခုအခ်ိန္​မွာ​ေတာ့ အိမ္ေထာင္ဖက္နဲ႔ လမ္းခြဲၿပီး အႏုပညာ​ေလာကကို ျပန္​လည္​ဝင္​​ေရာက္​လာ​ေတာ့မယ့္ ခ်မ္းမီမီကို ကို တည္​ၿငိမ္​​ေအးခ်မ္းတဲ့ မ်က္​ႏွာထား​ေလးနဲ႔ အင္​တာဗ်ဴး​ေတြမွာ ​ေတြ႕ျမင္​ရမွာပါ။

သားေလးနဲ႔အတူ ဘဝကို​ေရွ႕ဆက္​​ေနတဲ့ ခ်မ္းမီမီကို ကို ​ေနာက္​အိမ္​​ေထာင္​ျပဳဖို႔အစီအစဥ္​ရွိ မရွိ​ေမးရာမွာ​ေတာ့ “ခ်မ္းမီက စကားကိုေတာ့ အကုန္မေျပာခ်င္ဘူး။ ကိုယ္ကလည္း ထပ္ၿပီးေတာ့ အိမ္ေထာင္မျပဳခ်င္ဘူး။ ကိုယ့္သားကိုပဲ အခ်ိန္ေပးမယ္ဆိုၿပီး ေျပာလိုက္ေပမယ့္ စကားကၽြံရင္ ႏႈတ္လို႔မရတာေတြ ရွိတယ္။ ေနာင္တခ်ိန္ ကံစပ္လို႔ တခုခုျဖစ္သြားခဲ့ရင္ ဆိုတာလည္း ရွိတယ္” လို႔ ျပန္​လည္​​ေျဖၾကားသြားခဲ့ပါတယ္​။

အိမ္​​ေထာက္​သက္​ ၂ႏွစ္​အခ်ိန္​မွာ ယူခဲ့တာျဖစ္​တဲ့သား​ေလးကို​ တတ္​နိုင္​သ​ေလာက္​ပံ့ပိုး​ေပးမယ္​ဆိုတဲ့ ခ်မ္းမီမီကိုက​ေတာ့
“ပညာေရး၊ လူမႈေရး၊ ယဥ္ေက်းမႈအပိုင္းကို ပံ့ပိုးေပးမယ္။ အဲ့လိုမ်ိဳးေလးေတာ့ စဥ္းစားထားပါတယ္။ ကိုယ့္ကေလးကိုလည္း အရမ္းျဖစ္ရမယ္ဆိုတဲ့ ေဇာ မရွိပါဘူး။ ကိုယ္နိုင္သေလာက္ေလးပဲ ျဖည့္ဆည္းေပးရမွာေပါ့” လို႔ ​ေျဖဆိုခဲ့ပါတယ္​။

ခ်မ္းမီမီကိုက​ေတာ့ အိမ္​​ေထာင္​​ေရးနဲ႔ပတ္​သက္​ၿပီး “အခုအခ်ိန္မွာေတာ့ အိမ္ေထာင္ေရးကို စိတ္မဝင္စားေသးဘူး။ အလုပ္ လုပ္မယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြလည္း ဘယ္အိမ္ေထာင္ျပဳခ်င္ပါ့မလဲ။ ကံအေၾကာင္းတရားေတြ ဖူးစာကံဆိုတာ ဘယ္ေျပာလို႔ ရမလဲ။ ျဖစ္ခ်ိန္တန္ရင္ ျဖစ္တယ္ဆိုတာ ရွိၾကေတာ့ ေျပာလို႔ မရဘူး။ ကိုယ့္ကေလးအတြက္ကို ႏွလုံးသားထဲမွာ ကိန္းၿပီး စဥ္းစားသြားမယ္”လို႔ အိမ္​​ေထာင္​​ေရးနဲ႔ပတ္​သတ္​တဲ့ သူရင္​ထဲကသ​ေဘာထားကို ​ေျပာျပခဲ့ပါတယ္​။

 

သူကိုယ္တိုင္ကေတာ့ ကိုယ့္ကို အျမဲခ်စ္ေနတဲ့ မိခင္မ်ိဳးျဖစ္​ခ်င္​တယ္​လို႔​ေျပာျပခဲ့ၿပီး မိခင္တေယာက္အေနနဲ႔ သားသမီးအေပၚ အျမဲေႏြးေထြးမႈေတြပဲ ေပးသြားမယ္လို႔ ဆိုလာပါတယ္​။

“သားသမီးအတြက္ကိုပဲ ျဖည့္ဆည္းေပးတဲ့ မိခင္ ျဖစ္ခ်င္တယ္။ သားကလည္း အေမ့အတြက္၊ အေမကလည္း သားအတြက္ပဲ ျဖစ္ခ်င္တယ္” လို႔ ခ်မ္းမီမီကိုက သူ႔ဆႏၵကို​ေျပာျပခဲ့ပါတယ္​။

