ကိုယ္ပိုင္ဂ်က္ ေလယာဥ္ နဲ႕စတိုင္က်က်ပ်ံသန္းၾကတဲ့ အႏုပညာရွင္မ်ား

ကားအေကာင္းစားစီးတာကေန စိန္လက္ပတ္နာရီပတ္ႏိုင္တဲ့ အဆင့္အထိ ခ်မ္းသာမႈ အတိုင္းအတာကို အမ်ိဳးမ်ိဳးသတ္မွတ္ၾကေပမဲ့ သူေဌးေတြထဲမွာ အခ်မ္းသာဆံုးသူေဌးေတြပဲ လုပ္ေဆာင္ႏိုင္တဲ့ အရာ ကနည္းပါတယ္။

ခ်မ္းသာတဲ့ အတိုင္းအတာတစ္ခုေလာက္ေရာက္တဲ့အခါ လန္ထြက္ေနတဲ့ကားေတြ ၊ တန္ဖိုးၾကီးလက္ဝတ္ရတနာေတြ ၊ခမ္းနားၾကီးက်ယ္တဲ့ အိမ္ၾကီးအိမ္ေကာင္းေတြပိုင္ဆိုင္ႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ္ပိုင္ဂ်က္ေလယာဥ္ပိုင္ဖို႕ဆိုရင္ေတာ့ ဒီ့ထက္မက ခ်မ္းသာမွ ရမွာပါ။ ဘဝမွာခ်မ္းသာၾကြယ္ဝမႈေတြအရမ္းမ်ားလို႕ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတာင္ဝယ္စီးႏိုင္တဲ့အႏုပညာရွင္ေတြရွိပါတယ္။ဘယ္သူေတြမ်ားလဲၾကည့္ရေအာင္…..။

အန္ဂ်လီနာဂ်ိဳလီ

ေဟာလီးဝုဒ္ မွာ အေက်ာ္ၾကားဆံုးေငြၾကယ္ပြင့္တစ္ဦးဆိုလည္း မွားမယ္မထင္ပါဘူး။သူမပါဝင္သရုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းမွာ စံခ်ိန္တင္ဝင္ေငြ ရွာႏိုင္ရံုသာမက ကိုယ္ပိုင္ရုပ္ရွင္ထုတ္လုပ္ေရးမွာ ပါဝင္ျပီး ပိုက္ဆံေတြ သဲ့ယူေနသူပါ။ သူမရဲ႕ သရုပ္ေဆာင္အလုပ္က သူမကိုေငြပံုေပၚပို႕ေဆာင္ေပးေနသလိုပါ။ သူမကိုဇာတ္ကားရုိက္ဖို႕ကမ္းလွမ္းခ်င္တယ္ဆိုရင္ေတာ့ ေစ်းၾကီးၾကီးေပးမွရမွာပါ။ သူမက Cirrus SR 22အမ်ိဳးအစားဂ်က္ေလယာဥ္ကိ ုပိုင္ဆိုင္ျပီးကိုယ္ပိုင္ပ်ံသန္းခြင့္လိုင္စင္ေတာင္ ရထားတာဆိုေတာ့ လန္းတယ္မလား။

Jim Carrey

Jim က ရုပ္ရွင္ေလာကထဲက ေပ်ာက္သြားတာၾကာပါျပီ။ ဒါေပမဲ့ တစ္ခ်ိန္တုန္းကသူလည္း ေဟာလီးဝုဒ္ရဲ႕ နာမည္ၾကီး ေငြၾကယ္ပြင့္ ပါ။ ဒါရိုက္တာတိုင္းက သူနဲ႕ ဇာတ္ကားရိုက္ဖို႕ ေဒၚလာသန္းခ်ီေပးရလည္း မႏွေျမာပါဘူးဆိုျပီး ကမ္းလွမ္းၾကပါတယ္။ ဒီလိုအခ်ိန္ေတြအမ်ားၾကီးရွိခဲ့လို႕လည္း အခုဆို ေဒၚလာ ၅၉ သန္းတန္တဲ့ Gulfstream ဂ်က္ေလယာဥ္ကို ပိုင္ဆိုင္ႏိုင္တာပါ။

