fbpx
Cele News

အကယ်ဒမီ စာရင်းကနေ ရှေးရိုးစွဲ အယူတချို့ကြောင့် ထုတ်ပယ်ခံရပြီး ကြိတ်ငို ခဲ့ရကြောင်း ပြောပြခဲ့တဲ့ ဖွေးဖွေး




Unicode

ကျူးပစ်ရဲ့ကျေးကျွန်များ ဇာတ်ကားမှာ ပါဝင်ကြတဲ့ အဓိကသရုပ်ဆောင် သုံးယောက်လုံး ဟာ ကိုယ့်နေရာ အတွက် တာဝန်ကျေစွာနဲ့ ဇာတ်ကားတစ်ကားလုံးကို အသက်ဝင်လာအောင်ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဖွေးစိန်ဟာလည်း

ဇာတ်လမ်းထဲက အံ့ယွန်းနဲ့ တစ်ပုံစံတည်းသရုပ်ဆောင်နိုင် ခဲ့ပေမယ့် မူးနေတဲ့ဇာတ်ဝင်ခန်းတွေဟာ မိန်းကလေးနဲ့ မသင့်တော်ဘူးဆိုပြီး အကယ်ဒမီဆန်ကာတင်စာရင်းကနေ ပယ်ချခံခဲ့ရပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်ကို ” အံ့ယွန်း….ဖြစ်ခဲ့တယ် But … သူတို့က …မိန်းကလေးဆို အဲ့လိုမဖြစ်သင့်ဘူးဆိုပြီး ပယ်ခဲ့တယ် ” ဆိုပြီး ဖွေးကဖွင့်ဟလာခဲ့ပါတယ်။ အနုပညာသမားဖြစ်တာမို့

သဏ္ဍာန်လုပ်သရုပ်တူရတာဟာ အပြစ်တစ်ခုမဟုတ်ပါဘူး။ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပေါ်မှာတော့ ဘယ်သူမဆို အသိအမှတ်ပြုခံချင်ကြပါတယ်။ ရိုက်ကွင်းနောက်ကွယ်က စိုင်းစိုင်းနဲ့ပုံလေးတစ်ခုကို ” ကြာပြီ ဆိုတော့မေ့လောက်ပါပြီ စိတ်မှာ အဲ့တုန်းက nominee ထဲပယ်ခံခဲ့ရတဲ့ movie character လေးပါ မိန်းကလေးဆိုမမူးရဘူးဆိုပြီး အကယ်ဒမီ ပယ်ခံခဲ့ရတဲ့ ” အံ့ယွန်း ” ရုပ်ရှင်ကားလေးတခုပါပေါ့ ကျွန်မခံပြင်းခဲ့ပေမယ့် ယူတို့စိတ်ညစ်မှာစိုးလို့ ခိုးပဲငိုခဲ့တယ် ” ဆိုပြီး ဖွေးက ခံစားချက်တွေဖွင့်ဟရင်း ပြန်လည်ဝေမျှခဲ့ပါတယ်။

About the author

mVYiwpXEUBTlpxLdLrUHVpZv

Leave a Comment