သက်ငယ်မုဒိမ်းမှုအတွက်ကျေးဇူးပြုပြီးshareပေးကြပါ

. . . ပီတာ(သင်္ဃန်းကျွန်း)။






ဒါတောင်



အဖြစ်များတာပါ။

ဒီနေ့လည်း

နောက်ဆို

သက်ငယ်မုဒိန်းမှု က

အမှုချိန်းကြာလေ

ဒေါက်တာ ရဲထွန်းဇော်
အထက်မင်းလှမြို့ ။

credit Dr Ye Htun Zaw.

Unicode

. . . ပီတာ(သင်္ဃန်းကျွန်း)။

#ဝိုင်းပြီးshareပေးကြပါ

#သက်ငယ်မုဒိမ်းမှုအတွက်ကျေးဇူးပြုပြီးshareပေးကြပါ

ကြည့်လဲလုပ်ကြပါဦး သရက်ခရိုင်တရားသူကြီးမင်းတို့ရယ်

မင်းလှမြို့နယ်ထဲက မယ်ဇလီတောကျေးရွာမှာ
၁.၅.၂၀၁၇ ရက်နေ့ကဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှု

သရက်ခရိုင်တရားရုံးမှာ
၂၀၁၇ နှစ် ၅ လပိုင်းကုန်ခါနီးကတည်းက
စတင်ခဲ့တဲ့ အမှုချိန်းတွေ၊
အခု ၂၀၁၈ နှစ် ၃ လပိုင်းထဲရောက်သည်အထိဆိုရင် မဖြစ်မနေသွားခဲ့ရတဲ့ အမှုချိန်းပေါင်း ၁၅ ခုရှိခဲ့ပါပြီ။

ဒါတောင်
မသွားလို့ဖြစ်တဲ့ အမှုချိန်းတွေမှာ သရက်က ရှေ့နေတစ်ယောက်ကို ကိုယ်စားတက်ခိုင်းခဲ့ရတဲ့ အမှုချိန်းပေါင်း မနည်းတော့ပါ။

မင်းလှ ကနေ သရက်မြို့အထိ ၆၅ မိုင် ဝေးပါတယ်။
တရားရုံးချိန်းတစ်ခု အချိန်မီတက်ရဖို့ ကားငှါးရပါတယ်။ မင်းလှ-သရက် အသွားအပြန်ကားငှါးခက အနည်းဆုံး( ၆၀၀၀၀) ကျပ်ပါ။ လိုက်လာပေးတဲ့ သက်သေနဲ့ တရားလိုအဖွဲ့ ထမင်းနှစ်နပ်စားစရိတ်နဲ့ ဗာဟီရ စရိတ် ဟာ တစ်ခေါက်ကို (၂၀၀၀၀)ကျပ်လောက် ကျပါတယ်။
အဲ့ဒီတော့ သက်ငယ်မုဒိန်းမှု မှာ ကျူ းလွန်ခံရတဲ့ ကလေးတွေဘက်က အမှုချိန်းတစ်ခုတိုင်းမှာ
(၈၀၀၀၀) ကျပ်လောက် ကုန်ကျမှု စရိတ်ရှိပါတယ်။

အမှုချိန်း ၁၅ ခု × ၈၀၀၀၀ိ/ကျပ် = ၁၂ သိန်းကျပ် ပါ

သက်ငယ်မုဒိန်းမှု ဆိုတာ ချို့တဲ့ဆင်းရဲတဲ့လူတွေမှာ
အဖြစ်များတာပါ။
ကျူ းလွန်လဲ ခံရသေး ၊ အမှုချိန်း ခဏခဏချိန်းလို့
အချိန်ကြာ၊ မရှိတဲ့ကြားက ဒီလောက် ပိုက်ဆံတွေကုန်တာ ထည့်တွက်ကြပါဦးဗျာ။

ဒီနေ့လည်း
အမှုအမိန့်ချမယ်ဆိုလို့ ကားငှါးလာရတယ်။
ထုံးစံအတိုင်း တစ်ခေါက် -(၈၀၀၀၀)ကျပ်လောက်တော့ ကုန်ပြီပေါ့။
သရက်ရောက်မှ အမှုအမိန့်ချဖို့ နောက်နှစ်ပါတ်ပြန်ချိန်းတယ်ဆိုတော့ ဗျာ…..
အကျိုး မရှိဘဲ ရှိစုမဲ့စု ပိုက်ဆံကုန်ပြန်ပြီပေါ့…..

နောက်ဆို
တရားရုံးက ပျက်ကွက်မယ်ဆိုရင်လည်း
ကြို အကြောင်းကြားပါဗျာ

သက်ငယ်မုဒိန်းမှု က
ဆင်းရဲသားနင်းပြားတွေကို စာနာပါ
သရက်ခရိုင် တရားသူကြီးမင်းများ ခင်ဗျာ

သက်ငယ်မုဒိမ်းမှုတွေမှာ
အမှုချိန်းကြာလေ
ကျူ းလွန်ခံရတဲ့ ကလေးငယ်တွေမှာ စိတ်ဒဏ်ရာရလေ
ဆိုတဲ့အချက်ကိုလည်း ထည့်စဉ်းစားပေးပါ ဗျာ

ဒေါက်တာ ရဲထွန်းဇော်
အထက်မင်းလှမြို့။

credit Dr Ye Htun Zaw.