Oprah Winfrey

စီးပြားေရးလုပ္ငန္းရွင္ၾကီးကေတာ့ သူမခ်မ္းသာေၾကာင္းေျပာဖို႕ဆို ရွက္မေနတတ္တဲ့သူပါ။ ဘီလ်ံနာအဆင့္အတန္းေနထိုင္တဲ့ အႏုပညာရွင္အနည္းငယ္ထဲက တစ္ေယာက္လို႕ေျပာလည္းမမွားပါဘူး။ဒီေလာက္ပိုက္ဆံေတြပိုင္ဆိုင္လို႕လည္း ကိုယ္ပိုင္ဂ်က္ေလယာဥ္ဝယ္ႏိုင္တယ္ဆိုတာ မဆန္းပါဘူး။ Global Express XRS လို႕ေခၚတဲ့ လူ ၁၀ ေယာက္ဝင္ဆံ့တဲ့ ဂ်က္ေလယာဥ္ကိုပိုင္ဆိုင္ထားသုပါ။

Celine Dion

Titanic ဇာတ္ကားကိုၾကည့္ဖူးသူတိုင္း “My Heart Will Go On”ဆိုတဲ့ ဇာတ္ဝင္ေတးကိုေတာ့ၾကားဖူးၾကမွာပါ။ ဒီသီခ်င္းကို အသက္ဝင္ေအာင္ပံုေဖာ္သီဆိုေပးသူက Celine Dionပါ။ ကမၻာတစ္ဝန္းမွာလည္း သူမကေရပန္းစားသလိုသူမရဲ႕သီခ်င္းေတြက အေက်ာ္ၾကားဆံုးစာရင္းထဲမွာ ထိပ္ဆံုးကမဆင္းဘဲ ႏွစ္မ်ားစြာရပ္တည္ခဲ့ပါတယ္။ ဒီေလာက္ခ်မ္းသာလို႕လည္း သူမ က Bombardier Global Express ဂ်က္ေလယာဥ္ကိုပိုင္ဆိုင္တာပါ။

Tom Cruise

အက္ရွင္ဇာတ္ကားေတြ မွာ မပါမျဖစ္က Tom Cruise ပါ။သူကအရမ္းခ်မ္းသာသလို ဇာတ္ကားတစ္ကားရိုက္ရင္ သရုပ္ေဆာင္ေၾကးက ေဒၚလာ သန္း၂၀ အထက္မွာပါ။ဒီပိုက္ဆံေတြဘယ္ေရာက္ကုန္လဲဆိုရင္ေတာ့ ဂ်က္ေလယာဥ္ ၅ စီးဝယ္ထားပါတယ္။ ဂ်က္ေလယာဥ္ေတြထဲမွာ အေကာင္းဆံုးထဲက တစ္ခုျဖစ္တဲ့ Gulfstream IV ကိုလည္းသူပိုင္ဆိုင္ထားပါတယ္။ ကဲ.. ဒါဆိုရင္ေတာ့ အႏုပညာရွင္ေတြ ဘယ္ေလာက္ခ်မ္းသာလဲ သိသြားေလာက္ျပီေပါ့…။

credit:
Ko Thiha

Unicode

ကားအကောင်းစားစီးတာကနေ စိန်လက်ပတ်နာရီပတ်နိုင်တဲ့ အဆင့်အထိ ချမ်းသာမွု အတိုင်းအတာကို အမျိုးမျိုးသတ်မှတ်ကြပေမဲ့ သူဌေးတွေထဲမှာ အချမ်းသာဆုံးသူဌေးတွေပဲ လုပ်ဆောင်နိုင်တဲ့ အရာ ကနည်းပါတယ်။

ချမ်းသာတဲ့ အတိုင်းအတာတစ်ခုလောက်ရောက်တဲ့အခါ လန်ထွက်နေတဲ့ကားတွေ ၊ တန်ဖိုးကြီးလက်ဝတ်ရတနာတွေ ၊ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးအိမ်ကောင်းတွေပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်ဖို့ဆိုရင်တော့ ဒီ့ထက်မက ချမ်းသာမှ ရမှာပါ။ ဘဝမှာချမ်းသာကြွယ်ဝမွုတွေအရမ်းများလို့ကိုယ်ပိုင်ဂျက်လေယာဉ်တောင်ဝယ်စီးနိုင်တဲ့အနုပညာရှင်တွေရှိပါတယ်။ဘယ်သူတွေများလဲကြည့်ရအောင်…..။

