ဘဂၤလားေဒ့ရွ္ဘက္က အျမဲရပ္တည္မယ္လုိ့ အေမရိကန္ေျပာ

ဘဂၤလားေဒ့ရွ္ဘက္ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြအေရးကိစၥအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္က အျမဲတမ္း ရပ္တည္ေျဖ႐ွင္း သြားမယ္လို႔ အေမရိကန္သမၼတရဲ႕ ေတာင္အာ႐ွဆိုင္ရာ အေထြေထြ အၾကံေပးပုဂၢိဳလ္ မစၥလီဆာကာတစ္ကေျပာပါတယ္။

မတ္လ ၄ရက္ ေန႔လည္ပိုင္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီး မာ႐ွားဘာနီကာနဲ႔အတူ ဘဂၤလာေဒ့ရွ္ႏိုင္ငံ ကူတူဖာ​ေလာင္​​ေက်း႐ြာ ဒုကၡသည္​​စခန္​းကို ရာက္​ရိွ လာတဲ့ မစၥလီဆာကာတစ္က သတင္းေထာက္ေတြနဲ႔ တြ႔ဆံုစဥ္ ေျပာၾကားလိုက္တာပါ။

“ဒုကၡသည္ေတြအားလုံး ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာေနရာခ်ထားႏိုင္ေရးမွာ ျမန္မာႏိုင္ငံဟာ သူတို႔အေပၚ စိတ္ခ်ယုံၾကည္ေလာက္တဲ့ လုံျခံဳေရးအာမခံခ်က္ေပးႏိုင္ဖို႔ အေရးႀကီးတယ္။ ဘဂၤလားေဒ့ႏိုင္ငံအစိုးရနဲ႔ ျပည္သူေတြရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈနဲ႔ အခုလို လက္ခံထားၾကတာကို မိမိအေနနဲ႔ မ်ားစြာေက်းဇူးတင္႐ွိတယ္”လို႔ ေျပာပါတယ္။

အေမရိကန္ကိုယ္စားလွယ္ဟာ ေကာ့ဘဇားၿမိဳ႕မွတဆင့္ အူးခီးယားၿမိဳ႕နယ္ရွိ ကူတူးပါေလာင္္ဒုကၡသည္စခန္း အေျခအေနေတြကို ေလ့လာခဲ့ၿပီး ဒုကၡသည္ေတြနဲ႔ ေတြ႕ဆံုခဲ့သလို ဘဂၤလီဒုကၡသည္ အမ်ိဳးသမီး(၁၂)ဦးတို႔နဲ႔ လည္း သီးျခားစီ ေတြ႔ဆံုေမးျမန္းခဲ့ ပါတယ္။

သတင္း၊ ဓာတ္ပံု – မင္းေက်ာ္ေအာင္

Credit – DVB

ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအရေးကိစ္စအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က အမြဲတမ်း ရပ်တည်ဖြေရှင်း သွားမယ်လို့ အမေရိကန်သမ္မတရဲ့ တောင်အာရှဆိုင်ရာ အထွေထွေ အကြံပေးပုဂ္ဂိုလ် မစ္စလီဆာကာတစ်ကပြောပါတယ်။

မတ်လ ၄ရက် နေ့လည်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မာရှားဘာနီကာနဲ့အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကူတူဖာလောင်ကျေးရွာ ဒုက္ခသည်စခန်းကို ရာက်ရှိ လာတဲ့ မစ္စလီဆာကာတစ်က သတင်းထောက်တွေနဲ့ တွ့ဆုံစဉ် ပြောကြားလိုက်တာပါ။

“ဒုက္ခသည်တွေအားလုံး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနေရာချထားနိုင်ရေးမှာ မြန်မာနိုင်ငံဟာ သူတို့အပေါ် စိတ်ချယုံကြည်လောက်တဲ့ လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့ အရေးကြီးတယ်။ ဘင်္ဂလားဒေ့နိုင်ငံအစိုးရနဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ အခုလို လက်ခံထားကြတာကို မိမိအနေနဲ့ များစွာကျေးဇူးတင်ရှိတယ်”လို့ ပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်ဟာ ကော့ဘဇားမြို့မှတဆင့် အူးခီးယားမြို့နယ်ရှိ ကူတူးပါလောင်ဒုက္ခသည်စခန်း အခြေအနေတွေကို လေ့လာခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို ဘင်္ဂလီဒုက္ခသည် အမျိုးသမီး(၁၂)ဦးတို့နဲ့ လည်း သီးခြားစီ တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။

သတင်း၊ ဓာတ်ပုံ – မင်းကျော်အောင်

Credit – DVB