ခ်မ္းမီမီကိုက​ေတာ့ အႏုပညာ​ေလာကထဲျပန္​ဝင္​ဖို႔ဆုံးျဖတ္​ၿပီးခ်ိန္​ကစၿပီး မီဒီယာ​ေတာ္​​ေတာ္​မ်ားမ်ားနဲ႔ အင္​တာနက္​စာမ်က္​ႏွာထက္​မွာ ​ေနရာျပန္​ယူလာသူျဖစ္​ပါတယ္​။ ပရိသတ္​​ေတြကလည္း သား​ေလးနဲ႔ဘဝခရီး​ေလၽွာက္​လွမ္း​ေနတဲ့သူမကို ဖန္​သားျပင္​ထက္​ျပန္​​ေတြ႕ရဖို႔ကို ​ေမၽွာ္​လင့္​ေနၾကပါတယ္​။

Unicode

နောက် ထပ် အိမ်ထောင်ပြုဖို့ အစီ အစဉ် ရှိ/မရှိ ဆိုတာကို ပြောပြလာ တဲ့ သရုပ်ဆောင် ချမ်းမီမီကို

အလှ မယ်တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ မော်ဒယ်မင်းသမီး ချမ်းမီမီကိုကတော့ ဗီဒီယို ရုပ်ရှင်လောကကနေ အိမ်ထောင်ပြုပြီးနောက်ပိုင်း ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီး အနုပညာလောကကို ပြန်လည်ဝင်ရောက်လာတော့မယ့် ချမ်းမီမီကို ကို တည်ငြိမ်အေးချမ်းတဲ့ မျက်နှာထားလေးနဲ့ အင်တာဗျူးတွေမှာ တွေ့မြင်ရမှာပါ။

သားလေးနဲ့အတူ ဘဝကိုရှေ့ဆက်နေတဲ့ ချမ်းမီမီကို ကို နောက်အိမ်ထောင်ပြုဖို့အစီအစဉ်ရှိ မရှိမေးရာမှာတော့ “ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး။ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး။ ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်။ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ်” လို့ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

အိမ်ထောက်သက် ၂နှစ်အချိန်မှာ ယူခဲ့တာဖြစ်တဲ့သားလေးကို တတ်နိုင်သလောက်ပံ့ပိုးပေးမယ်ဆိုတဲ့ ချမ်းမီမီကိုကတော့
“ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်။ အဲ့လိုမျိုးလေးတော့ စဉ်းစားထားပါတယ်။ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ်ဆိုတဲ့ ဇော မရှိပါဘူး။ ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်းပေးရမှာပေါ့” လို့ ဖြေဆိုခဲ့ပါတယ်။

ချမ်းမီမီကိုကတော့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး “အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး။ အလုပ် လုပ်မယ်။ တချို့အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ။ ကံအကြောင်းတရားတွေ ဖူးစာကံဆိုတာ ဘယ်ပြောလို့ ရမလဲ။ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ ရှိကြတော့ ပြောလို့ မရဘူး။ ကိုယ့်ကလေးအတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ်”လို့ အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ သူရင်ထဲကသဘောထားကို ပြောပြခဲ့ပါတယ်။

သူကိုယ်တိုင်ကတော့ ကိုယ့်ကို အမြဲချစ်နေတဲ့ မိခင်မျိုးဖြစ်ချင်တယ်လို့ပြောပြခဲ့ပြီး မိခင်တယောက်အနေနဲ့ သားသမီးအပေါ် အမြဲနွေးထွေးမှုတွေပဲ ပေးသွားမယ်လို့ ဆိုလာပါတယ်။

“သားသမီးအတွက်ကိုပဲ ဖြည့်ဆည်းပေးတဲ့ မိခင် ဖြစ်ချင်တယ်။ သားကလည်း အမေ့အတွက်၊ အမေကလည်း သားအတွက်ပဲ ဖြစ်ချင်တယ်” လို့ ချမ်းမီမီကိုက သူ့ဆန္ဒကိုပြောပြခဲ့ပါတယ်။

ချမ်းမီမီကိုကတော့ အနုပညာလောကထဲပြန်ဝင်ဖို့ဆုံးဖြတ်ပြီးချိန်ကစပြီး မီဒီယာတော်တော်များများနဲ့ အင်တာနက်စာမျက်နှာထက်မှာ နေရာပြန်ယူလာသူဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားလေးနဲ့ဘဝခရီးလျှောက်လှမ်းနေတဲ့သူမကို ဖန်သားပြင်ထက်ပြန်တွေ့ရဖို့ကို မျှော်လင့်နေကြပါတယ်။

About the author

mVYiwpXEUBTlpxLdLrUHVpZv

Leave a Comment