နာမည်ကြီးပုဂ္ဂိုလ်များကြားသိရသမှ

အသက်ကြီးလာလေ လူတွေအကြောင်းပိုသိပြီး ပိုကြောက်မိလာတယ်ဆိုတဲ့ မင်းသမီးလေး သက်မွန်မြင့်





credit – myanmarload

Unicode

မင်းသမီးလေး သက်မွန်မြင့်ကတော့ သူမရဲ့ရိုးသားဖြူစင်တဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ သူမက အနုပညာလောကကို VCD ခေတ်ထဲက သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက် ပိုင်နိုင်တိကျပြီး ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ သက်မွန်က အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားသူလေးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သက်မွန်က အိမ်ထောင်ရေးအနေနဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်အေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဘဝကို ပကာသနကင်းကင်းနဲ့ ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သက်မွန်က သူမရဲ့ခံစားချက်လေးတွေကို ပရိသတ်တွေဆီ စာသားလေးတွေနဲ့ ပြောပြတတ်ပါတယ်။ အခုလည်း သက်မွန်က သူမရဲ့ Facebook page ကတစ်ဆင့် ရင်တွင်းခံစားချက်တစ်ချို့ကို ပုံလေးတွေနဲ့ပြောပြထားပါတယ်။

သက်မွန်က ” အသက်ကြီးလာလေ လူတွေကြောင်း လူ့လောကကြောင်း သိလာလေ ပိုကြောက်မိလေ လူ့လောကီ ကတော့ မထွက်နိုင်သေး တရားနဲ့ဝေးလို့ သံယောဇဉ်တွေနဲ့ နှောင်တွယ် ဘုရားတရားနဲ့ မဝေးအောင် စိတ်ထားမမှားအောင် သင်ယူလိုက်နာလို့ ပါရမီတော့ ဖြည့်ရဦးမယ် ” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။ ချစ်ခင်ပွန်းရဲ့လက်မောင်းကို ဖက်တွယ်ရင်း သူမရဲ့ခံစားချက်တစ်ချို့ကို ဖွင့်ဟထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သက်မွန်ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။
credit – myanmarload

Loading...
Show More

Related Articles

Back to top button
Close