ဆင္လိမၼာတစ္ေကာင္က ေဗဒင္ဆရာတစ္ဦးကုိ ႏွာေမာင္းျဖင့္ ညွစ္၍ အစြယ္ျဖင့္ထုိးသတ္မႈ ျဖစ္ပြား 

ဆင္လိမၼာတစ္ေကာင္က ေဗဒင္ဆရာတစ္ဦးကုိ ႏွာေမာင္းျဖင့္ ညွစ္၍ အစြယ္ျဖင့္ထုိးသတ္မႈ ျဖစ္ပြား

ဧရာ၀တီတိုင္း၊ ေျမာင္းျမၿမိဳ႕နယ္တြင္ ဆင္လိမၼာတစ္ေကာင္က ေဗဒင္ဆရာတစ္ဦးကုိ ႏွာေမာင္းျဖင့္ ညွစ္၍ အစြယ္ျဖင့္ထုိးသတ္မႈ တစ္ခု ယေန႕ မတ္လ ၈ ရက္ေန႔က ျဖစ္ပြားခဲ့ေၾကာင္းေျမာင္းျမၿမိဳ႕မရဲစခန္းမွ တာ၀န္က်ရဲ၀န္ထမ္းတစ္ဦးက ယေန႕ ညေနပိုင္းတြင္ AHN သုိ႔ေျပာသည္။

“ေျမာင္းျမၿမိဳ႕နယ္၊ ကံႀကီးေက်းရြာ အုပ္စု၊ ကံႀကီးေက်းရြာ ေဘာလံုးကြင္းေဘးမွာလူတစ္ဦး ဆင္စြယ္နဲ႕ အထိုးခံရၿပီးေသဆံုးေနတယ္ဆုိတဲ့သတင္းရလုိ႔သြားေရာက္
စစ္ေဆးခဲ့တာပါ။ ေသဆုံးသူဟာ ကံႀကီးေက်းရြာ မွာေနထိုင္တဲ့ အသက္ ၆၅ ႏွစ္အရြယ္၊ ေဗဒင္ဆရာတစ္ဦးျဖစ္သူ ဦးစိိန္ေအာင္မင္းျဖစ္တယ္ဆုိတာကုိ စစ္ေဆးသိရွိခဲ့ရပါတယ္။ ၀ဲဘက္ ဂိ်ဳင္းေအာက္ထုိးသြင္း ဒဏ္ရာ၊ ယာဘက္ေပါင္ရင္းထုိးသြင္း တုိ႕နဲ႕ေသဆံုးေနတာကုိေတြ႕ရွိရပါတယ္။

ျဖစ္စဥ္ကုိဆက္လက္စံုစမ္းရာမွာေတာ့ ကံႀကီးေက်းရြာ ေဘာလံုးကြင္း အနီး၀ါးရံုပင္ေအာက္မွာ ေအာင္ပင္လယ္ဆပ္ကပ္အဖြဲ႕ကဆင္ဦးစီး၊ ကုိ …..(၃၁) ႏွစ္က သူ႕ရဲ႕ဆင္ကုိ ႀကိဳးနဲ႕ခ်ည္ၿပီးထိန္းေက်ာင္းေနခဲ့တယ္လုိ႔သိရပါတယ္။ ဆင္နာမည္က ဂိုးပလိပ္ေမာင္ပါ။ အသက္က ၉ ႏွစ္ပါ။ ေဒါက္ အျမင့္ ၇ ေပရွိပါတယ္။ အမည္းေရာင္ ဆင္ထီးပါ။ ေသဆံုးသူ ဦးစိန္ေအာင္မင္းက လမ္းေလွ်ာက္လာရင္း ဆင္ အနီး ကုိေရာက္ေတာ့ ဆင္က ႏွာေမာင္း နဲ႕ပတ္ခ်ည္ ညွစ္တာေၾကာင့္ဆင္စြယ္နဲ႕ထိုးမိၿပီး ေသဆံုးခဲ့တာျဖစ္တယ္လုိ႔စစ္ေဆးသိရွိရပါတယ္။

