က်ိဳက္ထီးရိုးဘုရားဖူးကားႏွင္႔က်ာက္တင္ကားတို႔ မ်က္ႏွာခ်င္းဆိုင္တုိက္မိ တစ္ဦး ေသဆံုး ရွစ္ဦး ဒဏ္ရာရ

သထံုၿမိဳ႕ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚတြင္ ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တုိက္မိ တစ္ဦး ေသဆံုး ရွစ္ဦး ဒဏ္ရာရ

မြန္ျပည္နယ္၊ သထံုၿမိဳ႕၊ နန္းခဲရပ္ကြက္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းေပၚတြင္ မတ္ ၄ ရက္ ညေန (၆း၀၀)နာရီ ခန္႔က ယာဥ္ႏွစ္စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးေသဆံုးၿပီး ရွစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း သထံုၿမိဳ႕မရဲစခန္းမွ သိရွိရသည္။ျဖစ္စဥ္မွာ က်ိဳက္ထီးရိုးဘုရားဖူးျပန္လာသည့္ ကားႏွင္႔ ေက်ာက္တင္ကားတို႔ အရွိန္မထိန္းႏိုင္ဘဲ သထံုၿမိဳ႕တြင္ တိုက္မိခဲ႔ျခင္း ျဖစ္သည္။

“က်ိဳက္ထီး႐ိုးဘုရားဖူးၿပီး ျပန္လာတဲ့ကားနဲ႔ ေက်ာက္တင္လာတဲ့ ကားတိုက္မိတာ၊ တိုက္မိတဲ့အရွိန္ေၾကာင့္ ဘု ရားဖူးကားေပၚက အမ်ိဳးသမီးတစ္ဦးေသဆံုးၿပီး ရွစ္ဦးဒဏ္ရာရသြားတယ္။”ဟု သထံုၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ မ်ိဳးမင္းသန္းက ေျပာသည္။ ရန္ကုန္ဘက္မွ ေမာ္လၿမိဳင္ဘက္သို႔ ေမာ္လၿမိဳင္ၿမိဳ႕ေနသူ ယာဥ္ေမာင္း ေအာင္မ်ိဳးေက်ာ္(၂၈)ႏွစ္ေမာင္းႏွင္လာ ေသာ Nissan Vanette အျဖဴေရာင္ယာဥ္သည္ မိုင္တိုင္အမွတ္(၁၄၉/၆)ႏွင့္ (၁၄၉/၇)အၾကား၊ သထံုၿမိဳ႕နယ္ လွ်ပ္စစ္႐ံုးေရွ႕အေရာက္တြင္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာမွ လိႈင္ထူး(၄၀)ႏွစ္ ေမာင္းႏွင္လာေသာ Canter အျဖဴေရာင္ ေက်ာက္တင္ယာဥ္အား ဝင္ေရာက္တိုက္မိခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ဘုရားဖူးယာဥ္ေရွ႕ခန္းတြင္လိုက္ပါလာသူ ေမာ္လၿမိဳင္ၿမိဳ႕ေန မရႊန္းသီရိႏြယ္(၂၁)ႏွစ္မွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးခဲ႔ၿပီး ယာဥ္ေမာင္း ေအာင္မ်ိဳးေက်ာ္အပါအဝင္ ယာဥ္ေနာက္ခန္းတြင္လိုက္ပါလာ သူ သားထူး၊ ေဒၚသန္းသန္းလွ၊ မခိုင္အိအိၿဖိဳး၊ မသိဂၤီဝင္း၊ ဟိန္းမင္းလတ္၊ ေအင္ေက်ာ္ေဇာ၊ ေဒၚလွလွသန္းတို႔ မွာ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဘုရားဖူးကား ယာဥ္ေမာင္း ေအာင္မ်ိဳးေက်ာ္အား သထံုၿမိဳ႕မ ရဲစခန္းက ယာဥ္(ပ) ၂၁/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၇/ ၃၃၈/ ၃၀၄(က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ

Unicode

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မတ် ၄ ရက် ညနေ (၆းဝ၀)နာရီ ခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရှိရသည်။ဖြစ်စဉ်မှာ ကျိုက်ထီးရိုးဘုရားဖူးပြန်လာသည့် ကားနှင့် ကျောက်တင်ကားတို့ အရှိန်မထိန်းနိုင်ဘဲ သထုံမြို့တွင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ကျိုက်ထီးရိုးဘုရားဖူးပြီး ပြန်လာတဲ့ကားနဲ့ ကျောက်တင်လာတဲ့ ကားတိုက်မိတာ၊ တိုက်မိတဲ့အရှိန်ကြောင့် ဘု ရားဖူးကားပေါ်က အမျိုးသမီးတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားတယ်။”ဟု သထုံမြို့မ ရဲစခန်းမှ ရဲအုပ် မျိုးမင်းသန်းက ပြောသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မော်လမြိုင်မြို့နေသူ ယာဉ်မောင်း အောင်မျိုးကျော်(၂၈)နှစ်မောင်းနှင်လာ သော Nissan Vanette အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ်(၁၄၉/၆)နှင့် (၁၄၉/၇)အကြား၊ သထုံမြို့နယ် လျှပ်စစ်ရုံးရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ လှိုင်ထူး(၄၀)နှစ် မောင်းနှင်လာသော Canter အဖြူရောင် ကျောက်တင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ်ရှေ့ခန်းတွင်လိုက်ပါလာသူ မော်လမြိုင်မြို့နေ မရွှန်းသီရိနွယ်(၂၁)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း အောင်မျိုးကျော်အပါအဝင် ယာဉ်နောက်ခန်းတွင်လိုက်ပါလာ သူ သားထူး၊ ဒေါ်သန်းသန်းလှ၊ မခိုင်အိအိဖြိုး၊ မသိင်္ဂီဝင်း၊ ဟိန်းမင်းလတ်၊ အေင်ကျော်ဇော၊ ဒေါ်လှလှသန်းတို့ မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရားဖူးကား ယာဉ်မောင်း အောင်မျိုးကျော်အား သထုံမြို့မ ရဲစခန်းက ယာဉ်(ပ) ၂၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။