




Credit – PannPwint

Unicode

ရုပ်ရှင် လုံးဝမရိုက်ချင်တော့ပါဘူး’’ လို့ ရင်ဖွင့်လိုက်တဲ့ အိန္ဒြာကျော်ဇင်

နာမည်ကြီးမင်းသမီး အိန္ဒြာကျော်ဇင်တစ်ယောက်ကတော့ ပရိတ်သတ်တွေ အံ့သြလောက်တဲ့ စကားတစ်ခွန်းကို ရင်ဖွင့်ပြီး ပြောဆိုလိုက်ပါတယ်။

ဘယ်လိုမှ ထင်မှတ်မထားတဲ့ စကားတစ်ခွန်းဖြစ်သည်။
အိန္ဒြာကျော်ဇင်က သူမ၏ ဖေ့စ်ဘွက်စာမျက်နှာတွင် ခံစားချက်တွေကို ဖွင့်ချ ပြောဆိုလာတာ ဖြစ်ပါတယ်။

‘’ အမှန်အတိုင်းဝန်ခံရရင်ကျွန်မရုပ်ရှင်လုံးဝမရိုက်ချင်တော့ပါ….
အခုလာဌားတဲ့ဇာတ်ကအရမ်းကောင်းတဲ့ဇာတ်တစ်ဇာတ်ပါ…ဆရာတော်ကြီးတစ်ပါးရေးတဲ့စာအုပ်တွေထဲကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်…လုပ်နိုင်ရင် အကယ်ဒမီမှန်းလို့ရတဲ့ဇာတ်မျိုးပါ….
ဒါမဲ့ ပြင်ဦးလွင်မှာ တစ်လသွားရိုက်ရမယ်… တဲ့…..
သေချာသွားပြီ…မဖြစ်နိုင်တော့ပါ…နဂိုထဲကမှ ကားရိုက်ချင်စိတ်မရှိပါဘူးဆိုမှ ကလေးတွေထားပြီးနယ်မှာအကြာကြီးသွားရိုက်ရမယ်ဆိုတော့ ပိုသာဆိုးပေါ့….ဒီလိုအချိန်မှာကျွန်မကို ဇာတ်လမ်းကောင်းတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး…အကယ်ဒမီရုပ်တွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး…အောင်မြင်ကျော်ကြားမှ ူတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး……
ကလေးတစ်ယောက်ရဲ့အနာဂတ်ဟာ မိခင်တစ်ယောက်ရဲ့ပဲ့ကိုင်မှုတွေနဲ့အများကြီး သက်ဆိုင်တယ်လို့ကျွန်မခံယူထားတဲ့အတွက်ကြောင့်ပါ’’ လို့ အိန္ဒြာကျော်ဇင်က ရေးသားလိုက်တာပါ။


ထိုပို့စ်ဟာ ချက်ချင်းပဲ ပရိတ်သတ် ထောင်ပေါင်းများစွာဆီ ပြန့်နှံ့နေပါတယ်။ ပရိတ်သတ်များကလည်း စိတ်မကောင်းစွာဖြင့် မှတ်ချက်များ ရေးသားမေးမြန်းနေကြတာကို တွေ့ရသည်။

နာမည်ကြီး ဝါရင့်သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်တစ်ယောက် အိမ်ထောင်ရေးက အဆင်ပြေပါတယ် ။ ဒါပေမယ့်လည်း ရရှိလာတဲ့ သားနဲ့သမီးရဲ့ ရှေ့ရေးနဲ့ ပင်ပန်းပြီး ဗျာများရတဲ့ သူမရဲ့အလုပ်တွေကို တွဲစပ်ဖို့က အင်မတန် ခက်ခဲနေပုံရသည်။
Credit – PannPwint