ေသဆံုးသူရဲ႕ရုပ္အေလာင္းကုိ ေျမာင္းျမၿမိဳ႕လူမႈကူညီေရးအသင္းက ကားနဲ႕ေျမာင္းျမေဆးရံုကုိပုိ႔ေဆာင္ေပးခဲ့ပါတယ္။ ဆင္ကုိ ေပါ့ဆ စြာထိန္းေက်ာင္းတဲ့ ဆင္ဦးစီး ကုိ…(၃၁) ႏွစ္ကုိ ေျမာင္းျမၿမိဳ႕ကရဲစခန္းက ဖမ္းဆီးၿပီး၊ ( ပ) ၃၄၆/၁၈၊ ပုဒ္မ ၃၀၄ ကနဲ႕ အမႈဖြင့္ထားပါတယ္ “ ဟု ၄င္းကေျပာသည္။ေသဆံုးသူေဗဒင္ဆရာမွာ မ်က္မျမင္တစ္ဦးျဖစ္ၿပီး ဆင္မွာလည္း အလွဴမဂၤလာပြဲမ်ားတြင္လုိက္ပါေလ့ရွိသည့္ဆင္လိမၼာတစ္ေကာင္ျဖစ္ေၾကာင္း ေျမာင္းျမၿမိဳ႕ခံတစ္ဦးကေျပာသည္။

“ေသဆံုးသူက မ်က္မျမင္ ေဗဒင္ဆရာျဖစ္တယ္လုိ႔ ေသဆံုးသူရဲ႕ေဆြမိ်ဳးေတြက ကြ်န္ေတာ့္ကုိေျပာျပပါတယ္။ သူဟာ တုတ္ ေကာက္ကုိ အသံုးျပဳၿပီး လမ္းေလွ်ာက္ေလ့ရွိပါတယ္။ ဆင္ ရွိေနတာကုိ မသိဘဲဆင္ကုိ၀င္တုိက္မိတာေၾကာင့္ဆင္ကတုိက္ခုိက္ခဲ့တာ ျဖစ္ႏိုင္တယ္လုိ႔ ေဒသခံေတြကေတာ့ သံုးသပ္မႈေတြရွိေနပါတယ္။ ထုိ႕အတူဆင္ဟာလည္းဆင္လိမၼာတစ္ေကာင္ျဖစ္ပါတယ္။ ဆပ္ကပ္ပြဲေတြမွာေဖ်ာ္ေျဖေလ့ရွိတဲ့ဆင္ျဖစ္ၿပီး၊ အလွဴ မဂၤလာပြဲေတြကုိ လုိက္ပါေလ့ရွိတဲ့ဆင္တစ္ေကာင္ျဖစ္တယ္လုိ႔လည္းဆင္ပိုင္ရွင္ေတြက ကြ်န္ေတာ့္ကုိေျပာျပပါတယ္ ။ အခုေတာ့ဆင္ကိုလည္း ထူး ခတ္ၿပီး ထိန္း သိမ္း ထားပါတယ္ “ ဟု ၄င္းကေျပာသည္။

ရေ၀ေမာင္ ( ေျမာင္းျမ)

Ye Yint Tun

Unicode

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ဆင်လိမ္မာတစ်ကောင်က ဗေဒင်ဆရာတစ်ဦးကို နှာမောင်းဖြင့် ညှစ်၍ အစွယ်ဖြင့်ထိုးသတ်မှု တစ်ခု ယနေ့ မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းမြောင်းမြမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ယနေ့ ညနေပိုင်းတွင် AHN သို့ပြောသည်။

“မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ အုပ်စု၊ ကံကြီးကျေးရွာ ဘောလုံးကွင်းဘေးမှာလူတစ်ဦး ဆင်စွယ်နဲ့ အထိုးခံရပြီးသေဆုံးနေတယ်ဆိုတဲ့သတင်းရလို့သွားရောက်
စစ်ဆေးခဲ့တာပါ။ သေဆုံးသူဟာ ကံကြီးကျေးရွာ မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ်၊ ဗေဒင်ဆရာတစ်ဦးဖြစ်သူ ဦးစိန်အောင်မင်းဖြစ်တယ်ဆိုတာကို စစ်ဆေးသိရှိခဲ့ရပါတယ်။ ဝဲဘက် ဂျိုင်းအောက်ထိုးသွင်း ဒဏ်ရာ၊ ယာဘက်ပေါင်ရင်းထိုးသွင်း တို့နဲ့သေဆုံးနေတာကိုတွေ့ရှိရပါတယ်။