အန်ဂျလီနာဂျိုလီ

ဟောလီးဝုဒ် မှာ အကျော်ကြားဆုံးငွေကြယ်ပွင့်တစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူး။သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ စံချိန်တင်ဝင်ငွေ ရှာနိုင်ရုံသာမက ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးမှာ ပါဝင်ပြီး ပိုက်ဆံတွေ သဲ့ယူနေသူပါ။ သူမရဲ့ သရုပ်ဆောင်အလုပ်က သူမကိုငွေပုံပေါ်ပို့ဆောင်ပေးနေသလိုပါ။ သူမကိုဇာတ်ကားရိုက်ဖို့ကမ်းလှမ်းချင်တယ်ဆိုရင်တော့ စျေးကြီးကြီးပေးမှရမှာပါ။ သူမက Cirrus SR 22အမျိုးအစားဂျက်လေယာဉ်ကိ ုပိုင်ဆိုင်ပြီးကိုယ်ပိုင်ပျံသန်းခွင့်လိုင်စင်တောင် ရထားတာဆိုတော့ လန်းတယ်မလား။

Jim Carrey

Jim က ရုပ်ရှင်လောကထဲက ပျောက်သွားတာကြာပါပြီ။ ဒါပေမဲ့ တစ်ချိန်တုန်းကသူလည်း ဟောလီးဝုဒ်ရဲ့ နာမည်ကြီး ငွေကြယ်ပွင့် ပါ။ ဒါရိုက်တာတိုင်းက သူနဲ့ ဇာတ်ကားရိုက်ဖို့ ဒေါ်လာသန်းချီပေးရလည်း မနှမြောပါဘူးဆိုပြီး ကမ်းလှမ်းကြပါတယ်။ ဒီလိုအချိန်တွေအများကြီးရှိခဲ့လို့လည်း အခုဆို ဒေါ်လာ ၅၉ သန်းတန်တဲ့ Gulfstream ဂျက်လေယာဉ်ကို ပိုင်ဆိုင်နိုင်တာပါ။

Oprah Winfrey

စီးပွားရေးလုပ်ငန်းရှင်ကြီးကတော့ သူမချမ်းသာကြောင်းပြောဖို့ဆို ရှက်မနေတတ်တဲ့သူပါ။ ဘီလျံနာအဆင့်အတန်းနေထိုင်တဲ့ အနုပညာရှင်အနည်းငယ်ထဲက တစ်ယောက်လို့ပြောလည်းမမှားပါဘူး။ဒီလောက်ပိုက်ဆံတွေပိုင်ဆိုင်လို့လည်း ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်နိုင်တယ်ဆိုတာ မဆန်းပါဘူး။ Global Express XRS လို့ခေါ်တဲ့ လူ ၁၀ ယောက်ဝင်ဆံ့တဲ့ ဂျက်လေယာဉ်ကိုပိုင်ဆိုင်ထားသုပါ။

Celine Dion

Titanic ဇာတ်ကားကိုကြည့်ဖူးသူတိုင်း “My Heart Will Go On”ဆိုတဲ့ ဇာတ်ဝင်တေးကိုတော့ကြားဖူးကြမှာပါ။ ဒီသီချင်းကို အသက်ဝင်အောင်ပုံဖော်သီဆိုပေးသူက Celine Dionပါ။ ကမ္ဘာတစ်ဝန်းမှာလည်း သူမကရေပန်းစားသလိုသူမရဲ့သီချင်းတွေက အကျော်ကြားဆုံးစာရင်းထဲမှာ ထိပ်ဆုံးကမဆင်းဘဲ နှစ်များစွာရပ်တည်ခဲ့ပါတယ်။ ဒီလောက်ချမ်းသာလို့လည်း သူမ က Bombardier Global Express ဂျက်လေယာဉ်ကိုပိုင်ဆိုင်တာပါ။

Tom Cruise

အက်ရှင်ဇာတ်ကားတွေ မှာ မပါမဖြစ်က Tom Cruise ပါ။သူကအရမ်းချမ်းသာသလို ဇာတ်ကားတစ်ကားရိုက်ရင် သရုပ်ဆောင်ကြေးက ဒေါ်လာ သန်း၂၀ အထက်မှာပါ။ဒီပိုက်ဆံတွေဘယ်ရောက်ကုန်လဲဆိုရင်တော့ ဂျက်လေယာဉ် ၅ စီးဝယ်ထားပါတယ်။ ဂျက်လေယာဉ်တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုဖြစ်တဲ့ Gulfstream IV ကိုလည်းသူပိုင်ဆိုင်ထားပါတယ်။ ကဲ.. ဒါဆိုရင်တော့ အနုပညာရှင်တွေ ဘယ်လောက်ချမ်းသာလဲ သိသွားလောက်ပြီပေါ့…။

credit:
Ko Thiha