ဖြစ်စဉ်ကိုဆက်လက်စုံစမ်းရာမှာတော့ ကံကြီးကျေးရွာ ဘောလုံးကွင်း အနီးဝါးရုံပင်အောက်မှာ အောင်ပင်လယ်ဆပ်ကပ်အဖွဲ့ကဆင်ဦးစီး၊ ကို …..(၃၁) နှစ်က သူ့ရဲ့ဆင်ကို ကြိုးနဲ့ချည်ပြီးထိန်းကျောင်းနေခဲ့တယ်လို့သိရပါတယ်။ ဆင်နာမည်က ဂိုးပလိပ်မောင်ပါ။ အသက်က ၉ နှစ်ပါ။ ဒေါက် အမြင့် ၇ ပေရှိပါတယ်။ အမည်းရောင် ဆင်ထီးပါ။ သေဆုံးသူ ဦးစိန်အောင်မင်းက လမ်းလျှောက်လာရင်း ဆင် အနီး ကိုရောက်တော့ ဆင်က နှာမောင်း နဲ့ပတ်ချည် ညှစ်တာကြောင့်ဆင်စွယ်နဲ့ထိုးမိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့စစ်ဆေးသိရှိရပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို မြောင်းမြမြို့လူမှုကူညီရေးအသင်းက ကားနဲ့မြောင်းမြဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ ဆင်ကို ပေါ့ဆ စွာထိန်းကျောင်းတဲ့ ဆင်ဦးစီး ကို…(၃၁) နှစ်ကို မြောင်းမြမြို့ကရဲစခန်းက ဖမ်းဆီးပြီး၊ ( ပ) ၃၄၆/၁၈၊ ပုဒ်မ ၃၀၄ ကနဲ့ အမှုဖွင့်ထားပါတယ် “ ဟု ၄င်းကပြောသည်။သေဆုံးသူဗေဒင်ဆရာမှာ မျက်မမြင်တစ်ဦးဖြစ်ပြီး ဆင်မှာလည်း အလှူမင်္ဂလာပွဲများတွင်လိုက်ပါလေ့ရှိသည့်ဆင်လိမ္မာတစ်ကောင်ဖြစ်ကြောင်း မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

“သေဆုံးသူက မျက်မမြင် ဗေဒင်ဆရာဖြစ်တယ်လို့ သေဆုံးသူရဲ့ဆွေမျိုးတွေက ကျွန်တော့်ကိုပြောပြပါတယ်။ သူဟာ တုတ် ကောက်ကို အသုံးပြုပြီး လမ်းလျှောက်လေ့ရှိပါတယ်။ ဆင် ရှိနေတာကို မသိဘဲဆင်ကိုဝင်တိုက်မိတာကြောင့်ဆင်ကတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကတော့ သုံးသပ်မှုတွေရှိနေပါတယ်။ ထို့အတူဆင်ဟာလည်းဆင်လိမ္မာတစ်ကောင်ဖြစ်ပါတယ်။ ဆပ်ကပ်ပွဲတွေမှာဖျော်ဖြေလေ့ရှိတဲ့ဆင်ဖြစ်ပြီး၊ အလှူ မင်္ဂလာပွဲတွေကို လိုက်ပါလေ့ရှိတဲ့ဆင်တစ်ကောင်ဖြစ်တယ်လို့လည်းဆင်ပိုင်ရှင်တွေက ကျွန်တော့်ကိုပြောပြပါတယ် ။ အခုတော့ဆင်ကိုလည်း ထူး ခတ်ပြီး ထိန်း သိမ်း ထားပါတယ် “ ဟု ၄င်းကပြောသည်။

ရဝေမောင် ( မြောင်းမြ)

Ye Yint Tun